နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ ကျပ်သိန်း (၄၃၀၀)ကျော်တန်ဖိုးရှိ ရွှေထည်နဲ့ ငွေတွေ ခိုးယူသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မေလ (၆)ရက်။

မန္တလေး ချမ်းအေးသာစံမြို့မှာ ငွေကျပ်သိန်း (၄၃၅၄)တန်ဖိုးရှိ ရွှေထည်နဲ့ ငွေတွေ ခိုးယူခဲ့သူတွေကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖြစ်စဉ်ဟာ ဧပြီလ (၁၈)ရက်နေ့က ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက်ရှိ (၇)လွှာတိုက်ခန်း မြေညီထပ်က အသက် (၄၇)နှစ်အရွယ်ရှိ ဒေါ်ခင်ဖြူမြင့်ရဲ့နေအိမ်မှာ ခိုးယူမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

သူမရဲ့ နေအိမ် ထပ်ခိုးပေါ်မှာ သိမ်းဆည်းထားတဲ့ ငွေကျပ်သိန်း (၂၀၀၀)နဲ့ ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ် သိန်း (၂၃၅၄)သိန်း ပျောက်ဆုံခဲ့တာကို နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် သတင်းရရှိတာကြောင့် နေပြည်တော် တပ်ကုန်းမြို့ လက်ပံရွာရှိ အသက်(၂၇)နှစ်အရွယ် လွင်ကိုဦးရဲ့ နေအိမ်ကို ရှာဖွေခဲ့ရာ ဇနီးဖြစ်သူကို တွေ့ရှိခဲ့ပြီး ထွက်ဆိုတာတွေအရ ငွေကျပ်သိန်း (၁၄၀၀)နဲ့ (၉)ကျပ်(၁၀)ပဲ(၅)ရွေးအလေးချိန်ရှိ ရွှေထည်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ကျူးလွန်သူ လွင်ကိုဦးကို ဧပြီလ (၂၇)ရက် ညနေ (၄)နာရီခွဲအချိန် ဇဗ္ဗူသီရိမြို့နယ်ရှိ စိန်လျှံတည်းခိုခန်းမှာ ငွေကျပ်(၁၂၇)သိန်း၊ (၃)ကျပ်(၃)ပဲ(၃)ရွေး အလေးချိန်ရှိ ရွှေထည်ပစ္စည်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ခိုးယူမှုကျူးလွန်ခဲ့တဲ့ လွင်ကိုဦးအပါအဝင် သက်သေခံပစ္စည်းတွေကို သိုဝှက်သိမ်ဆည်းပေးတဲ့သူ (၅)ဦးကို အရေးယူနိုင်ဖို့ ဆောင်ရွက်နိုင်နေတယ်လို့လဲ စစ်ကောင်စီက ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 3 Views
မေလ (၆)ရက်။ မနေ့က ည (၈)နာရီအချိန်က မြိုင်မြို့နဲ့ ပခုက္ကူမြို့အစပ်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

သမ္မတပူတင်၏ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် ရုရှားသို့ သွားရောက်မည်ဟုဆို

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
မေလ (၅) ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို မကြာမီ ချစ်ကြည်ရေးခရီးသွားရောက်မှာ
မြန်မာသတင်း

စစ်ကောင်စီက အခုလကုန်အထိ အပစ်ရပ်သက်တမ်း ထပ်တိုးတယ်ဆိုပြီး ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 78 Views
မေလ (၆)ရက်။ ဒီကနေ့ မေလ (၆)ရက်နေ့ကစပြီး (၃၁)ရက်နေ့အထိ အပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်လိုက်တယ်ဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ အပစ်ရပ်ကာလ ထပ်တိုးတဲ့ ထုတ်ပြန်ချက်ထဲ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို
မြန်မာသတင်း

မုံရွာမြို့က ပြန်ပေးဆွဲမှုဖြစ်စဉ်မှာ ကျူးလွန်သူတွေကို ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 59 Views
မေလ (၆)ရက်။ မေလ (၄)ရက်နေ့ နေ့လယ် (၁)နာရီခန့်က မုံရွာမြို့ နန္ဒဝန်ရပ်ကွက် ပုဏ္ဏမီလမ်းမှာ သားအမိ (၂)ဦးကို သေနတ်ပြခြိမ်းခြောက်ကာ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြန်ပေးဆွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားတဲ့နေ့
မြန်မာသတင်း

CNDF က ဖလမ်းတိုက်ပွဲမှာပူးပေါင်းတိုက်ပေးခဲ့တဲ့ မဟာမိတ်တွေကို လက်နက်မျှဝေရာမှာ မမျှမတလုပ်ဆောင်ခဲ့ဟုဆို

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 48 Views
မေလ (၆) ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင် – ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က သိမ်းဆည်းရရှိတဲ့ လက်နက်တွေကို ပါဝင်တိုက်ခိုက်ခဲ့တဲ့မဟာမိတ်အဖွဲ့တွေကို မျှမျှတတ ခွဲဝေမပေးဘူးလို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။ တိုက်ပွဲမစခင် မဟာမိတ်တပ်ဖွဲ့တွေက မိမိမှာပါတဲ့လက်နက်တွေကို ဗဟိုစစ်ကွပ်ကဲရေးကို
မြန်မာသတင်း

တလထဲ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း (၁၃၉)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 40 Views
မေလ (၅)ရက်။ ပြီးခဲ့တဲ့ ဧပြီလထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီနဲ့ KNLA တပ်မဟာ (၅)တို့အကြား တိုက်ပွဲပေါင်း (၁၃၉)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်
မြန်မာသတင်း

စိုးမိုးထိန်းချုပ်နယ်မြေထဲကနေ အခွန်ဘဏ္ဍာရရှိတဲ့အခြေအနေကို NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 31 Views
မေလ (၅)ရက်။ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အခွန်ဘဏ္ဍာရရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနယ်မြေတွေကနေ ပြီးခဲ့တဲ့နှစ်ထဲ သစ်တော/ပတ်ဝန်းကျင်ကဏ္ဍနဲ့ သတ္တု/ကျောက်မျက်ကဏ္ဍတို့ကနေ ရရှိတဲ့ လေလံနဲ့ ဒဏ်ကြေးငွေ စုစုပေါင်း ကျပ်သန်းပေါင်း (၄၇၂၁၄၁.၃၃၀၃)နဲ့
မြန်မာသတင်း

KNDO ရဲ့ တပ်ဖွဲ့ဌာနချုပ်ကို ရန်ကုန် အင်းစိန်မှာ ပြန်တည်ဆောက်မယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 22 Views
မေလ (၅)ရက်။ KNDO တပ်ဖွဲ့ဌာနချုပ်ကို ရန်ကုန် အင်းစိန်မှာ ပြန်လည်တည်ဆောက်မယ်လို့ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNDO ဟာ ကရင့်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တပ်ဖွဲ့ (၂)ခုထဲက တစ်ခုဖြစ်ပြီး ကျန်တခုဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ဖြစ်တယ်လို့