စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို မကြာမီ ချစ်ကြည်ရေးခရီးသွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟာ မော်စကိုမြို့တော်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယကမ္ဘာစစ် နာဇီတွေ အပေါ်အောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်မယ်လို့ သိရပါတယ်။
ဒီအခမ်းအနားကို တရုတ်သမ္မတရှီကျင့်ဖျင်လည်း တက်ရောက်မယ်လို့ သိရပါတယ်။
ဒီအခမ်းအနားသို့ တက်ရောက်မယ့် နိုင်ငံတကာခေါင်းဆောင်အချို့ရဲ့ လုံခြုံရေးကို တာဝန်မယူဘူးလို့ ယူကရိန်းသမ္မတဇန်လစကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။
