မေလ (၈)ရက်။
မနေ့က ကျောင်းသားတပ်မတော်(ABSDF)နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)တို့ အွန်လိုင်းကနေတဆင့် ဆွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျောင်းသားတပ်မတော်(ABSDF)က ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ BLDF က ဗဟိုကော်မတီတွေ ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တွေ့ဆုံပွဲထဲ ၂၀၂၅ခုနှစ် နိုင်ငံရေး၊ စစ်ရေး ဖြစ်ထွန်းတဲ့ အခြေအနေတွေအပါအဝင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးသုံးသပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ABSDF နဲ့ BLDF တို့အကြား စစ်အာဏာရှင်တိုက်ဖျက်ဖို့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်တာတွေ၊ လူထုစည်းရုံရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ နည်းလမ်းရှာဖွေဖော်ထုတ်ဖို့ သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နှစ်ဖက်အဖွဲ့တွေအကြား ပုံမှန်ထိတွေ့ဆက်ဆံသွားဖို့ကိုလဲ သဘောတူညီခဲ့ကြတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

