နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 10 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

မေလ (၉)ရက်။

မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၄)ဦး သေဆုံးခဲ့ပြီး (၇)ဦး ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအာင်းပြည်ထဲ ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပါအဝင် ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

မနေ့ကတရက်ထဲ နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တာတွေကြောင့် သရက်ချို၊ ယာပြင်နဲ့ နောင်လင်ရွာအနီးတဝိုက်တို့မှာ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က တရက်ထဲ အဆိပ်ငွေ့ဗုံး (၅)လုံးအပြင် ဒရုန်းနဲ့ ဗုံး (၁၂)လုံး၊ လက်နက်ကြီးနဲ့ (၄၉)ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တဲခေါရွာကနေ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၁)လုံး အုမ္မတီးရွာကို ကြဲချခဲ့သလို TNLA ရှိတဲ့ တောင်လှရွာကို လက်နက်ကြီးနဲ့ (၁၈)ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ (၆)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဖို့ TNLA က အသိပေးထားပါတယ်။

ညီနောင်အဟာမိတ် (၃)ဖွဲ့ဟာ ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားစာနာမှုဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အပစ်ရပ်ကာလကို (၁)လထပ်တိုးထားပေမယ့် စစ်ကောင်စီဘက်ကတော့ အပြောနဲ့အလုပ်မညီဘဲ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 7 Views
မေလ (၉)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲဝန်းကျင်က ပုလောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာသတင်း

ထီးခီးစခန်းအပါအဝင် စစ်ကောင်စီစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 20 Views
မေလ (၉)ရက်။ ဒီကနေ့ တရက်ထဲ ထီးခီးစခန်းအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း (၃)ခုကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၈၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 15 Views
မေလ (၉)ရက်။ ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈၀၀၈)ဦးကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဆက်မပြတ်
မြန်မာသတင်း

မော်စကိုခရီးစဉ်ထဲ ကာဇက်စတန်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 17 Views
မေလ (၉)ရက်။ မနေ့က ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာမှာ
မြန်မာသတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်က ကထိကတဦးကို ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 21 Views
မေလ (၈)ရက်။ ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်ဝင်းဝင်းအောင်ဟာ စစ်ကောင်စီရဲ့ယန္တရား လည်ပတ်စေနိုင်တဲ့ လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ မန္တလေး နိုင်ငံခြားရေးဘာသာတက္ကသိုလ်က
မြန်မာသတင်း

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြ

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 52 Views
မေလ (၈)ရက်။ မနေ့က ကျောင်းသားတပ်မတော်(ABSDF)နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)တို့ အွန်လိုင်းကနေတဆင့် ဆွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျောင်းသားတပ်မတော်(ABSDF)က ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ BLDF က ဗဟိုကော်မတီတွေ
မြန်မာသတင်း

PDF တပ်ရင်းထောက်ပံ့စရိတ်အနေနဲ့ ကန်ဒေါ်လာ (၂၄)သန်းကျော် ပေးပို့ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
မေလ (၈)ရက်။ PDF တပ်ရင်း ထောက်ပံ့စရိတ်အနေနဲ့ စုစုပေါင်း ခန့်မှန် အမေရိကန်ဒေါ်လာ (၂၄.၉)သန်းခန့် ပေးပို့ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF တပ်ရင်း၊ တပ်ဖွဲ့တွေ စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး မနေ့ကအထိ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် TNLA က ဝမ်နည်းကြောင်း သဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 31 Views
မေလ (၈)ရက်။ အာရက္ခတပ်တော်(ULA/AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် AA အပါအဝင် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရက္ခိတလမ်းစဉ်ကိုင်ဆွဲကာ အာရက္ခပြည်ကို ပုံဖော်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာတွေ