နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းရှိ စာသင်ကျောင်း ဗုံးကြဲခံရပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ အများအပြား ထိခိုက်သေဆုံးခဲ့

မေလ (၁၂)ရက်။

ဒီကနေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဒီပဲယင်းမြို့အနောက်ဘက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနက်(၉)နာရီ (၄၀)လောက်မှာ ဒီပဲယင်းအနောက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စကစက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ။ ပြည်သူနဲ့ ကလေးတွေ ထိခိုက်သေဆုံးတာတွေရှိတယ်ဆိုပြီး ကနဦး သိရတယ်” လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆရာမတစ်ဦး သေဆုံးခဲ့ပြီး ဆရာတစ်ဦး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဒါ့အပြင် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ကျောင်းသား၊ ကျောင်းသူ အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲပါ။

ပြီးခဲ့တဲ့ ဧပြီလ (၂၃)ရက်နေ့ကလဲ ဒီပဲယင်းမြို့ လက်လှုပ်တောင်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကာ ပြည်သူ (၄)ဦးသေဆုံးပြီး (၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းထဲ ဒီပဲယင်းမြို့နယ်မှာ ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ် ပြုလုပ်နေတာကြောင့် လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ကိုလဲ တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 1 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 25 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 20 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ
မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက