နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါမြို့မှာ စစ်ကောင်စီစစ်ကြောင်းက ကလေးငယ်တွေအပါအဝင် အရပ်သား (၁၁)ဦးကို သတ်ဖြတ်ခဲ့

မေလ (၁၂)ရက်။

ဒီကနေ့ နံနက် (၁)နာရီခန့်က ဂန့်ဂေါမြို့တောင်ပိုင်း လယ်မကျေးရွာကို ခလရ(၅၀)နဲ့ အမြောက်တပ်က အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။

“ ခလရ(၅၀)နဲ့ အမြောက်တပ်က စခတွေပေါင်းပြီး အင်အား (၁၀၀)ခန့်နဲ့ လယ်မရွာမြောက်ပိုင်းကို ဝင်လာတာ။ အဲ့လိုဝင်လာပြီး နံနက်အစောပိုင်း (၂)နာရီလောက်မှာ ရွာထဲ သေနတ်သံတွေကြားရတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လယ်မကျေးရွာထဲကို ဝင်ရောက်ကာ ဖမ်းဆီးပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် (၄)ဦးအပါအဝင် အရပ်သားပြည်သူ (၁၁)ဦး သေဆုံးခဲ့ပြီး (၂၃)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“ လယ်မရွာမှာ အရင်က စခစစ်ကြောင်းက‌ စိတ်ကျန်းမာရေးမကောင်းတဲ့သူ တစ်ယောက်ဘဲ အသတ်ခံရဖူးတာ။ ခုလိုကြီး အများကြီး အသတ်ခံလိုက်ရတာရော  အဖမ်းခံရတာတွေရောကြောင့် တစ်ရွာလုံးက ထိတ်လန့်သွားပြီး ရွာထဲမှာ မနေရဲလောက်အောင်ကို ဖြစ်သွားကြပြီ။ ဒီလိုအဖြစ်အပျက်မျိုးကို နောက်နောင် မြင်လဲမမြင်ချင်၊ ကြားလဲမကြားချင်တော့ဘူး။ တော်လှန်ရေးလဲ အမြန်ဆုံး ပြီးစေချင်ပြီ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ မှိုင်းဝေ(၁၃)နှစ်၊ သျှန်ထွန်း(၁၂)နှစ်၊ သီဟလင်း(၁၅)နှစ်၊ မျိုးသီဟ(၁၅)နှစ်၊ ကျော်စန်းခိုင်(၂၄)နှစ်၊ သက်ပိုင်ဦး(၂၃)နှစ် ၊အောင်ကြည်မင်း(၃၉)နှစ်၊ နေလင်းဦး (၂၅)နှစ်၊ ညီလေး(၂၇)နှစ်၊ ဂျွန်ဂိုဝင်း(၁၉)နှစ်နဲ့ ကျော်မြတ်သူ(၁၉)နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရသူတွေဟာ မသေဆုံးခင် ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးနောက် သေနတ်နဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာဖြစ်ပါတယ်။

“ ပြည်သူတွေကိုသတ်သွားတာကတော့ တနေရာထဲမှာ သတ်သွားတာလို့ ပြောလို့ရတယ်။ ၃ယောက်ကတနေရာ ကျန်တဲ့အလောင်းတွေက တလောင်းနဲ့တလောင်း ဘယ်လောက်မှမကွာဘဲ သတ်သွားဝာာ။ ကလေးတွေကိုတော့ သေနတ်နဲ့ပစ်သတ်သွားတာ။ လူကြီးတချို့ကတော့ အနားမှာ ကြိုးတွေလဲတွေ့ရတယ်ဆိုတော့ ကြိုးတုတ်နှိပ်စက်ပြီးမှ သတ်သွားတာလို့ယူဆရတယ်။ ပြည်သူတစ်ယောက်ကတော့ ဓားနဲ့ထိုးသတ်သွားတာကို တွေ့ရတယ်” လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူ (၂၃)ဦးကို ဖမ်း‌ဆီးခေါ်ဆောင်ကာ ပြည့်ဝရွာ အမြှောက်တပ်ဆီ ပြန်လည်ဆုတ်ခွာသွားခဲ့သလို ဖမ်းဆီးခံရသူတွေထဲ အပြင်းအထန်နှိပ်စက်တာတွေ ရှိခဲ့ပြီး (၁၃)ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူတွေကို ခလရ(၅၀)တပ်ထဲ ခေါ်ဆောင်သွားခဲ့တာပါ။

အခုလို ဂန့်ဂေါနယ်တောင်ပိုင်း လယ်မရွာမှာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 72 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ