နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုရားသုံးဆူတွင် စစ်ရေးတင်းမာနေ

၂၀၂၅ခုနှစ်၊ မေလ ၁၅ ရက်

ဘုရားသုံးဆူတွင် ကျားဖြန့်များ ရှိနေမှုကြောင့် ထိုင်းအစိုးရက နယ်စပ်ကို ပိတ်ခဲ့ပြီး လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီများကိုလည်း ပိတ်ပင်လိုက်ကြောင်း ထိုင်းဖက်မှ လူသိရှင်ကြား ကြေညာခဲ့သောကြောင့် ဘုရားသုံးဆူလူထုမှာ ဒုက္ခရောက်နေကြသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံ၏ အင်တာနက်လိုင်းများ မရရှိတော့ဘဲ လျှပ်စစ်နှင့် ရေပေးဝေမှုသည်လည်း ရပ်ဆိုင်းသွားခဲ့သဖြင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေကြောင်း ဒေသများ၏ ပြောဆိုချက်အရ သိရှိရသည်။

သို့ရာတွင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် နယ်စပ်တွင် ကြီးစိုးထားသည့် DKBA တပ်ဖွဲ့များနှင့်အပေးအယူလုပ်ပြီး နေ့စဥ် ဘုရားသုံးဆူမှ မြန်မာနိုင်ငံတွင်းသို့ ကုန်ပစ္စည်းမျိုးစုံကို ဆယ်ဘီးကားကြီးများနှင့် တစ်နေ့လျှင် အစီး ၁၀၀ မှ ၂၀၀ အထိ ဝင်ရောက်လျက်ရှိပြီး ကျားဖြန့်များသည်လည်း ဘုရားသုံးဆူအတွင်းဖက် ၁၀ မိုင်အကွာခန့်တွင် ပေ၁၀၀ မှ ပေ ၂၀၀ အထိရှည်လျှားသော တိုက်များ ဆောက်လုပ်၍ လုပ်ငန်းလည်ပတ်နေသည့်အပြင် ဒီဇယ်မီးစက်ကြီးများနှင့် မီးပေးနေသလို စကားလင့်အင်တာနက်စက်များဖြင့် ကျားဖြန့်လုပ်ငန်းကို အရှိန်မပျက် လုပ်နေသည်ဟု သိရသည်။

ကုန်တင်ကားကြီး တစ်စီးလျှင် ဘတ်ငွေ ၃သောင်းမှ ၆သောင်းအထိ DKBAဘုရားသုံးဆူဂိတ်ကို ဂိတ်ကြေး‌ ပေးဝင်ရသဖြင့် ဘုရားသုံးဆူဂိတ်မှ တနေ့လျှင် ဝင်ငွေ ဘတ် ၆သန်းမှ ၁၂ သန်းအထိ ရရှိနေသည့်အပြင် မြန်မာပြည်တွင်းမှ ကုန်ကားကြီးများမှ ထိုင်းဖက်သို့ တက်လာသည့်ကားများကိုလည်း အလားတူကောက်သဖြင့် နှစ်ဖက်အခွန်သည် မက်လောက်စရာ ဖြစ်လာခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ မြဝတီဖက်မှ တော်လှန်ရေးအဖွဲ့အစည်းများက အတွင်းဖက်မှ ပိတ်ဆို့ထားသဖြင့် အာရှလမ်းမကြီးမှ ကုန်စီးဆင်းမှုသည် ခက်ခဲလာသဖြင့် ဘုရားသုံးဆူလမ်းကြောင်းကို အသုံးများလာခြင်း ဖြစ်သည်။

ထိုအချက်ကြောင့် မြန်မာစစ်တပ်မှ မျက်စိကျလာပြီး ဘုရားသုံးဆူတွင် သူတို့ဂိတ်ဖွင့်၍ အခွန်ကောက်မည်ဟု တောင်းဆိုလာပြီး စစ်အင်အားကို ပို့ဆောင် ဖြည့်တင်းလာခဲ့သဖြင့် DKBA ဘက်ကလည်း စစ်ရေး ပြင်ဆင်နေသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာနေသည်။ ဘုရားသုံးဆူ ဒေသခံများအနေနှင့် ဘေးလွတ်ရာကို ပြောင်းရွှေ့ရန် အသင့်ပြင်ထားကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 105 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို