နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

MNDAA ရဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်တာက အသက်ပေးခဲ့တဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ SAC-M ထုတ်ပြန်

မေလ (၁၆)ရက်။

MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်ဖို့ ‌ဆုံးဖြတ်ခဲ့တာဟာ အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

“MNDAA က လားရှိုးမြို့ကို မြန်မာစစ်အုပ်စုထံ ပြန်လွှဲအပ်ဖို့ ဆုံးဖြတ်လိုက်တာက မြို့လွတ်မြောက်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမား ရာပေါင်းများစွာရဲ့ ပေးဆပ်စွန့်လွှတ်တာတွေကို သစ္စာဖောက်တာဖြစ်”လို့ ဆိုပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲ တစ်လကြာ ဝိုင်းရံပိတ်ဆို့ခဲ့တဲ့ကာလထဲ တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး (၅၀၀)ဦး ကျဆုံးခဲ့ပြီး (၁၀၀၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့နောက်ပိုင်း မြန်မာ့ပဋိပက္ခမှာ လားရှိုးမြို့ကို လက်လွှတ်ခဲ့ရတာဟာ တရုတ်အစိုးရရဲ့ တိုက်ရိုက်အကျဆုံး ကြားဝင်စွက်ဖက်တာပဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုအတွက် တရုတ်နိုင်ငံရဲ့ စစ်ရေးအထောက်အပံ့ပေးတာနဲ့ မြန်မာနိုင်ငံထဲ မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေတာက စစ်အုပ်စုကို ကယ်တင်နိုင်မှာ မဟုတ်တဲ့အပြင် မြန်မာပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေကို ရှည်ကြာစေရုံသာမက စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရောက်ရှိလာတာကိုလဲ နှောင့်နှေးကြန့်ကြာစေမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

တရုတ်နိုင်ငံဟာ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ထပ်ခါတလဲလဲ အခိုင်အမာ ပြောဆိုနေပေမယ့် ရှမ်းမြောက်မှာ ကြားဝင်စွက်ဖက်တာတွေက သူတို့အကျိုးစီးပွားကိုသာ ရှေးရှုနေပြီး မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့လဲ SAC-M က ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်အုပ်စု မလွှဲမသွေ ကျဆုံးတဲ့အခါမှာ မြန်မာပြည်သူတွေဟာ တရုတ်နိုင်ငံအနေနဲ့ ဘယ်ဘက်က ရပ်တည်ခဲ့တယ်ဆိုတာကို အသေအချာ မှတ်မိနေမှာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 105 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို