နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

မေလ (၁၆)ရက်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ (၂)နှစ်ကျော်ကာလထဲ ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ် (၁၃)ခုမှာ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ပေါင်း (၂၆၇၉)ခု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်တွေထဲ ပြည်သူ (၃၀၄၃)ဦး သေဆုံးခဲ့ပြီး (၁၈)နှစ်အောက်ကလေးငယ် (၄၄၁)ဦးပါဝင်ကာ စာသင်ကျောင်း (၂၄၀)ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၉၆)ခုနဲ့ ဘာသာရေးအဆောက်အဦ (၄၃၅)ခု ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

NUG အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေထဲ ပြည်သူတွေ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးတာ နည်းနိုင်သမျှ နည်းဖို့အတွက် အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ မကျူးလွန်ဘူးဆိုပြီး MRTV နဲ့ MWD ဗြောင်ကျကျငြင်းဆန်ပြီး သတင်းမှားထုတ်လွှင့်တာနဲ့ စစ်တပ်လော်ဘီတွေကို ငွေပေးပြီး သတင်းတုတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သတင်းမှန်တွေကို ဗုံးကွယ်ဖို့ ဆောင်ရွက်နေတဲ့ကြားက သတင်းမှန်တွေကို ပြည်သူဆီ ရောက်ရှိအောင် အစွမ်းကုန်ကြိုးပမ်းနေတဲ့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေနဲ့ လူထုသတင်းသမားတွေကို ပြည်သူကိုယ်စား အထူးကျေးဇူးတင်တယ်လို့ NUG က ပြောဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေ၊ အမိန့်ပေးစေခိုင်းတဲ့ အရာရှိတွေ၊ လေယာဉ်မှူးတွေ၊ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေ၊ ပံ့ပိုးကူညီသူတွေနဲ့ သတင်းမှန်ဖုံးကွယ်တဲ့ စစ်လော်ဘီတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ကြိုးပမ်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အခုလို စစ်ရာဇဝတ်မှု ကျူးလွန်ပြီး လိမ်ညာဝါဒဖြန့်နေတာတွေကို အမှန်အတိုင်း သိမြင်ကြပြီး အံ့ဒီကျူးလွန်နေတာတွေကို ရပ်တန့်အောင် အရေးယူ ဖိအားပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 0 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ်
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 38 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology