နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးအတွက် တခြားလူတွေ ဆွေးနွေးနေတာကို ငြီးငွေ့ နေပြီလို့ ထရန့် ပြော

မေလ (၁၇) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကြာသပတေးနေ့တွင် တူရကီ၌ ရုရှားသမ္မတ ဗလိုဒီမာဇလန်းစကီးနှင့် တွေ့ဆုံရန် အခွင့်အရေး လွဲချော်သွားပြီးနောက် Fox News နှင့် ထရန့်တို့ တွေ့ဆုံမေးမြန်းခန်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဝေဖန်ပစ်တင်ရန် ထရန့်သည် တွန့်ဆုတ်နေခဲ့သည်။

ယင်းအစား ထရန့်သည် ဇလန်းစကီးအား ရည်ညွှန်းပြီး ယူကရိန်းအား အမေရိကန်က အကူအညီ ပေးနေခြင်းနှင့်ပတ်သက်၍ ၎င်း၏ပုံမှန်ပြစ်တင်မှုကို ပြန်လည်ပြုလုပ်ခဲ့သည်။

“ကြည့်၊ ဇလန်းစကီးနဲ့ တွေ့ဆုံမှုမှာ ကျွန်တော် တကယ်ခက်ခဲခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူပြောနေတာကို ကျွန်တော် မကြိုက်ဘူး။ သူက လွယ်ကူအောင် မလုပ်ဘူး။ သူ့မှာ နိုင်ဖဲကတ်မရှိဘူးလို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ သူ့မှာ ကတ်တွေ မရှိဘူးဆိုတာ ခင်ဗျားသိပါတယ်၊ ကျွန်တော်က ရိုးရိုးသားသားပြောတာပါ။ သူ့မှာ ကတ်တွေ မရှိဘူး” ဟု ထရန့်က Fox သတင်း ကို ပြောကြားခဲ့သည်။

ထရန့်သည် အရှေ့အလယ်ပိုင်း အထူးသံတမန် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) ကို ချီးကျူးခဲ့ပြီး ဝတ်ကော့ဗ်သည်သာ သမ္မတ ပူတင်နှင့် တွေ့ဆုံရန် လိုအပ်နေသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သူက ဆွေးနွေးစားပွဲမှာ ရှိနေပြီး ဒီအစည်းအဝေးကို ဖြစ်စေချင်တယ်။ ပြီးတော့ ကျွန်တော် မပါဘဲ အစည်းအဝေး မဖြစ်နိုင်ဘူးလို့ အမြဲခံစားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သဘောတူညီချက် တစ်ခုရဖို့ ကျွန်တော် မရှိဘဲ ပြေလည်နိုင်မယ်လို့ မထင်ထားတာကြောင့်ပါ” ဟု ထရန့်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အတူတူ လုပ်ကြရမယ်၊ ကျွန်တော်တို့က စီစဉ်ရမယ် ထင်တယ်၊ ဘာလို့လဲဆိုတော့ တခြားလူတွေ ဆွေးနွေးညှိနှိုင်းတာတွေ ဆောင်ရွက်နေတာတွေကို ငြီးငွေ့လာလို့ပါ။”

“ဒီအရာအားလုံးကို ပူတင်ကလည်း ငြီးငွေ့နေပြီလို့ ထင်တယ်” ဟု ထရန့်က ထပ်လောင်း ပြောကြား ခဲ့သည်။ “သူ့အတွက် အမြင်မကောင်း ဖြစ်နေတယ်။ ဒါကြောင့် သူက သူ့အပေါ် အမြင်ကောင်းချင်တယ်။ ဒါကို တစ်ပတ်အတွင်း အဆုံးသတ်ဖို့ လိုအပ်တယ်ဆိုတာ မမေ့နဲ့”

ထရန့်သည် ထို့မတိုင်မှီက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်နိုင်သည်ဟု ပြောခဲ့သော်ငြားလည်း ယခုအခါ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ကတိမပြုခဲ့ဘဲ နေခဲ့သည်။ သူက ဒုတိယအဆင့် ပိတ်ဆို့မည့်အစီအစဥ်သည် စားပွဲပေါ် တွင် ရှိနေသည်ဟု ဆိုသည်။

“ကျွန်တော့်မှာ ဒီဟာ အမြဲတမ်းရှိခဲ့တယ်။ လိုအပ်ရင် သုံးမယ်။ အဲဒါကို ဖြစ်နိုင်ရင် မသုံးချင်ဘူး။ အဲဒါက ကြီးကျယ်တဲ့ လုပ်ဆောင်မှုပဲ။ အဲဒါ (ပိတ်ဆို့ဒဏ်ခတ်မှု) ကို ဗင်နီဇွဲလားမှာ လုပ်လိုက်တယ်” ဟုထရန့်က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 90 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက