နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

နယူးယောက်တက္ကသိုလ်တွင် ဂါဇာ၌ ဖြစ်ပွားနေသော စစ်ပွဲများကို ရှုတ်ချကြောင်း မိန့်ခွန်းပြောအပြီးတွင် ဘွဲ့ရပြီးကျောင်းသားကို ဘွဲ့လက်မှတ်ဆိုင်းငံ့

မေလ (၁၇) ရက်။

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော“လူမျိုးတုံးသတ်ဖြတ်မှု” ကို ရှုတ်ချကြောင်း မိန့်ခွန်းပြောဆိုခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဒီပဘွဲ့လက်မှတ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း နယူးယောက်တက္ကသိုလ်မှ ကြေညာခဲ့သည်။ အဆိုပါ ကျောင်းသားသည် တက္ကသိုလ်စည်းမျဉ်းများကို လိုက်နာရန် ၎င်း၏ကနဦးကတိကို ချိုးဖောက်ခဲ့ကြောင်း တက္ကသိုလ်က ပြောကြားခဲ့သည်။

၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဘွဲ့ရကျောင်းသား လိုဂန် လိုဇို့စ် (Logan Rozos) က သူ၏ ဘွဲ့နှင်းသဘင်မိန့်ခွန်းတွင် တက်ရောက်လာသည့်သူများအား ပြောရန် သင့်လျော်သောအရာမှာ ပါလက်စတိုင်းတွင် လက်ရှိဖြစ်ပေါ်နေသော ရက်စက်မှုများကို အသိအမှတ်ပြုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းပြောဆိုမှုကို တုံ့ပြန်သည့်အနေနဲ့ တက္ကသိုလ်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဘက်ကမန် (John Beckman) က အခမ်းအနားအပြီးမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ကျောင်းသား၏ရွေးချယ်မှုကို တက္ကသိုလ်က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ တက္ကသိုလ်များတွင် ဘွဲ့နှင်းသဘင်ရာသီ နီးကပ်လာသည်နှင့်အမျှ ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများတွင် ပါဝင်သည့် ကျောင်းသားများကို ထရန့်အစိုးရက နှိမ်နင်းလျက်ရှိသည်။ ယခုနှစ်အစောပိုင်းတွင် နယူးယောက်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အများအပြားသည် “ ဂျူးဝါဒဆန့်ကျင်ရေး ဖြစ်စဉ်များကို ကြုံတွေ့ခဲ့ရသည်” ဟု တရားရေးဌာနမှ ပြောကြားခဲ့ပါသည်။

၎င်း၏ မိန့်ခွန်းတစ်လျှောက်တွင် လိုဇို့စ်က ဂါဇာရှိ အစ္စရေး၏လုပ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အကြိမ်ကြိမ် ရည်ညွှန်းပြောဆိုခဲ့သည်။ နိုင်ငံရေးအရရော စစ်ရေးအရပါ အမေရိကန်က ကျောထောက်နောက်ခံပေးထားပြီး “ ကျွန်တော်တို့ရဲ့ အခွန်ငွေတွေကို အရင်းပြု သုံးစွဲနေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သူ၏မှတ်ချက်များသည် “ ဒီရက်စက်ကြမ်းကြုတ်မှုကြောင့် နူးညံ့တဲ့နှလုံးသားရှိတဲ့သူတွေ စိတ်ထိခိုက်ခံစားရသူအားလုံးအတွက် ပြောဆိုဖို့ ရည်ရွယ်တယ်” ဟု ရှင်းပြခဲ့သည်။

လိုဇို့စ်က သူ့မိန့်ခွန်းတွင် ဂါဇာအကြောင်းကို ပထမဆုံး ပြောသောအခါ ပရိသတ်များက အားပေးခဲ့ကြသည်။ သူ့နောက်တွင် ထိုင်နေသည့် ဆရာဆရာမတချို့ကလည်း လက်ခုပ်သြဘာပေးခဲ့ကြသည်။ ပရိသတ်အချို့၏ လက်မခံကြောင်း အော်ဟစ်သံများလည်း ထွက်ပေါ်လာခဲ့သည်။

လိုဇို့စ်၏ အမည်ကို မဖော်ပြဘဲ ဂျွန်ဘက်ကမန်က စင်မြင့်ပေါ်တက်ခဲ့သော ကျောင်းသားသည် သူနဂိုပြောရန် ရည်ရွယ်ထားသည့်မိန့်ခွန်းနှင့် မတူသည့် မိန့်ခွန်းကို ပြောကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။ ယင်းအချက်သည် တက္ကသိုလ်စည်းကမ်းများကို လိုက်နာရန် ကတိကို ဖောက်ဖျက်ခဲ့သည်ဟု ဆိုခဲ့သည်။

ယင်းကျောင်းသား၏ ဘွဲ့လက်မှတ်ကို ဆိုင်းငံ့ထားရန် စည်းကမ်းထိန်းသိမ်းရေးနှင့် အရေးယူရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ ပေးအပ်သည့်အခွင့်အရေးကို အလွဲသုံးစားလုပ်သည့်အတွက် တက္ကသိုလ်အနေနှင့် စိတ်မကောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့ညနေပိုင်းအထိ လိုဇို့စ်၏ကျောင်းသားပရိုဖိုင်ကို တက္ကသိုလ်၏ဝဘ်ဆိုဒ်တွင် မတွေ့ရတော့ပါ။

ဝဘ်ဆိုက်၏ သိမ်းဆည်းထားသောဗားရှင်းတစ်ခုအရ လိုဇို့စ်သည် ယဉ်ကျေးမှုဝေဖန်ရေးနှင့် နိုင်ငံရေးစီးပွားရေးဘာသာရပ်ကို အဓိက ယူခဲ့ပြီး ကျောင်းသားပြဇာတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ AP ၏ သတင်းအရ ယခုနှစ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မိန့်ခွန်းပြောရန် ၎င်း၏ အပေါင်းအပါ ကျောင်းသားများက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

CNN ဂျပန်သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ