နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

နယူးယောက်တက္ကသိုလ်တွင် ဂါဇာ၌ ဖြစ်ပွားနေသော စစ်ပွဲများကို ရှုတ်ချကြောင်း မိန့်ခွန်းပြောအပြီးတွင် ဘွဲ့ရပြီးကျောင်းသားကို ဘွဲ့လက်မှတ်ဆိုင်းငံ့

မေလ (၁၇) ရက်။

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော“လူမျိုးတုံးသတ်ဖြတ်မှု” ကို ရှုတ်ချကြောင်း မိန့်ခွန်းပြောဆိုခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဒီပဘွဲ့လက်မှတ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း နယူးယောက်တက္ကသိုလ်မှ ကြေညာခဲ့သည်။ အဆိုပါ ကျောင်းသားသည် တက္ကသိုလ်စည်းမျဉ်းများကို လိုက်နာရန် ၎င်း၏ကနဦးကတိကို ချိုးဖောက်ခဲ့ကြောင်း တက္ကသိုလ်က ပြောကြားခဲ့သည်။

၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဘွဲ့ရကျောင်းသား လိုဂန် လိုဇို့စ် (Logan Rozos) က သူ၏ ဘွဲ့နှင်းသဘင်မိန့်ခွန်းတွင် တက်ရောက်လာသည့်သူများအား ပြောရန် သင့်လျော်သောအရာမှာ ပါလက်စတိုင်းတွင် လက်ရှိဖြစ်ပေါ်နေသော ရက်စက်မှုများကို အသိအမှတ်ပြုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းပြောဆိုမှုကို တုံ့ပြန်သည့်အနေနဲ့ တက္ကသိုလ်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဘက်ကမန် (John Beckman) က အခမ်းအနားအပြီးမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ကျောင်းသား၏ရွေးချယ်မှုကို တက္ကသိုလ်က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ တက္ကသိုလ်များတွင် ဘွဲ့နှင်းသဘင်ရာသီ နီးကပ်လာသည်နှင့်အမျှ ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများတွင် ပါဝင်သည့် ကျောင်းသားများကို ထရန့်အစိုးရက နှိမ်နင်းလျက်ရှိသည်။ ယခုနှစ်အစောပိုင်းတွင် နယူးယောက်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အများအပြားသည် “ဂျူးဝါဒဆန့်ကျင်ရေး ဖြစ်စဉ်များကို ကြုံတွေ့ခဲ့ရသည်” ဟု တရားရေးဌာနမှ ပြောကြားခဲ့ပါသည်။

၎င်း၏ မိန့်ခွန်းတစ်လျှောက်တွင် လိုဇို့စ်က ဂါဇာရှိ အစ္စရေး၏လုပ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အကြိမ်ကြိမ် ရည်ညွှန်းပြောဆိုခဲ့သည်။ နိုင်ငံရေးအရရော စစ်ရေးအရပါ အမေရိကန်က ကျောထောက်နောက်ခံပေးထားပြီး “ကျွန်တော်တို့ရဲ့ အခွန်ငွေတွေကို အရင်းပြု သုံးစွဲနေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သူ၏မှတ်ချက်များသည် “ဒီရက်စက်ကြမ်းကြုတ်မှုကြောင့် နူးညံ့တဲ့နှလုံးသားရှိတဲ့သူတွေ စိတ်ထိခိုက်ခံစားရသူအားလုံးအတွက် ပြောဆိုဖို့ ရည်ရွယ်တယ်” ဟု ရှင်းပြခဲ့သည်။

လိုဇို့စ်က သူ့မိန့်ခွန်းတွင် ဂါဇာအကြောင်းကို ပထမဆုံး ပြောသောအခါ ပရိသတ်များက အားပေးခဲ့ကြသည်။ သူ့နောက်တွင် ထိုင်နေသည့် ဆရာဆရာမတချို့ကလည်း လက်ခုပ်သြဘာပေးခဲ့ကြသည်။ ပရိသတ်အချို့၏ လက်မခံကြောင်း အော်ဟစ်သံများလည်း ထွက်ပေါ်လာခဲ့သည်။

လိုဇို့စ်၏ အမည်ကို မဖော်ပြဘဲ ဂျွန်ဘက်ကမန်က စင်မြင့်ပေါ်တက်ခဲ့သော ကျောင်းသားသည် သူနဂိုပြောရန် ရည်ရွယ်ထားသည့်မိန့်ခွန်းနှင့် မတူသည့် မိန့်ခွန်းကို ပြောကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။ ယင်းအချက်သည် တက္ကသိုလ်စည်းကမ်းများကို လိုက်နာရန် ကတိကို ဖောက်ဖျက်ခဲ့သည်ဟု ဆိုခဲ့သည်။

ယင်းကျောင်းသား၏ ဘွဲ့လက်မှတ်ကို ဆိုင်းငံ့ထားရန် စည်းကမ်းထိန်းသိမ်းရေးနှင့် အရေးယူရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ ပေးအပ်သည့်အခွင့်အရေးကို အလွဲသုံးစားလုပ်သည့်အတွက် တက္ကသိုလ်အနေနှင့် စိတ်မကောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့ညနေပိုင်းအထိ လိုဇို့စ်၏ကျောင်းသားပရိုဖိုင်ကို တက္ကသိုလ်၏ဝဘ်ဆိုဒ်တွင် မတွေ့ရတော့ပါ။

ဝဘ်ဆိုက်၏ သိမ်းဆည်းထားသောဗားရှင်းတစ်ခုအရ လိုဇို့စ်သည် ယဉ်ကျေးမှုဝေဖန်ရေးနှင့် နိုင်ငံရေးစီးပွားရေးဘာသာရပ်ကို အဓိက ယူခဲ့ပြီး ကျောင်းသားပြဇာတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ AP ၏ သတင်းအရ ယခုနှစ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မိန့်ခွန်းပြောရန် ၎င်း၏ အပေါင်းအပါ ကျောင်းသားများက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

CNN ဂျပန်သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက