နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ စနိုက်ဘာပစ်ခတ်တာကြောင့် စစ်ရှောင်တဦး သေဆုံးခဲ့ရ

မေလ (၁၉)ရက်။

မနေ့က နံနက် (၈)နာရီအချိန် နောင်ချိုမြို့ အုမ္မတီးကျေးရွာမှာ စစ်ကောင်စီရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်တာကြောင့် စစ်ရှောက်အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အုမ္မတီးရွာက စစ်ရှောင်စခန်းမှာနေတဲ့ အရပ်သားကို စစ်ကောင်စီတပ်က စနိုက်ဘာနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်ခံရတဲ့ စစ်ရှောင်အမျိုးသားက ပွဲချင်းပြီး သေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စနိုက်ဘာနဲ့ ချောင်းမြောင်းပစ်ခတ်တာကြောင့် စစ်ရှောင်စခန်းမှာနေထိုင်တဲ့ ဦးအိုက်ဆံနဲ့ ဒေါ်အေးထွမ်းတို့ရဲ့ သားဖြစ်သူ (၂၇)နှစ်အရွယ် အိုက်လှိုင်ဟာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေတာလို့ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်ကောင်စီဟာ အပစ်ရပ်သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအားပြည်ထဲ မြေပြင်ထိုးစစ်ဆင်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ လေကြောင်းနဲ့ နေ့တိုင်း အသုံးပြုပစ်တိုက်ခိုက်နေတာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်က နေ့တိုင်း တိုက်ခိုက်နေတာကြောင့် လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တဲ့ရန်ကနေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 27 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ
မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 46 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 34 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို အောက်တိုဘာလ (၂)ရက်နေ့ကစပြီး (၅)ယောက်တစုနှုန်း လူခွဲကာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 29 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ
မြန်မာသတင်း

ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်တဲ့မြို့တွေကို ရရှိအောင် ဆက်လက်ကြိုးစားနေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 30 Views
အောက်တိုဘာလ (၁၁)ရက်။ ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတချိန်ထဲမှာ စစ်ကော်မရှင်ဟာ သူစွန့်လွှတ်ခဲ့ရတဲ့နေရာတွေကို ပြန်ရဖို့ နိုင်ငံအနှံထိုးစစ်ဆင်နေသလို ရခိုင်ရှိ ကျောက်ဖြူမြို့ကို ကြည်း၊ရေ၊လေ ပူးပေါင်းကာ
မြန်မာသတင်း

မဲစာရင်း အချက်အလက် ကွဲလွဲတာတွေရှိတယ်လို့ စစ်ကော်မရှင်ဝန်ကြီး ဝန်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 17 Views
အောက်တိုဘာလ (၁၁)ရက်။ ရွေးကောက်ပွဲအတွက်ဆိုပြီး ကြေညာထားတဲ့ မဲစာရင်း အချက်အလက်ကွဲလွဲတာတွေရှိတယ်လို့ စစ်ကော်မရှင်ရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ်အနေနဲ့ မဲစာရင်းတွေကို ကြေညာခဲ့တာမှာ အချို့ဒေသတွေမှာ မဲစာရင်း မပြည့်စုံတာ၊ အချက်အလက်ကွဲလွဲတာနဲ့ လိုအပ်ချက်တွေ
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းမကြီးပေါ် ယာဉ်တန်းလုံခြုံရေးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 23 Views
အောက်တိုဘာလ (၁၀)ရက်။ ဒီကနေ့ နံနက် (၇)နာရီ (၁၀)မိနစ်အချိန်က မုံရွာ-မန္တလေးလမ်းမပေါ်မှာ ယာဉ်တန်းလုံခြုံးရေးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့၀င်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းမပေါ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို လုံခြံရေးယူဖို့ ထွက်လာတဲ့ ကင်းတာဝန်ကျ
မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 65 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချောင်းဦးမြို့မှာ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ပွဲတော်ရက်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူတွေ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်တဲ့သတင်းကို