မေလ (၂၀)ရက်။
မနေ့က နံနက်ပိုင်းအချိန်က စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့တယ်လို စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တာလို ဆိုပါတယ်။
အဲ့ဒီသင်တန်းဖွင့်ပွဲကို စစ်ကောင်စီရဲ့ တိုင်းမှူးတွေ၊ ကျောင်းအုပ်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး သင်တန်းသား အရေအတွက်ကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် (၁)နှစ်ကျော်အကြာမှာ သင်တန်းအပတ်စဉ် (၁၃)အထိ ဖွင့်လှစ်ထားပြီးဖြစ်သလို စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းစစ်မြေပြင်တွေဆီ ပိုဆောင်နေတာပါ။
စစ်မှုထမ်းသင်တန်းအတွက် အပတ်စဉ်တစ်ခုမှာ သင်တန်းသားအရေအတွက် (၅၀၀၀) သတ်မှတ်ထားပြီး အရေအတွက်ပြည့်ဖို စစ်ကောင်စီလက်ပါးစေတွေက နိုင်ငံအနှံက လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။
စစ်ကောင်စီဟာ စစ်မှုထမ်းဖိုအတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေဟာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး မြိုကြီးတွေမှာပါ လုပ်ဆောင်နေတာကြောင့် လူငယ်တွေဟာ နည်းလမ်းမျိုးစုံနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းရှိ လူငယ်တွေဟာ ပြည်ပထွက်ခွာတာ ပိုမိုများပြားနေပြီး စစ်ကောင်စီဘက်ကလဲ တင်းကျပ်ပိတ်ဆိုတာတွေ နည်းမျိုးစုံနဲ့ ပြုလုပ်နေတယ်လို ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
