နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

နည်းပညာ

နည်းပညာ နိုင်ငံတကာသတင်း ရာသီဥတု

ကမ္ဘာ့ရေခဲလွှာများပျော်ကျလာသည့်အတွက် ကမ်းရိုးတမ်းများသည် ရေမြုပ်မည့် အန္တရာယ်ကျရောက်လာမည်။

ကမ္ဘာ့ရေခဲလွှာများသည် ပျော်ကျပျောက်ကွယ်သွားတော့မည့် ဆိုးရွားသော ကြိုတင်ခန့်မှန်းချက်တစ်ခုကို ရရှိထားပြီး ကမ်းရိုးတန်းများသည် ယင်းအတွက် ခံစားရတော့မည်ဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်အတွင်း ထိန်းထားနိုင်သော်လည်း ကမ္ဘာ့ရေခဲလွှာများပျော်ကျနေခြင်းသည် ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာပြီး ကမ်းရိုးတန်းများဆီသို့ “ ကပ်ဆိုးကြီး” ရွှေ့ပြောင်းရောက်ရှိလာခြင်းများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်အတွင်း ဆက်လက်ထိန်းသိမ်းထားနိုင်သည်ဟုဆိုသော်လည်း ကမ္ဘာ့ရေခဲလွှာများသည် ဆက်လက် အရည်ပျော်နေစေမည့် လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်သည်။

ဂရင်းလန်းနှင့် အန္တာတိကရေခဲပြင်များ ရှင်သန်တည်ရှိစေမှုအတွက် မည်သို့သော “ ဘေးကင်းသော ကန့်သတ်ချက်” ကို ချမှတ်ရန်လိုအပ်မည်ကို ပူနွေးစေခြင်းကို လေ့လာနေသည့် နိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က တည်ထောင်ရန် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့သည် ဂြိုလ်တုများ၊ ရာသီဥတုပုံစံများနှင့် အတိတ်မှ ရယူထားသည့် အထောက်အထားများ၊ ရေခဲလွှာအလယ်ဗဟိုနေရာများ၊ ရေနက်အနည်အနှစ်များနှင့် ရေဘဝဲ၏ DNA တို့မှ ကောက်ယူရရှိသည့် ဒေတာများကို လေ့လာနေခဲ့ကြသည်။

သူတို့တွေ့ခဲ့ရတာတွေက ကြောက်စရာကောင်းတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။

ကမ္ဘာကြီးပူနွေးလာမှုကို ရာသီဥတုဖောက်ပြန်မှု၏ ကပ်ဘေးအဆိုးဆုံးသက်ရောက်မှုများကို ရှောင်ရှားရန်အတွက် စက်မှုခေတ် မရောက်မီ အဆင့်ထက် ၁.၅ ဒီဂရီစင်တီဂရိတ်အထိ ကန့်သတ်ထားရန် ကတိပြုထားသည်။

သို့သော်လည်း ဤကန့်သတ်ချက်သည် အရှိန်အဟုန်ဖြင့် ကျော်လွန်သွားရုံသာမက ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာကြီးသည် ၂.၉ ဒီဂရီအထိ ပူနွေးလာမည့် လမ်းကြောင်းပေါ် ရောက်နေပါသည်။ သို့သော် အင်္ဂါနေ့က Communications Earth and Environment ဂျာနယ်တွင် ဖော်ပြခဲ့သော လေ့လာမှု၏ စိုးရိမ်စရာအကောင်းဆုံး တွေ့ရှိချက်မှာ ၁.၅ ဒီဂရီသည်ပင် ရေခဲလွှာများကို ထိန်းသိမ်းထားရန် လုံလောက်မှု မရှိနိုင်ပေ။

ယနေ့ကမ္ဘာကြီး ပူနွေးလာမှုအဆင့်ကို ၁. ၂ ဒီဂရီတွင် ထိန်းထားနိုင်သော်လည်း ၎င်းသည် ရေခဲပြင်များ လျင်မြန်စွာ ပျော်ကျသွားကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်။

ဂရင်းလန်းနှင့် အန္တာတိကရေခဲလွှာများသည် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို ၂၁၃ ပေခန့် အထိမြှင့်တင်ရန် လုံလောက်သောရေချိုများ သိုလှောင်ထားနိုင်သည်။ ထိုသို့ဖြစ်နိုင်ချေမရှိသော်လည်း အန္တရာယ်ကို အပြည့်အဝ နားလည်ရန် အသိအမှတ်ပြုရမည့် အချက်ပင် ဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ဆုံးရှုံးသွားသော ရေခဲပမာဏသည် လေးဆတိုးလာခဲ့သည်။ လက်ရှိတွင် တစ်နှစ်လျှင် တန်ချိန် ၃၇၀ ဘီလီယံခန့် ဆုံးရှုံးနေသည်။ ရေခဲလွှာများ အရည်ပျော်ခြင်းသည် ပင်လယ်ရေများ မြင့်တက်လာခြင်းအတွက် အဓိက အကြောင်းရင်း ဖြစ်ပြီး နှစ်စဉ် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှုန်းသည် လွန်ခဲ့သည့် နှစ် ၃၀ အတွင်း နှစ်ဆတိုးလာခဲ့သည်။

လေ့လာမှုအများအပြားအရ အပူချိန် ၁.၅ ဒီဂရီစင်တီဂရိတ်သည် လူ့အချိန်အတိုင်းအတာအရ ပြန်၍မရနိုင်သော လျင်မြန်စွာ ရေခဲလွှာများ ပျော်ကျဆုတ်ခွာခြင်းကို တားဆီးရန်အတွက် ပူနွေးမှု ၁.၅ ဒီဂရီသည် အလွန်မြင့်မားနေကြောင်း ညွှန်ပြပြီး လာမည့်ရာစုနှစ်များအတွင်း ပင်လယ်ရေမျက်နှာပြင်အမြင့်ပေအများအပြားကို ကမ္ဘာကြီးက ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု လေ့လာမှုအရ သိရသည်။

“ ပင်လယ်ရေမျက်နှာပြင် ၁.၅ မှာ မြင့်တက်နေတာကို နှေးကွေးတာတော့ မဟုတ်ဘူး၊ တကယ်တော့ အရှိန်အဟုန်နဲ့ တက်လာတာကို တွေ့ရပါတယ်” ဟု Durham တက္ကသိုလ်မှ ရေခဲပြင်ပညာရှင် ခရစ်စ် စတုတ်စ် (Chris Stokes) က ပြောကြားခဲ့သည်။

၎င်းသည် ကမ္ဘာ့ကမ်းရိုးတန်းတွင်နေထိုင်သော ဒေသခံများအတွက် တည်ရှိနေသော ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ လူဦးရေ သန်း ၂၃၀ ခန့်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁ မီတာ (၃.၂ ပေ) အောက်တွင် နေထိုင်ကြသည်။ ရေခဲလွှာများတွင် ထိန်းသိမ်းထားသော ရေခဲပမာဏ အနည်းငယ်ပြောင်းလဲမှုသည်ပင် ကမ္ဘာ့ကမ်းရိုးတန်းများကို “နက်နဲစွာပြောင်းလဲ” စေကာ လူသန်းပေါင်းများစွာကို နေရာများရွှေ့ပြောင်းစေကာ လိုက်လျောညီထွေနေထိုင်နိုင်မည့် အခြေအနေမရှိတော့ဘဲ ပျက်စီးသွားစေနိုင်ကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။

ရာစုနှစ်အကုန်တွင် ပင်လယ်ရေပြင်သည် တစ်နှစ်လျှင် ၀.၄ လက်မအထိ မြင့်တက်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်။

ရာစုနှစ်တစ်ခုတွင် လက်မ ၄၀ နှင့် ညီမျှသည့် ဤအဆင့်တွင် “ ခေတ်သစ်ယဉ်ကျေးမှု ကတည်း က ကျွန်ုပ်တို့ မတွေ့ဖူးသည့် အတိုင်းအတာများပေါ်တွင် ကြီးမားသော မြေယာရွှေ့ပြောင်းမှုကို သင်တွေ့လိမ့်မည်” ဟု Bristol တက္ကသိုလ်မှ လေ့လာမှုရေးသားသူနှင့် ရေခဲပြင်ပညာရှင် Jonathan Bamber က ပြောကြားခဲ့သည်။

ဥပမာအားဖြင့် ဂရင်းလန်းရေခဲလွှာကို မတည်မငြိမ်ဖြစ်စေရန် အပူချိန် ၃ ဒီဂရီစင်တီ ဂရိတ်ဝန်းကျင်တွင် ပူနွေးလာရန် လိုအပ်သည်ဟု အစောပိုင်းမော်ဒယ်ပုံစံက အကြံပြုထားသော်လည်း မကြာသေးမီက ခန့်မှန်းချက်များအရ ၎င်းသည် ၁ ဒသမ ၅ ဒီဂရီဝန်းကျင်သာ ရှိမည်ဟု အကြံပြုထားသည်။

နောက်ထပ် ရေခဲလွှာများ တစ်ခုမှ တစ်ခု လျင်မြန်စွာ ပြိုကျခြင်းကို ရှောင်ရှားရန် စက်မှုခေတ်မတိုင်မီ အဆင့်များထက် ၁ ဒီဂရီ ပိုမိုနီးကပ်စေရန် ကမ္ဘာကြီး ပူနွေးလာမှုကို ကန့်သတ်ခြင်း ဖြစ်သည်ဟု လေ့လာမှု ပညာရှင်များက သုံးသပ်ထားသည်။

ကမ္ဘာသည် ရေခဲဆုံးရှုံးမှုနှင့် ပတ်သက်၍ အဆိုးဆုံးအခြေအနေအချို့ကို စတင်မြင်နေရပြီဟု စတုတ်စ်မှ ပြောကြားခဲ့သည်။

“ဒီမှာ ကျွန်တော်တို့ကို မျှော်လင့်ချက်ပေးတယ်ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေတာ နည်းနည်းပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။ “ပကတိအကောင်းဆုံး အခြေအနေ ကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုဟာ နှေး‌နှေးမှန်မှန်နဲ့ တက်နေခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ အပူချိန် 1.5 ကို ကန့်သတ်ခြင်းသည် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ပစ်မှတ်ဖြစ်သင့်သည်၊ သို့သော် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှင့် ရေခဲလွှာများ အရည်ပျော်ခြင်းကို နှေးကွေးစေမည် သို့မဟုတ် ရပ်တန့်မည်မဟုတ်ပါ။”

“ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဟာ နောင်လာနောက်သား မျိုးဆက်တွေ ရင်ဆိုင်ရမယ့် အခြေအနေတွေနဲ့ယှဉ်ရင် အများကြီး နည်းပါးပါတယ်” ဟု ၎င်းက ဆိုသည်။ ပြဿနာကို ဖြစ်ပေါ်စေတဲ့သူတွေ အသက်ရှင်ရက် မရှိတော့တဲ့အခါကျရင် တကယ့်ကပ်ဆိုးကြီးက နောက်မျိုးဆက်တွေရှိနေတဲ့ လမ်းပေါ်ကို ရောက်လာလိမ့်မယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 16 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန်

ပါကစ္စတန်မြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး ၃၁ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်။ ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦးကြောင့် အနည်းဆုံး လူ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုမန်တွင် အမေရိကန်နှင့် အီရန်တို့ အရေးပါသော ဆွေးနွေးပွဲများ ပြုလုပ်ပြီးစီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက် အိုမန်နိုင်ငံတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးခဲ့ကြ ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “ အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ “ အီရန်က သဘောတူညီမှုတစ်ခုရဖို့
နိုင်ငံတကာသတင်း အီရန်

ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူတို့၏ ဂူဗိမာန်ဘေးဝယ် ကြေကွဲနေသော အီရန်နိုင်ငံသားများ နှုတ်ဆိတ်နေရန် ဖိအားပေးခံထားရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် တီဟီရန်မြို့ — ကြာသပတေးနေ့ ညနေခင်းများတွင် တီဟီရန်မြို့၏ အကြီးဆုံးသော သုသာန်ကြီးမှာ ကွယ်လွန်သွားသော ချစ်ခင်ရသူများကို လာရောက် ဂါရဝပြုကြသူများဖြင့် သက်ဝင်လှုပ်ရှားလာလေ့ရှိသည်။ အစိုးရဆန့်ကျင်ရေး
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာဖရိက

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းသို့ ရုရှားနိုင်ငံက အာဖရိကန်အမျိုးသားများအား အလုပ်အကိုင်ကောင်းများပေးမည်ဟု လိမ်လည်ဖြားယောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေသည့်အကြောင်း CNN သတင်းဌာန၏ စုံစမ်းထောက်လှမ်းချက်မှ အဓိကအချက်များနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 33 Views
CNN -၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက် အာဖရိကနိုင်ငံများ ဖြစ်သည့် ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ယူဂန်ဒါတို့ မှ အမျိုးသားများအား လျှပ်စစ်အင်ဂျင်နီယာ၊ လုံခြုံရေးဝန်ထမ်း သို့မဟုတ် ယာဉ်မောင်းအလုပ်များ ပေးမည်ဟု ဆိုကာ ရုရှားအေးဂျင့်များက လိမ်လည် စည်းရုံး၍စစ်တိုက်ခိုင်းရန်စုဆောင်းခဲ့ကြသည်။
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အက်ပ်စတိုင်း(Epstein) မုန်တိုင်းကြောင့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ရာထူးမှ ပြုတ်ကျ သွားနိုင်သည် – သို့သော် ၎င်းတွင် ထရမ့် မပါဝင်ပါ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နှင့် မည်သည့်အခါမျှ ပတ်သက်ဆက်နွှယ်မှု မရှိခဲ့ဖူးသော်လည်း၊ အက်ပ်စတိုင်းကြောင့်ပင် သူ၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

အဓိက နျူကလီးယား လက်နက် စာချုပ်တစ်ခု သက်တမ်းကုန်ဆုံးတော့မည် – ၎င်းသည် ရုရှား၏ စူပါပါဝါ အဆင့်အတန်း ကျဆင်းလာခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက် ဆိုဗီယက်ယူနီယံ ဟောင်း ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားသည် နိုင်ငံတကာ စင်မြင့်ထက်တွင် သိသိသာသာ အင်အားချည့်နဲ့လာသည့် ပုံရိပ်ကို ပြသခဲ့သည်။ အမေရိကန်သမ္မတ ရော်နယ် ရေဂင်က တစ်ချိန်က “ မိစ္ဆာအင်ပါယာ”
နိုင်ငံတကာသတင်း လစ်ဗျား အရှေ့အလယ်ပိုင်း

လစ်ဗျားခေါင်းဆောင်ဟောင်း၏သား ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ အသတ်ခံရ ကြောင်း သတင်းထွက်ပေါ်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
ရိုက်တာ – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် လစ်ဗျားခေါင်းဆောင်ဟောင်း ကာနယ် မူအမ္မာ ကဒါဖီ၏သားဖြစ်သူ ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ (Saif al-Islam Gaddafi) သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း