နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးထားတဲ့ ဗိုလ်ချုပ်ချိုထွန်းအောင် ရန်ကုန်မှာ ပစ်ခတ်ခံရပြီး သေဆုံး

မေလ (၂၂)ရက်။

ဒီကနေ့ နံနက်ပိုင်းအချိန်က ရန်ကုန် မရမ်းကုန်းမြို့ အေဝမ်းလမ်းပေါ်မှာ ဗိုလ်ချုပ်ချိုထွန်းအောင် သေနတ်နဲ့ပသ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Golden Valley Warriors ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဒီကနေ့ နံနက်ပိုင်း မရမ်းကုန်းမြို့ အေဝမ်းလမ်းပေါ်မှာ ပြုလုပ်ခဲ့တဲ့ မစ်ရှင် အောင်မြင်ခဲ့ပြီး ရဲဘော်တွေ လုံခြုံပြီဖြစ်ပါတယ်။ ဗိုလ်ချုပ်ချိုထွန်းအောင်က ကာကွယ်ရေးတက္ကသိုလ်မှာ လုံခြံရေးနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဘာသာရပ်နဲ့ နိုင်ငံတကာဆက်ဆံရေးဘာသာ‌ရပ်ကို သင်ကြားနေတာ” လို့ ဆိုပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်ချုပ်ချိုထွန်းအောင်ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  လူကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ် ပေးအပ်ခဲ့ပြီး ရွှေချိန် (၅)ကျပ်သားပါ ဂုဏ်ပြုဆုကို တပါထဲပေးခဲ့တာလို့ ဖော်ပြထားပါတယ်။

အခုလို ဗိုလ်ချုပ်ချိုထွန်းအောင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေကလဲ အတည်ပြုဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ချိုထွန်းအောင်ဟာ မရမ်းကုန်းရှိ နေအိမ်ခြံရှေ့ သရက်ပင်ကနေ သရက်သီးမှည့်တွေခူးပြီး အိမ်နီးချင်းတွေကို ဝေနေချိန် Mask တပ်ထားသူ (၂)ဦးက အနီးကပ် ပစ်ခတ်ခဲ့တာလို့ ရေးသားထားကြပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဗိုလ်ချုပ်ချိုထွန်းအောင်ကို မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ချိန် လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Golden Valley Warriors အနေနဲ့ စစ်တပ်ရဲ့ အကြီးစားထောက်တိုင်တွေကို အဆက်မပြတ် သတင်းထောက်လှမ်းနေပြီး လေယာဉ်မှူးတွေရဲ့ အချက်အလက်တွေကိုလဲ စုဆောင်းနေကာ သတင်းတွေရရှိပါက ပေးပို့ကြဖို့ တောင်းဆိုထားပါတယ်။

မြို့ပြပျောက်ကျားတွေဟာ ရန်ကုန်မြို့ပေါ်မှာပဲ ပြည်သူတွေနဲ့ တသားထဲ အတူရှိနေကာ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်တိုင်တွေကို ပြည်သူ့အားနဲ့ ဖြိုချကြမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲမှာ စစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 1 Views
ဒီဇင်ဘာလ (၂၂)ရက်။ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

“ဘယ်သူတွေကလမ်းမှားလျှောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 22 Views
NUG ကလမ်းတွေပျောက် တပ်ပေါင်းစုကလမ်းမှန်ရောက်” ဒီအပတ်တနင်္ဂနွေနေ့ ဆွေးနွေးမဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များဆွေးနွေးတင်ဆက်မှု (၂၆)ကြိမ်မြောက်အဖြစ်ခေတ်မျက်လုံးက စစ်ခေါင်းဆောင်က NCA သဘောတူညီမှုကနေ ထွက်သွားသူများဟာလမ်းမှားလျှောက်နေသူများဖြစ်တယ်ဆိုတဲ့ပြောဆိုချက်၊ NUG သမတကြီးဒူးဝါးလရှီးလ
မြန်မာသတင်း

ဂျက်ဖရီအက်ဖ်ဖိုင်များထဲတွင် ဘာတွေပါဝင်သလဲ?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 47 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက် အမေရိကန် တရားရေးဌာန (DOJ) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ဂျက်ဖရီ အက်က်စတိန်း (Jeffrey Epstein) နဲ့ ပတ်သက်တဲ့ ဖိုင်တွဲအသစ်တွေကို စတင်ထုတ်
မြန်မာသတင်း

မင်းတပ်မြို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်မလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 49 Views
ဒီဇင်ဘာလ (၂၀)ရက်။ မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့ထဲ အဲ့ဒီကာလတွေမှာ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့
မြန်မာသတင်း

ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အသီးသီးကို KSPP မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 38 Views
ဒီဇင်ဘာလ (၂၀)ရက်။ ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အစည်းအသီးသီးကို ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က မနေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ KSPP ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်စဉ်တိုင်းမှာ အစဉ်အမြဲပါဝင်နေတဲ့ပါတီလို့
မြန်မာသတင်း

စဉ့်ကူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၀)ရက်။ ‌မနေ့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးတမြို့လုံးကို ပြန်လည်းသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာတို့ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ စစ်ကြောင်းတွေခွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ
မြန်မာသတင်း

အခုနှစ်ကုန်ပိုင်းကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ကြောင်း KA သတိပေးချက်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီကနေ့ကစပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ အရေးကြီးကာလအနေနဲ့ ကရင်နီပြည်‌တပ်‌မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးချက်ထုတ်ပြန်ထားတယ်လို သိရပါတယ်။ KA စစ်ဦးစီးချုပ်က အဲ့ဒီကာလကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ထားတာကို ကရင်နီပြည်သူ၊ ကရင်နီပြည်နယ်
မြန်မာသတင်း

NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့သူအချို လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 46 Views
ဒီဇင်ဘာလ (၁၉)ရက်။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေ NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အချိုက လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဒီကနေ့ ကရင်ပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ စစ်တပ်အနေနဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ