နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကျေးရွာနေပြည်သူတွေ ထွက်ပြေးနေရ

မေလ (၂၃)ရက်။

ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်း (၃)ကြောင်းနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ အဲ့ဒီစစ်ကြောင်းတွေက ဇီးကုန်းတိုက်နယ်မှာ စစ်ကြောင်းတစ်ကြောင်း၊ ချပ်သင်းအထိုင်ကထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ ကိုးထောင်ဘို့အထိုင်ကနေ ထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်းပေါ့။ အဲ့ဒီစစ်ကြောင်းတွေမှာ ပျူစောထီးတွေနဲ့ စကစ အင်အား (၁၇၀)ကျော်လောက်ပါတယ်၊ အခုတော့ သင်တောရွာမှာ အထိုင်ချပြီး ဘန်ကာတွေဆောက်နေတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေထဲ ဇီးကုန်းတိုက်နယ်က ထွက်လာတဲ့ စစ်ကြောင်းဟာ ကန့်ဘလူ(၆၀၀၆)ကို ဝင်ရောက်သွားပြီး ကျန်စစ်ကြောင်း (၂)ကြောင်းမှာ ပျုစောထီးတွေအပါအဝင် အင်အား (၁၇၀)ကျော်ရှိကာ သင်တောရွာမှာ အထိုင်ချတပ်စွဲကာ ဘန်ကာတွေ ဆောက်လုပ်နေကြတယ်လို့ သိရပါတယ်။

ချပ်သင်းအထိုင်ကထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား (၈၀)နဲ့ ကိုးထောင်ဘို့ကထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား (၉၀)ကျော်တို့ဟာ အနီးရှိ ကျေးရွာတွေကနေ ပြည်သူပိုင်ပစ္စည်းတွေ ကျွဲ၊နွားနဲ့ လှည်းတွေကိုပါ ခိုးယူနေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းကာ စစ်ကြောင်း (၂)ကြောင်း ထိုးလာတာကြောင့် ကိုးတောင်ဘို့တိုက်နယ်နဲ့ ချပ်သင်းတိုက်နယ်တို့က ကံကြီး၊ ပေါက်ဆိန်ကုန်း၊ သင်တော၊ အောက်တဲ၊ ဇော်ချောင်း၊ မိဿလင်ကုန်းနဲ့ အနီးရှိ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေကြရပါတယ်။

အဲ့ဒီကျေးရွာတွေဟာ ကိုးတောင်ဘို့နဲ့ ချပ်သင်း စစ်ကောင်စီအထိုင်တို့နဲ့ နီးကပ်ပြီး အမြဲစစ်ရှောင်နေရတာ (၃)နှစ်နီးပါးကြာမြင့်တဲ့ ကျေးရွာတွေဖြစ်ပြီး အခုနောက်ပိုင်းမှသာ ရွာတွေထဲ ခဏဝင်ရောက်နေထိုင်ကြတာလို့ သိရပါတယ်။

ဒါ့အပြင် မေလ (၂၁)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မလည်တိုက်နယ်ရှိ ကျောက်မြေရွာနဲ့ နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က ချပ်သင်းနဲ့ ကိုးတောင်ဘို့တိုက်နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ချပ်သင်းတိုက်နယ်ရှိ ပေါက်ဆိန်ကုန်းရွာက အသက်(၆၀)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သင်တောရွာက အမျိုးသမီး (၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 28 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 31 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ