နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို မနက်ဖြန်သင်္ဂြိုလ်မယ်လို့ဆို

မေလ (၂၃)ရက်။

ရန်ကုန် မရမ်းကုန်းမြို့ရှိ နေအိမ်ရှေ့မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို မေလ (၂၄)ရက်နေ့မှာ သင်္ဂြိုလ်သွားမယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ‌ဖော်ပြထားချက်အရ သိရပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ဟာ မနေ့က နံနက်ပိုင်းအချိန် မရမ်းကုန်းမြို့ရှိ နေအိမ်ရှေ့မှာ သေနတ်သမား (၂)ဦးရဲ့ ပစ်ခတ်တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ချိန် လမ်းမှာ သေဆုံးခဲ့တာပါ။

ချိုထွန်းအောင်ကို ပစ်ခတ်ခဲ့ပြီး စစ်ဆင်ရေးအောင်မြင်ခဲ့ကာ ရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်တဲ့ Golden Valley Warriors က ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို မေလ (၂၄)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်မှာ အမှတ်(၁)၊ မင်္ဂလာဒုံစစ်ဆေးရုံကြီး ငြိမ်းအေးဇရပ်မှာ ပို့ဆောင်သင်္ဂြိုလ်မှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ချိုထွန်းအောင်ကို ၂၀၂၃ခုနှစ်မှာ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင်က ဝဏ္ဏကျော်ထင်ဘွဲ့ကို လူကိုယ်တိုင် ပေးအပ်ခဲ့သလို ရွှေအချိန် (၅)ကျပ်သားကို ဂုဏ်ပြုဆုအနေနဲ့ တပါထဲ ပေးအပ်ခဲ့တာပါ။

အခုလို ချိုထွန်းအောင် ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီက စီစီတီဗီမှတ်တမ်းတွေနဲ့ အပူတပြင်း စုံစမ်းဖော်ထုတ်နေကာ မြို့ပြပြောက်ကျားအဖွဲ့ဘက်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောဆိုထားပါတယ်။

အခုဖြစ်စဉ်ဟာ ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ကို ရောက်ရှိနေချိန် ဖြစ်ပွားခဲ့တဲ့အတွက် လုံခြုံရေးနဲ့ပတ်သက်ပြီး သတိပေးပြောဆိုခံနေရတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲမှာ စစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 0 Views
ဒီဇင်ဘာလ (၂၂)ရက်။ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

“ဘယ်သူတွေကလမ်းမှားလျှောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 21 Views
NUG ကလမ်းတွေပျောက် တပ်ပေါင်းစုကလမ်းမှန်ရောက်” ဒီအပတ်တနင်္ဂနွေနေ့ ဆွေးနွေးမဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များဆွေးနွေးတင်ဆက်မှု (၂၆)ကြိမ်မြောက်အဖြစ်ခေတ်မျက်လုံးက စစ်ခေါင်းဆောင်က NCA သဘောတူညီမှုကနေ ထွက်သွားသူများဟာလမ်းမှားလျှောက်နေသူများဖြစ်တယ်ဆိုတဲ့ပြောဆိုချက်၊ NUG သမတကြီးဒူးဝါးလရှီးလ
မြန်မာသတင်း

ဂျက်ဖရီအက်ဖ်ဖိုင်များထဲတွင် ဘာတွေပါဝင်သလဲ?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 47 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက် အမေရိကန် တရားရေးဌာန (DOJ) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ဂျက်ဖရီ အက်က်စတိန်း (Jeffrey Epstein) နဲ့ ပတ်သက်တဲ့ ဖိုင်တွဲအသစ်တွေကို စတင်ထုတ်
မြန်မာသတင်း

မင်းတပ်မြို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်မလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 49 Views
ဒီဇင်ဘာလ (၂၀)ရက်။ မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့ထဲ အဲ့ဒီကာလတွေမှာ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့
မြန်မာသတင်း

ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အသီးသီးကို KSPP မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 38 Views
ဒီဇင်ဘာလ (၂၀)ရက်။ ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အစည်းအသီးသီးကို ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က မနေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ KSPP ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်စဉ်တိုင်းမှာ အစဉ်အမြဲပါဝင်နေတဲ့ပါတီလို့
မြန်မာသတင်း

စဉ့်ကူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၀)ရက်။ ‌မနေ့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးတမြို့လုံးကို ပြန်လည်းသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာတို့ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ စစ်ကြောင်းတွေခွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ
မြန်မာသတင်း

အခုနှစ်ကုန်ပိုင်းကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ကြောင်း KA သတိပေးချက်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီကနေ့ကစပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ အရေးကြီးကာလအနေနဲ့ ကရင်နီပြည်‌တပ်‌မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးချက်ထုတ်ပြန်ထားတယ်လို သိရပါတယ်။ KA စစ်ဦးစီးချုပ်က အဲ့ဒီကာလကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ထားတာကို ကရင်နီပြည်သူ၊ ကရင်နီပြည်နယ်
မြန်မာသတင်း

NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့သူအချို လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 46 Views
ဒီဇင်ဘာလ (၁၉)ရက်။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေ NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အချိုက လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဒီကနေ့ ကရင်ပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ စစ်တပ်အနေနဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ