နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား တားမြစ်လိုက်ပြီး လက်ရှိ ကျောင်းသားများကို လွှဲပြောင်းပေးရန် တောင်းဆို၊ ဟားဗတ်တက္ကသိုလ်က ပြန်လည်တရားစွဲ

မေလ (၂၃) ရက်။

ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား ရုပ်သိမ်းလိုက်သည်။ တက္ကသိုလ်နှင့်ပတ်သက်၍ အစိုးရမှ တောင်းဆိုသော မူဝါဒအပြောင်းအလဲများကို ငြင်းဆန်သည့်အခါမှ စတင်ခဲ့သော တက္ကသိုလ်နှင့် ထရန့်အစိုးရတို့၏ ပဋိပက္ခသည် ပိုမိုနက်ရှိုင်းလာသည်။

“ ဟားဗတ်တက္ကသိုလ်သို့ နိုင်ငံတကာကျောင်းသားတွေကို ဝင်ခွင့်မပြုတော့ဘဲ လက်ရှိနိုင်ငံတကာကျောင်းသားများသည် အခြားတက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ရန်နှင့် မပြောင်းရွှေ့ပါက ၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးအဆင့်အတန်း ဆုံးရှုံးမည်ဖြစ်သည်” ဟု အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမိမြေလုံခြုံရေးဌာနဝန်ကြီး ခရစ်စတီနုံးမ် (Kristi Noem) က တက္ကသိုလ်၏ ကျောင်းသားနှင့် လဲလှယ်ဧည့်သည် အစီအစဉ် (SEVP) အတွက် အသိအမှတ်ပြုခြင်းအား ရုတ်သိမ်းရန် အမိန့်ပေးခဲ့သည်။ နုံးမ်သည် ပြီးခဲ့သောလတွင် တက္ကသိုလ်သည် နိုင်ငံတကာကျောင်းသားများကြားတွင် “အကျင့်ပျက်မှုနှင့် ကြမ်းတမ်းသောအပြုအမူ” ဆိုင်ရာ အသေးစိတ်မှတ်တမ်းများကို ဧပြီလကုန်တွင် တင်သွင်းရန်နှင့် မတင်သွင်းပါက တက္ကသိုလ်အား ၎င်း၏ SEVP သတ်မှတ်ခြင်းကို ရုပ်သိမ်းမည်ဖြစ်ကြောင်း တက္ကသိုလ်အား ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ အဆိုအရ SEVP မှ အသိအမှတ်ပြုထားသော တက္ကသိုလ်များသည် အမေရိကန် ဝင်ခွင့်ဗီဇာ လျှောက်ထားရာတွင် အသုံးပြုနိုင်သည့် နိုင်ငံတကာ ကျောင်းသားများအား ဝင်ခွင့်စာရွက်စာတမ်းများ ထုတ်ပေးနိုင်သည်။

ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်းကြောင့် ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသား အတော်များများကို ထိခိုက်နိုင်ဖွယ်ရှိသည်။ လက်ရှိတွင် နိုင်ငံတကာ ကျောင်းသား ၉၉၇၀ စာရင်းသွင်းထားသည်။ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၄ တွင်ဝင်ရောက်သော နိုင်ငံတကာကျောင်းသားများသည် ၂၇.၂% ဖြစ်သည်။

ဟားဗတ်တက္ကသိုလ်က အစိုးရလုပ်ရပ်များသည် ဥပဒေနှင့် မညီကြောင်း ရှုတ်ချသည့် ကြေညာချက်တစောင်ကို လျင်မြန်စွာ ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာကျောင်းသားများသည် တက္ကသိုလ်နှင့် အမေရိကန်ပြည်ထောင်စုကို တိုင်းတာ၍မရနိုင်လောက်အောင် ကြွယ်ဝချမ်းသာမှုကို ပေးစွမ်းခဲ့သည်ဟု ပြောဆိုခဲ့ပြီး နိုင်ငံတကာကျောင်းသားများကို ဆက်လက်လက်ခံနိုင်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

တက္ကသိုလ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ ဤလက်တုံ့ပြန်မှုသည် ကျွန်ုပ်တို့တက္ကသိုလ်နှင့် အမေရိကန်ပြည်ထောင်စုကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး ကျွန်ုပ်တို့၏ပညာရေးနှင့် သုတေသနမစ်ရှင်ကို ထိခိုက်စေနိုင်သည့်အတွက် စိုးရိမ်ကြောင်း” ဖော်ပြခဲ့သည်။

ဟားဗတ်တက္ကသိုလ်သည် နိုင်ငံတကာကျောင်းသားများကို ကျောင်းလက်ခံခြင်းမပြုရန် တားမြစ်သည့်အတွက် ဒေါ်နယ်ထရန့်၏ အစိုးရကို ယနေ့ မေလ (၂၃) ရက်နေ့တွင် တရားစွဲခဲ့ပြီး တက္ကသိုလ်အဖွဲ့အစည်းနှင့် ထရန့်အစိုးရအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။

ဓာတ်ပုံ

ဟားဗတ်တက္ကသိုလ်/Charles Krupa/AP via CNN Newsource

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော