နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားနိုင်ငံကို တန်ပြန်ရန် လစ်သူယေးနီးယားသို့ ဂျာမန်တပ်ဖွဲ့များ စေလွှတ်

မေလ (၂၃) ရက်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနိုင်ငံကို တန်ပြန်ရန် ပထမဆုံးအကြိမ် လစ်သူယေးနီးယားနိုင်ငံသို့ ဂျာမန်တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။

ဂျာမန်တပ်များသည် လစ်သူယေးနီးယားနိုင်ငံ အရှေ့ပိုင်းတွင် တပ်စွဲရန် စတင်လိုက်ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက နိုင်ငံခြားတွင် ဂျာမန်တပ်များ စေလွှတ်တပ်စွဲခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည် ဖြစ်သည်။

ဂျာမန်အဓိပတိ ဖက်ဒရစ်မာ့ဇ် (Friedrich Merz) နှင့် ကာကွယ်ရေးဝန်ကြီး ဘိုရစ်စ် ပစ်စ်တိုးရီးရပ်စ် (Boris Pistorius) တို့သည် လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗီးလ်နီးရပ်စ် (Vilnius) တွင် တပ်ဖွဲ့ဝင်များ နေရာချထားရေး အခမ်းအနားကို လစ်သူယေးနီးယားသမ္မတ ဂစ်တားနပ်စ် နောက်ဆီဒါ (Gitanas Naseda) နှင့်အတူ မေလ ၂၂ ရက်နေ့က တက်ရောက်ခဲ့သည်။

“ ဥရောပမှာ ငြိမ်းချမ်းရေး ပြိုကျသွားပြီ။ ကျွန်တော်တို့ဟာ ဒုတိယကမ္ဘာစစ်ရဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေကနေ လေ့လာသင်ယူပြီး အားလုံးတစ်စုတစ်စည်းနဲ့ တည်ဆောက်လာတဲ့ တည်ငြိမ်မှုကို ရုရှားဟာ နေ့တိုင်း ခြိမ်းခြောက်နေတယ်” ဟု မာ့ဇ်က ပြောကြားခဲ့သည်။

လစ်သူယေးနီးယားနိုင်ငံသည် လတ်ဗီးယားနှင့် ပိုလန်တို့နှင့် နယ်မြေချင်းထိစပ်နေပြီး အနောက်ဖက်မှာ ရုရှားပိုင်နယ်မြေ ကျော်ဖြတ် ကာလီနင်ဂရတ် တို့တည်ရှိပြီး အရှေ့ဘက်တွင် ရုရှား၏မဟာမိတ် ဘီလာရုစ် (Belarus) တို့ တည်ရှိပါတယ်။

BBC ဂျပန်သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား တားမြစ်လိုက်ပြီး လက်ရှိ ကျောင်းသားများကို လွှဲပြောင်းပေးရန် တောင်းဆို၊ ဟားဗတ်တက္ကသိုလ်က ပြန်လည်တရားစွဲ

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 9 Views
မေလ (၂၃) ရက်။ ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား ရုပ်သိမ်းလိုက်သည်။ တက္ကသိုလ်နှင့်ပတ်သက်၍ အစိုးရမှ တောင်းဆိုသော
နိုင်ငံတကာသတင်း အမေရိကန်

ဒီတစ်နှစ်အတွင်း အမေရိကန်မှာ သဌေးတွေ ပိုပြီး ချမ်းသာသွားပြီ။ ထက်ဝက်ကျော် အီလွန်မတ်အက်စ်ဆီ ရောက်သွား

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 24 Views
++++++++++++++++++++++++ မေလ (၂၂) ရက်။ အမေရိကန်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးသည် ပြီးခဲ့သောနှစ်တွင် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ
နိုင်ငံတကာသတင်း အာရှ

ဆန်တစ်ခါမှ မဝယ်ဖူးဘူးလို့ ပြောခဲ့တဲ့ ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး နှုတ်ထွက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 33 Views
မေလ (၂၁) ရက်။ စိုက်ပျိုးရေးဝန်ကြီးအသစ်အဖြစ် “ ကိုအိဇူမီ” ကို အစားထိုးခန့်အပ် စိုက်ပျိုးရေးဝန်ကြီးအသစ်က “ ကိုအိဇူမီ” က ဝယ်လိုအားရှိပါက သိုလှောင်ထားတဲ့ ဆန်ပမာဏ အကန့်အသတ်မရှိ ပံ့ပိုးပေးမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
နည်းပညာ နိုင်ငံတကာသတင်း ရာသီဥတု

ကမ္ဘာ့ရေခဲလွှာများပျော်ကျလာသည့်အတွက် ကမ်းရိုးတမ်းများသည် ရေမြုပ်မည့် အန္တရာယ်ကျရောက်လာမည်။

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 19 Views
ကမ္ဘာ့ရေခဲလွှာများသည် ပျော်ကျပျောက်ကွယ်သွားတော့မည့် ဆိုးရွားသော ကြိုတင်ခန့်မှန်းချက်တစ်ခုကို ရရှိထားပြီး ကမ်းရိုးတန်းများသည် ယင်းအတွက် ခံစားရတော့မည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်အတွင်း ထိန်းထားနိုင်သော်လည်း ကမ္ဘာ့ရေခဲလွှာများပျော်ကျနေခြင်းသည် ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာပြီး ကမ်းရိုးတန်းများဆီသို့ “ ကပ်ဆိုးကြီး” ရွှေ့ပြောင်းရောက်ရှိလာခြင်းများကို ဖြစ်ပေါ်စေမည်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်ကို မလိုအပ်ကြောင်း ပူတင်က ပုံစံအမျိုးမျိုးနဲ့ ပြသနေ

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 19 Views
ထရန့်အဆိုပြုခဲ့သည့် ခြွင်းချက်မရှိ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းနှင့် ဥရောပမဟာမိတ်များက ထောက်ခံခဲ့ကြပြီး ပူတင်အတွက်ဖိအားပေးမှုဖြစ်လာခဲ့သည်။ ပူတင်ကမည်ကဲ့သို့ တုံ့ပြန်မည်အပေါ် မှုပေါ် မူတည်၍ နှစ်ပတ် သို့မဟုတ် သုံးလကြာ အပစ်အခတ်ရပ်စဲရေးကို တည်ဆောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 25 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။ ရွှေ့ပြောင်းအခြေချများ၏ ရှေ့နေများက တောင်ဆူဒန်မှမဟုတ်သည့်သူများကို ထိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းသည် တရားရုံးအမိန့်ကို ဖောက်ဖျက်ကြောင်း ထောက်ပြခဲ့ကြပြီး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က အစ္စရေး၏ ဂါဇာကမ်းမြောင် ကျူးကျော်မှုကို ရှုတ်ချပြီး ဆက်လက်လုပ်ဆောင်ပါက ပိတ်ဆို့မှုများ ချမှတ်မည်ဟုဆို

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 27 Views
မေလ (၂၀) ရက်။ ပါလက်စတိုင်းထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက မြေပြင်ကျူးကျော်မှုအသစ် စတင်လိုက်ပါတယ်။ ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ဓားစာခံများ လွှတ်ပေးရေး သဘောတူညီချက် မရရှိဘဲ အရှေ့အလယ်ပိုင်းမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထွက်ခွာပြီး မကြာမီမှာပဲ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံတွင် တချို့က ထရန့်ကို မော်စီတုံး၏တစ္ဆေအဖြစ် ရှုမြင်ကြသည်

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 24 Views
+++++++++++++++ ဒင်းသည် ၎င်း၏ ဆယ်ကျော်သက်အရွယ်တွင် ဥက္ကဌ မော်စီတုံး၏ တော်လှန်သော အတွေးအခေါ်များကို ထက်သန်စွာ ယုံကြည်သူအဖြစ် တရုတ်နိုင်ငံတွင် ကြီးပြင်းလာခဲ့သည်။ သို့သော်သူ့အနေနှင့် ထိုအမှတ်တရအဖြစ်အပျက်များကို လက်ရှိအမေရိကန်သမ္မတကြီးက ပြန်လည်အမှတ်ရ စေလိမ့်မည်ဟု မည်သည့်အခါကမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ ၁၉၆၆