နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားနိုင်ငံကို တန်ပြန်ရန် လစ်သူယေးနီးယားသို့ ဂျာမန်တပ်ဖွဲ့များ စေလွှတ်

မေလ (၂၃) ရက်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနိုင်ငံကို တန်ပြန်ရန် ပထမဆုံးအကြိမ် လစ်သူယေးနီးယားနိုင်ငံသို့ ဂျာမန်တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။

ဂျာမန်တပ်များသည် လစ်သူယေးနီးယားနိုင်ငံ အရှေ့ပိုင်းတွင် တပ်စွဲရန် စတင်လိုက်ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက နိုင်ငံခြားတွင် ဂျာမန်တပ်များ စေလွှတ်တပ်စွဲခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ဂျာမန်အဓိပတိ ဖက်ဒရစ်မာ့ဇ် (Friedrich Merz) နှင့် ကာကွယ်ရေးဝန်ကြီး ဘိုရစ်စ် ပစ်စ်တိုးရီးရပ်စ် (Boris Pistorius) တို့သည် လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗီးလ်နီးရပ်စ် (Vilnius) တွင် တပ်ဖွဲ့ဝင်များ နေရာချထားရေး အခမ်းအနားကို လစ်သူယေးနီးယားသမ္မတ ဂစ်တားနပ်စ် နောက်ဆီဒါ (Gitanas Naseda) နှင့်အတူ မေလ ၂၂ ရက်နေ့က တက်ရောက်ခဲ့သည်။

“ ဥရောပမှာ ငြိမ်းချမ်းရေး ပြိုကျသွားပြီ။ ကျွန်တော်တို့ဟာ ဒုတိယကမ္ဘာစစ်ရဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေကနေ လေ့လာသင်ယူပြီး အားလုံးတစ်စုတစ်စည်းနဲ့ တည်ဆောက်လာတဲ့ တည်ငြိမ်မှုကို ရုရှားဟာ နေ့တိုင်း ခြိမ်းခြောက်နေတယ်” ဟု မာ့ဇ်က ပြောကြားခဲ့သည်။

လစ်သူယေးနီးယားနိုင်ငံသည် လတ်ဗီးယားနှင့် ပိုလန်တို့နှင့် နယ်မြေချင်းထိစပ်နေပြီး အနောက်ဖက်မှာ ရုရှားပိုင်နယ်မြေ ကျော်ဖြတ် ကာလီနင်ဂရတ် တို့တည်ရှိပြီး အရှေ့ဘက်တွင် ရုရှား၏မဟာမိတ် ဘီလာရုစ် (Belarus) တို့ တည်ရှိပါတယ်။

BBC ဂျပန်သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို တိုက်ခိုက်ရာမှာ အမေရိကန်လုပ် တိုက်လေယာဉ်တွေ အသုံးပြုထားတဲ့ဓာတ်ပုံကို အစ္စရေးစစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 2 Views
ဇွန်လ (၁၃) ရက်။ ၁၃ ရက်နေ့တွင် အစ္စရေးစစ်တပ်မှ ထုတ်ပြန်သော ဓာတ်ပုံများ၌ အမေရိကန်လုပ် F-35၊ F-15 နှင့်
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန်စစ်တပ် ဦးစီးချုပ် ဘာဂရီလည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ ကြေညာ

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 1 Views
ဇွန်လ (၁၃) ရက်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အီရန်စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ် မိုဟာမက်ဘာဂရီ (Mohammad Bagheri) သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်
နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယအကြိမ်မြောက် ကြိုးစား၍ စစ်ရေယာဉ်အားရေချမှု အောင်မြင်ကြောင်း မြောက်ကိုရီးယား က ထုတ်ပြန်ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 12 Views
ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ် ပထမအကြိမ် ရေချရန် ကြိုးပမ်းစဉ်အတွင်း ဘေးစောင်းလဲကျသွားပြီးနောက် တစ်လမပြည့်မီတွင် တန် ၅၀၀၀ အလေးချိန်ရှိ ၎င်း၏ ရေတပ် ဖျက်သင်္ဘောသစ်ကို အောင်မြင်စွာ ပြန်လည်ရေချနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

ဒုတိယအကြိမ်မြောက် ကြိုးစား၍ စစ်ရေယာဉ်အားရေချမှု အောင်မြင်ကြောင်း မြောက်ကိုရီးယား က ထုတ်ပြန်ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ် ပထမအကြိမ် ရေချရန် ကြိုးပမ်းစဉ်အတွင်း ဘေးစောင်းလဲကျသွားပြီးနောက် တစ်လမပြည့်မီတွင် တန် ၅၀၀၀ အလေးချိန်ရှိ ၎င်း၏ ရေတပ် ဖျက်သင်္ဘောသစ်ကို အောင်မြင်စွာ ပြန်လည်ရေချနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အီရန် နျူကလီးယား အဆောက်အအုံ အပါအဝင် နေရာများစွာကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 7 Views
ဇွန်လ (၁၃) ရက်။ ဇွန်လ ၁၃ ရက်နေ့ အစောပိုင်းတွင် အီရန်နျူကလီးယားဆိုင်ရာ အဆောက်အအုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အပါအဝင် နေရာအများအပြားကို အစ္စရေးစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ မြို့တော် တီဟီရန်တွင် ပေါက်ကွဲမှုများစွာ
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

အိန္ဒိယ လေယာဉ်ပျက်ကျသည့်နေရာအနီးတွင် အလောင်း ၂၀၀ ကျော် တွေ့ရှိ မြေပြင်ရှိ ဆေးကျောင်းအဆောင်ပေါ် ပျက်ကျရာ ကျောင်းသား ငါးဦး သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 15 Views
ဇွန်လ (၁၂) ရက်။ အိန္ဒိယလေကြောင်းလိုင်း အဲယားအိန္ဒိ ခရီးသည်တင်လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အနောက်အလယ်ပိုင်း၊ ဂူဂျာရတ်မြို့ အာမက်ဒါဘတ်လေဆိပ်မှ ပျံတက်ပြီး ၁ မိနစ်အကြာမှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

အိန္ဒိယမှာ လန်ဒန်သွားမည့် ခရီးသည်တင်လေယာဉ် လူနေရပ်ကွက်ထဲ ပျက်ကြ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 11 Views
ဇွန်လ ၁၂ ရက်။ ခရီးသည် ၂၄၂ ဦးလိုက်ပါလာတဲ့ အဲယားအိန္ဒိယလေယာဉ်တစ်စင်းဟာ အိန္ဒိယအနောက်ပိုင်းက ဂူဂျာရပ်ပြည်နယ်၊ အာမက်ဒဘတ် (Ahmedabad) မြို့ရှိ နိုင်ငံတကာလေဆိပ်အနီးက လူနေရပ်ကွက်ထဲမှာ ဒီနေ့ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး ခဏအကြာ
နိုင်ငံတကာသတင်း ရုရှား အရှေ့အလယ်ပိုင်း အီရန်

ရုရှားကအီရန်မှာနျူကလီးယား ဓာတ်အားပေး စက်ရုံ လေးခုတည်ဆောက်ပေးမည်။

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 14 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ရက် ဘုရှ်ရှီဟာ Bushehr ဒေသတွင် နျူကလီးယား ဓာတ်အားပေး စက်ရုံ လေးခုအပါအဝင် အီရန်တွင် နျူကလီးယား ဓာတ်အားပေး စက်ရုံ ၈ ရုံ တည်ဆောက်ရန် ရုရှားက သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း