နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

NMSP-AD နဲ့ MLA တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်း

မေလ (၂၄)ရက်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NMSP-AD နဲ့ MLA တို့ဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ဖို့၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းဖို့ ရည်ရွယ်ချက်နဲ့ ပေါင်းစည်းတာလို့ ဆိုပါတယ်။

NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နဲ့ MLA ဦးဆောင်အဖွဲ့တို့ပါဝင်တဲ့ NMSP-AD နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင် (၂၆)ဦးနဲ့ ဖွဲ့စည်းပြီး ကော်မတီဝင်တွေထဲက (၉)ဦးကို ရွေးချယ်ကာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို ရွေးချယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီမှာ ဥက္ကဋ္ဌအနေနဲ့ နိုင်ဇေယျ၊ ဒုဥက္ကဋ္ဌအနေနဲ့ နိုင်လယီကောင်းနဲ့ အတွင်းရေးမှူးအနေနဲ့ နိုင်ဗညားလယ်တို့ကို ခန့်အပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ကော်မတီက ဦးဆောင်ပြီး ရာမညမွန်တပ်တော်ရဲ့ စစ်ရေးဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အဖွဲ့ဝင် (၇)ဦးပါတဲ့ စစ်ရေးကော်မတီကို ဖွဲ့စည်းကာ စစ်ဦးစီးချုပ်အနေနဲ့ ဗိုလ်မှူးချုပ် စလွန်းထော၊ ဒုစစ်ဦးစီးချုပ်(၁) ဗိုလ်မှူးကြီး စိုးဝင်းနဲ့ (၂) ဗိုလ်မှူးကြီး ကျည်ဆံကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းဖို့နဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့အတွက် NMSP-AD/RMA တို့အနေနဲ့ အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 0 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ်
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 38 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology