နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

NMSP-AD နဲ့ MLA တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်း

မေလ (၂၄)ရက်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NMSP-AD နဲ့ MLA တို့ဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ဖို့၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းဖို့ ရည်ရွယ်ချက်နဲ့ ပေါင်းစည်းတာလို့ ဆိုပါတယ်။

NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နဲ့ MLA ဦးဆောင်အဖွဲ့တို့ပါဝင်တဲ့ NMSP-AD နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင် (၂၆)ဦးနဲ့ ဖွဲ့စည်းပြီး ကော်မတီဝင်တွေထဲက (၉)ဦးကို ရွေးချယ်ကာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို ရွေးချယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီမှာ ဥက္ကဋ္ဌအနေနဲ့ နိုင်ဇေယျ၊ ဒုဥက္ကဋ္ဌအနေနဲ့ နိုင်လယီကောင်းနဲ့ အတွင်းရေးမှူးအနေနဲ့ နိုင်ဗညားလယ်တို့ကို ခန့်အပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ကော်မတီက ဦးဆောင်ပြီး ရာမညမွန်တပ်တော်ရဲ့ စစ်ရေးဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အဖွဲ့ဝင် (၇)ဦးပါတဲ့ စစ်ရေးကော်မတီကို ဖွဲ့စည်းကာ စစ်ဦးစီးချုပ်အနေနဲ့ ဗိုလ်မှူးချုပ် စလွန်းထော၊ ဒုစစ်ဦးစီးချုပ်(၁) ဗိုလ်မှူးကြီး စိုးဝင်းနဲ့ (၂) ဗိုလ်မှူးကြီး ကျည်ဆံကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းဖို့နဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့အတွက် NMSP-AD/RMA တို့အနေနဲ့ အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၁၀၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 20 Views
ဩဂုတ်လ (၁၂)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ဩဂုတ်လ (၁၀)ရက်နေ့အထိ မြင်းခြံမြို့အနီး ထိုးစစ်ဆင်လာတဲ့ အင်အား(၁၀၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan
မြန်မာသတင်း

ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 18 Views
ဩဂုတ်လ (၁၂)ရက်။ စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ
မြန်မာသတင်း

မိတ္ထီလာသူနာပြုသင်‌တန်းကျောင်းက သင်တန်းသူတဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့မှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 31 Views
ဩဂုတ်လ (၁၂)ရက်။ ဒီကနေ့ နံနက် (၂)နာရီခန့်က မိတ္ထီလာသူနာပြုသင်တန်းကျောင်းက သင်တန်းသူတစ်ဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ “ ဘေးပတ်ဝန်းကျင်က မီးခိုးနံ့ထွက်လာမှ သိရတာ။ မနက် (၂)နာရီဝန်းကျင်လောက်ထင်တယ်။ ရေချိုးခန်းကော အိမ်သာကော
မြန်မာသတင်း

တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 18 Views
ဩဂုတ်လ (၁၂)ရက်။ မဝေးတော့တဲ့ အနာဂတ်မှာ တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်လာနေပြီလို့ NUG က ဒီကနေ့ (၇၅)နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလအချိန်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့၊
မြန်မာသတင်း

စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး စတင်ကမ်းလှမ်းတာမရှိဘူးလို့ KIO ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 33 Views
ဩဂုတ်လ (၁၁)ရက်။ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး စတင်ကမ်းလှမ်းတာ မရှိဘူးလို့ KIO ရဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ နေပြည်တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ
မြန်မာသတင်း

တမူးမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 34 Views
တိုက်ပွဲထဲ အလောင်း (၆)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန် ဩဂုတ်လ (၁၁)ရက်။ ဩဂုတ်လ (၅)ရက်နေ့ကစပြီး တမူးမြို့မှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နန်မွန်းတားရွာကို စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀)ခန့်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့
မြန်မာသတင်း

ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 26 Views
ဩဂုတ်လ (၁၁)ရက်။ ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီနေ့အချိန်မှာ အာရက္ခပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ချမှတ်ထားတဲ့ ပန်းတိုင်၊ ရက္ခိတလမ်းစဉ်နဲ့
မြန်မာသတင်း

ရန်ကုန် လသာရှိ KTV တခုမှာ အမျိုးသားတဦး ပစ်ခတ်သေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 32 Views
ဩဂငတ်လ (၁၁)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန် လသာမြို့နယ်ရှိ ရန်ကုန်သံလွင်ဟိုတယ်မှာ ဖွင့်ထားတဲ့ New Party KTV မှာ အမျိုးသားတစ်ဦး ပစ်ခတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ စစ်လော်ဘီချန်‌နယ်တွေထံက သိရပါတယ်။ “ ဖြစ်တာက လသာ ရွှေတိဂုံဘုရားလမ်း