နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သုံ့ပန်းများ လဲလှယ်အပြီး ယူကရိန်းအပေါ် အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုကို ရုရှား ဆင်နွှဲခဲ့ပြီး ၁၂ ဦးထက်မနည်း သေဆုံး

မေလ (၂၅) ရက်။

ရုရှားသည် ၎င်း၏ သုံးနှစ်ကြာစစ်ပွဲအတွင်း ယူကရိန်းကို အကြီးမားဆုံး လေကြောင်းမှ တိုက်ခိုက်ချေမှုန်းခဲ့ပြီး မြို့တော်နှင့် အခြားဒေသများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ဒုတိယညတွင် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။

ယူကရိန်းတစ်ဝှမ်းတွင် ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နောက်ထပ် လူ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါသည်။

အသတ်ခံရသူများထဲတွင် ကိ့ဗ်၏အနောက်ဘက် ဂျက်တိုမေ (Zhytomyr) ဒေသမှ မိသားစုတစ်စုမှ ကလေးသုံးဦး ပါဝင်ခဲ့ကြောင်း ယူကရိန်းပြည်တွင်းရေးရာဝန်ကြီး အီဟို ကလီမင်ကို (Ihor Klymenko) က ပြောကြားခဲ့သည်။ ဆေးရုံတင်ထားရသောကလေးများ၏ ကျန်ရှိနေသည့် မိဘများတွင် မိခင်ဖြစ်သူမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ၎င်းက ပြောသည်။

ကလေးများ၏ကျောင်းက သူတို့ ဝမ်းနည်းကြောင်းကို Facebook တွင် ဖော်ပြခဲ့သည်။ “ကျွန်မတို့ နာကျင်နေတယ်။ ကျောင်းတစ်ကျောင်းလုံးက စိတ်မကောင်းဖြစ်ကြပြီး ခေါင်းညွှတ်ပြီး ဝမ်းနည်းပူဆွေး ကြောင်းကို ပြသခဲ့တယ်” ဟု ၎င်းကဆိုသည်။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံရန် ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် နိုင်ငံတကာ ဖိအားများ တိုးလာနေချိန်တွင် ရုရှားနိုင်ငံသည် ယူကရိန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

တနင်္ဂနွေနေ့တွင် ညတွင်းချင်း ချေမှုန်းမှုသည် စစ်ပွဲ၏ အကြီးမားဆုံး အကျဉ်းသား လဲလှယ်မှု ပြုလုပ်ခဲ့သော်လည်း၊ ရက်စက်ကြမ်းကြုတ်သော ပဋိပက္ခတွင် ပူးပေါင်းဆောင်ရွက်မှု၏ လုပ်ဆောင်ရန် ခက်ခဲနေသည့်အချိန်တွင် စစ်ပွဲပြီးဆုံးရန် အရိပ်အယောင် အနည်းငယ်သာ ပြသနေပါသည်။

ရုရှားမှ လေကြောင်းတိုက်ခိုက်မှု ၃၆၇ ခုတွင် ဒုံးကျည် ၆၉ စင်းနှင့် မောင်းသူမဲ့လေယာဉ် ၂၉၈ စင်းတို့ဖြင့် ယူကရိန်းရှိ နေရာ ၂၂ ခုကို တစ်ညလုံး ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းလေတပ်မှ ပြောကြားခဲ့ပါသည်။ အဆိုပါ ဒုံးကျည် ၄၇ စင်းနှင့် မောင်းသူမဲ့လေယာဉ် ၂၆၆ စင်းတို့ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှား၏ ယခင် စံချိန်တင် လေကြောင်းမှ တိုက်ခိုက်မှုသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ရုရှားက တစ်ညတည်းတွင် ဒရုန်း ၂၇၃ စင်း ပစ်လွှတ်ခဲ့သည်။

“ ယူကရိန်းမှာ အိပ်မပျော်တဲ့ ညတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် ခက်ခဲတဲ့တနင်္ဂနွေမနက်ခင်းတစ်ခုကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ရက်သတ္တပတ်များစွာအတွင်း ရုရှားရဲ့ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုဟာ တစ်ညလုံး ကြာမြင့်ခဲ့ပါတယ်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အင်ဒရီး ရှီဘီဟာ (Andrii Sybiha) က ဆိုရှယ်မီဒီယာ ပလက်ဖောင်း X တွင် ရေးသားဖော်ပြခဲ့သည်။

မြို့တော် ကိ့ဗ်တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် နာရီပေါင်းများစွာ သတိပေး ဥသြသံများဖြင့် ဆူညံနေခဲ့ပြီး မောင်းသူမဲ့ လေယာဉ်များနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည့် ဒုတိယညတွင် မြို့သူမြို့သားများအား တနင်္ဂနွေနေ့ အစောပိုင်းတွင် အမိုးအကာများအောက်တွင် နေကြရန် သတိပေးခဲ့သည်။ ရုရှားနိုင်ငံက ဒရုန်းများနှင့် ဒုံးပျံများဖြင့် တိုက်ခိုက်မှုကြောင့် ခရိုင်အများအပြားရှိ အရပ်သား အဆောက်အဦများ ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

နောက်တရက်အကြာတွင် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည့် ရုရှား၏ တိုက်ခိုက်မှု ညတွင်းချင်း ဖြစ်ပေါ်လာခဲ့သည်။

စစ်သုံ့ပန်းများ လဲလှယ်ခြင်း။

ရုရှားနှင့် ယူကရိန်း အကျဉ်းသား ၆၀၀ ကျော်ကို တနင်္ဂနွေနေ့တွင် လဲလှယ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အကျဉ်းသား ၁,၀၀၀ နှင့် အကျဉ်းသား ၁,၀၀၀ ကို လဲလှယ်ရန် နှစ်ဖက် သဘောတူခဲ့ကြောင်း‌ ပြောကြားခဲ့သည်။ ထိုအချက်သည် ပြီးခဲ့သည့်သီတင်းပတ်က အစ္စတန်ဘူလ်တွင် ကိယက်ဗ်နှင့် မော်စကိုကြား တွေ့ဆုံမှု၏ တစ်ခုတည်းသော သိသာထင်ရှားသောရလဒ် ဖြစ်သည်။

“ ယူကရိန်းစစ်သုံ့ပန်း အရေအတွက်နဲ့ တူညီတဲ့ ရုရှား စစ်မှုထမ်း ၃၀၃ ဦးကို လဲလှယ်ခဲ့တယ်” ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ဇလန်းစကီးနှင့် အခြားတာဝန်ရှိသူများက ဆိုရှယ်မီဒီယာတွင် လွှင့်တင်ထားသော ဗီဒီယိုများတွင် ယူကရိန်းအလံများကို လွှမ်းခြုံထားစဉ် ရာနှင့်ချီသော ကတုံးတုံးခံထားရသည့် ယူကရိန်းအမျိုးသားများသည် ၎င်းတို့၏ ချစ်ရသူများကို ဖုန်းခေါ်ဆိုနေသည်တို့ကို ပြသထားသည်။ နိုင်ငံ၏ တိုင်ကြားမှု ဖြေရှင်းရေး အစိုးရဝန်ထမ်းက တင်ထားသော ဗီဒီယိုတစ်ခုတွင် အမျိုးသားသုံးယောက် ချောကလက်ကို နှစ်သက်စွာစားနေသည်ကို ပြသထားသည်။

အကျဉ်းသား ၆၀၀ ကျော်ကို စနေနေ့တွင် လွှတ်ပေးခဲ့ပြီး လဲလှယ်မှု၏ ကနဦးအဆင့်များ အတွင်း လူ ၈၀၀ နီးပါးကို သောကြာနေ့တွင် လွှတ်ပေးခဲ့သည်။

ယူကရိန်းသမ္မတ ဗလိီူမာဇလန်းစကီးက “ ဒီလဲလှယ်မှုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အချိန်နဲ့တပြေးညီ လုပ်ဆောင်ပေးခဲ့တဲ့အဖွဲ့ကို ကျေးဇူးတင်ကြောင်း” တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

တချိန်တည်းမှာပဲ တနင်္ဂနွေနေ့က ရုရှားကို ယူကရိန်းက ဒရုန်းများနှင့်တိုက်ခိုက်ခဲ့သည်ဟု ရုရှားဘက်က ပြောခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်ရေးဒရုန်းအစီးရေ ၁၀၀ ခန့်ကို ကြားဖြတ် သို့မဟုတ် ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ ရုရှားအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် အဆိုပါ ဒရုန်းအများစုကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မော်စကိုနှင့် တီဗာဒေသများတွင် ၁၃ ခုကို ဖျက်စီးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားပိုင်နက်အတွင်း အများစုမှာ Belgorod နှင့် Bryansk ဒေသများတွင် ယူကရိန်း၏ မောင်းသူမဲ့ UAV ၉၄ စင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ အချို့သော UAV များသည် Kursk၊ Lipetsk၊ Voronezh နှင့် Tula ဒေသများတွင်လည်း ပစ်ချခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Tula ဒေသအုပ်ချုပ်ရေးမှူး Dmitry Miliaev က စနေနေ့တွင် ဆေးရုံတင်ထားရသူနှစ်ဦး အပါအဝင် လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မော်စကိုအား အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ရာဇသံကို ရုရှားသမ္မတ ဗလာဒီမာပူတင်မှ တုံ့ပြန်သည့်အနေဖြင့် အစ္စတန်ဘူလ်အစည်းအဝေးကို ကနဦးတွင် အဆိုပြုခဲ့ခြင်းဖြစ်ပြီး အများစုက ကရင်မလင်ခေါင်းဆောင်က အာရုံပြောင်းရန်နှင့် နှောင့်နှေးရန် ကြိုးပမ်းမှုဟု မြင်ကြသည်။

ကိ့ဗ်က အဆိုပါ ဆွေးနွေးပွဲများသည် အသေအပျောက်ဖြစ်မှုများ သက်သာလျော့နည်းလာမည်ဟု မျှော်လင့်ခဲ့သော်လည်း ထိုအချိန်မှစ၍ ရုရှားသည် ၎င်း၏ဗုံးကြဲတိုက်ခိုက်မှုကို အရှိန်မြှင့်ခဲ့သည်။

“ ရုရှားခေါင်းဆောင်ပိုင်းအပေါ် အမှန်တကယ် ပြင်းထန်သော ဖိအားမရှိရင် ဒီရက်စက်ကြမ်းကြုတ်မှုကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး” ဟု ဇလန်းစကီးက တနင်္ဂနွေနေ့တွင် ပြောကြားပြီး အမေရိကန်နှင့် ဥရောပအား ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် တောင်းဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း တိုးတက်မှု အလားအလာရှိသည်ဟု သူထင်မြင်ထားခဲ့သော်လည်း ထိုအချက်သည် ပြောင်းလဲသွားနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ စစ်ပွဲပြီးဆုံးပါက အလားအလာရှိသော စီးပွားရေးမက်လုံးများကို ၎င်းက ထောက်ပြထားသော်လည်း လတ်တလော ရုရှား၏ချေမှုန်းတိုက်ခိုက်နေမှုကြောင့် ပူတင်သည် အမေရိကန်နှင့် ကုန်သွယ်မှုလုပ်ဆောင်ရန် ဦးစားပေးစာရင်းတွင် မြင့်မားစွာ စိတ်ဝင်စားမှုမရှိကြောင်း မဟာမိတ်များအကြားတွင် ခံစားချက် ရရှိစေခဲ့သည်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 17 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု
နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းလုံခြုံရေးဝန်ကြီး နုံးမ်၏ အငြင်းပွားဖွယ်ရာ သက်တမ်း ကုန်ဆုံးပြီးနောက် ထရမ့်က သူမကို ရာထူးမှ ဖယ်ရှား

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 21 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်အကြံပေးများအားလုံးသည် အချိန်တန်လျှင် ရေးသားမထားသော စည်းမျဉ်းတစ်ခုကို သိရှိလာကြရစမြဲဖြစ်သည် – ၎င်းမှာ “ မည်သူမျှ အထက်လူကြီး (သမ္မတ)
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ ‘နောက်တစ်ဆင့်’ သို့ ကူးပြောင်းတော့မည်ဟု ဆို

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် အမေရိကန်ပြည်ထောင်စုတွင် သမ္မတ၏ အီရန်စစ်ပွဲ ဆင်နွှဲမှုကို ကန့်သတ်ထိန်းချုပ်မည့် လုပ်ငန်းစဉ်မှာ အောက်လွှတ်တော်တွင် အတည်ပြုရန် ပျက်ပြားသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် ထရမ့်က အီရန်၏ နောက်ထပ်ခေါင်းဆောင်သစ်ကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ “ဒုံးကျည်များနှင့် ဒရုန်းအုပ်စုများ” ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန် အထက်လွှတ်တော်က အီရန်အရေး စစ်အာဏာသုံးစွဲမှု ကန့်သတ်ချက်ကို ပယ်ချ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 33 Views
၂၀၂၆ ခုနှစ် မတ်လ ၅ ရက် ၂၀၂၆ ခုနှစ် မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့) က အမေရိကန် အထက်လွှတ်တော်မှာ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ရာမှာ ကွန်ဂရက်
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 41 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ