နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်တာတွေကို အာဆီယံအနေနဲ့ အရေးယူဖို့ အထူးလိုအပ်နေပြီလို့ NUG ပြော

မေလ (၂၇)ရက်။

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်တာတွေကို အာဆီယံအနေနဲ့ အရေးယူဖို့ အထူးလိုအပ်နေပြီလို့ ဒီကနေ့မှာပြုလုပ်တဲ့ ပြည်သူသို့သတင်းစကားအစီအစဉ်မှာ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ အာဆီယံကထုတ်ပြန်ထားတဲ့ အချက် (၅)ချက်မှာ ပထမဆုံးအချက်ဖြစ်တဲ့ “ the cessation of violence” ကို မလိုက်နာဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်နေတဲ့ စစ်ကောင်စီက လိုက်နာဖို့ အာဆီယံအနေနဲ့ အရေးယူဖို့ အထူးလိုအပ်လာနေပြီ” လို့ သူက ဆိုပါတယ်။

အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ဟန်ပြ အပစ်ရပ်တဲ့အပေါ် မယုံကြည်ဖို့ ပြောဆိုထားပါတယ်။

မေလ (၁၂)ရက်နေ့က အိုးတိန်တွင်းရွာစာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာက ခိုင်မာတဲ့ သက်သေဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်သားတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေမကျန် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို လေယာဉ်ဆီ တင်သွင်းတာကို ပြင်းထန်စွာ ဆန့်ကျင်ကာ လက်တွေ့ကျပြီး ထိရောက်တဲ့ ဖိအားပေးအရေးယူဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံရဲ့ လူသားစာနာမှုဆိုင်ရာ အကူအညီပေးတာကို ကြိုဆိုပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ပါက ထိရောက်တဲ့ အကူအညီတွေ မဖြစ်လာနိုင်တဲ့အတွက် NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုလဆန်းပိုင်းကစပြီး ပြည်တွင်းမှာ ကိုဗစ်လူနာတွေ ပြန်လည်တွေ့ရှိလာ

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 5 Views
မေလ (၂၈)ရက်။ မေလဆန်းပိုင်းကစပြီး ပြည်တွင်းမှာ ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိလာခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်တွင်းမှာ
မြန်မာသတင်း

မြင်းခြံမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 3 Views
မြင်းခြံမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့ မေလ (၂၈)ရက်။ မေလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့
မြန်မာသတင်း

သေဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား(၁၀၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းတခုလုံး ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 7 Views
မေလ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ သေဘောဘိုးစခန်းကို စစ်ကူဖို့လာတဲ့ အင်အား (၁၀၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “ ဝေါလေဗျူဟာအခြေစိုက် စကစစခန်းကနေ အင်အား (၁၀၀)ကျော်ရှိတဲ့ စစ်ကြောင်းနဲ့ မဲကလာချောင်းအနီးမှာ
မြန်မာသတင်း

မြန်မာစစ်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်တဲ့အပေါ် အလွန်စိုးရိမ်တယ်လို့ ဆွီဒင်သံရုံးထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 6 Views
မေလ (၂၈)ရက်။ မြန်မာစစ်အစိုးရရဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ နေ့တိုင်းနီးပါး တိုက်ခိုက်နေတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်တယ်လို့ ဆွီဒင်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အစိုးရဟာ ကိုယ်တိုင်ကြေညာထားတဲ့ အပစ်ရပ်စဲရေးကို ချိုးဖောက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင်
မြန်မာသတင်း

ငလျင်ကြောင့် ပျက်စီးသွားတဲ့ တရားလွှတ်တော်ချုပ်ရုံးနဲ့ အလုပ်သမားဝန်ကြီးရုံးတို့ကို အမြန်ဆုံးပြန်ဆောက်ဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 5 Views
မေလ (၂၈)ရက်။ ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ တရားလွှတ်တော်ချုပ်ရုံးနဲ့ အလုပ်သမားဝန်ကြီးဌာနကို အမြန်ဆုံး ပြန်ဆောက်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ စစ်ဆေးချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးတာမှာ ကြီးမားခဲ့တဲ့ အဆောက်အအုံတွေစာရင်းထဲ တရားလွှတ်တော်ချုပ်ရုံးနဲ့
မြန်မာသတင်း

ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရပြီး စခန်းစွန့်ခွာထွက်ပြေး

  • 2025 ခုနှစ်၊ မေလ 27 ရက်
  • 27 Views
မေလ (၂၇)ရက်။ မနေ့က နံနက် (၆)နာရီခန့်မှာ အုတ်ဖိုအပိုင် ပဲခူးရိုးမအစပ်ရှိ ထန်းပင်ကုန်းရွာ ဗိုလ်ရုံစုမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထန်းပင်ကုန်းရွာ ဗိုလ်ရုံစုမှာ  အင်အား
မြန်မာသတင်း

မကွေးတောင်မှာ နိုင်/ကျဉ်း (၂၀၀)ကျော် တလကြာတဲ့အထိ တိုက်ပိတ်ခံထားရတယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 27 ရက်
  • 26 Views
မေလ (၂၆)ရက်။ မကွေးထောင်ရှေ့ တိုက်ပွဲဖြစ်တဲ့ကိစ္စမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသား (၂၀၀)ကျော်ကို တလကြာတဲ့အထိ တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၁၃)ရက်နေ့က မကွေးထောင်ရှေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထောင်ဝန်ထမ်းတွေနဲ့
မြန်မာသတင်း

အာဆီယံ (၁၀)နိုင်ငံထဲ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး မြန်မာက အဆင့်(၉)မှာရှိနေ

  • 2025 ခုနှစ်၊ မေလ 27 ရက်
  • 23 Views
မေလ (၂၇)ရက်။ အာဆီယံ (၁၀)နိုင်ငံထဲ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးမှာ မြန်မာက အဆင့် (၉)မှာသာ ရှိနေတယ်လို့ မနေ့က စစ်ကောင်စီပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီအစည်းဝေးထံက သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို နေပြည်တော်မှာ ဒုစစ်ခေါင်းဆောင် စိုးဝင်းဦးဆောင်ပြီး စစ်ကောင်စီဝန်ကြီးတွေအပါအဝင် အမြဲတမ်းအတွင်းဝန်တွေ၊