နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မကွေးတောင်မှာ နိုင်/ကျဉ်း (၂၀၀)ကျော် တလကြာတဲ့အထိ တိုက်ပိတ်ခံထားရတယ်လို့ PPNM ထုတ်ပြန်

မေလ (၂၆)ရက်။

မကွေးထောင်ရှေ့ တိုက်ပွဲဖြစ်တဲ့ကိစ္စမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသား (၂၀၀)ကျော်ကို တလကြာတဲ့အထိ တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဧပြီလ (၁၃)ရက်နေ့က မကွေးထောင်ရှေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေအကြား တင်းမာတာနဲ့ ထိတွေ့တာထဲ ထောင်ဝန်ထမ်းတွေရဲ့ သေနတ်နဲ့ ပစ်ခတ်တာကြောင့် နိုင်/ကျဉ်း(၂)ဦး အနည်းဆုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် တိုက်ပွဲဖြစ်ပွားတဲ့ကိစ္စမှာ နိုင်/ကျဉ်းတွေ ပါဝင်တယ်ဆိုတဲ့ ထောင်အာဏာပိုင်တွေရဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသား (၄၀၀)ကျော်ကို မြေပြင်ပေါ် ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

‌အဲ့ဒီလို ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေမှာ ခါး၊ ခြေထောက်နဲ့ တင်ပါးတို့ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒဏ်ရာရသူတွေထဲ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဝင်းဝင်းနဲ့ ကိုဖြိုးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ နိုင်ငံရေးအကျဉ်းသား (၂၀၀)ကျော်ဟာ တလကျော်ကြာ တိုက်ပိတ်ခံထားရသလို ထောင်ဝင်စာတွေ့ခွင့်ကိုလဲ ပိတ်ထားကာ တိုက်ပွဲဖြစ်စဉ်မှာ ပါဝင်တယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ထားတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားတဲ့အချိန်ကစပြီး အခုအချိန်အထိ မကွေးထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေဟာ ရေသန့်တွေ မရရှိဘဲ သောက်ရေတွေကို ဈေးကြီးပေးဝယ်နေကြရကာ အခန်းထဲက အိမ်သာရေတွေနဲ့သာ ရေချိုးနေရတယ်လို့ ‌ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးတာကို ခံရသူတွေဖြစ်ကာ အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အခြေခံရပိုင်ခွင့်တွေကို ကျူးလွန်နေတဲ့ ထောင်အာဏာပိုင်တွေအနေနဲ့ ပြုလုပ်ခဲ့တာတွေကို အပြည့်အဝတာဝန်ယူရမယ်လို့ သတိပေးထားပါတယ်။

PPNM အနေနဲ့ စုံစမ်းတာတွေပြုလုပ်ပြီး ကျူးလွန်သူတွေကို ဖော်ထုတ်သွားမှာဖြစ်သလို အရေးယူတာတွေကိုလဲ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို