နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးသည် ဂျာမနီမှ တာဝေးပစ်လက်နက်များ အကူအညီ ရရှိမည်ဖြစ်သော်လည်း တောရပ်စ် (Taurus) ဒုံးကျည်များ မပါ

မေလ (၂၈) ရက်။

ယူကရိန်းသမ္မတဇလန်းစကီးသည် ၎င်း၏နိုင်ငံတွင် လက်နက်တိုက်တည်ဆောက်မှုနှင့် လက်နက်ထုတ်လုပ်နိုင်မှုတို့ကို ကြိုးပမ်းနေစဉ်အတွင်း ယူရို ၅ ဘီလီယံ (ဒေါ်လာ ၅.၇ ဘီလျံ) တန် လက်နက် အစုအပုံရရှိခဲ့ခြင်းဖြင့် ဘာလင်မှ ထွက်ခွာမည်ဖြစ်သည်။

ရုရှားနိုင်ငံတွင်းရှိဝေးကွာသော ပစ်မှတ်များကို တိုက်ခိုက်နိုင်စေမည့် တာဝေးပစ် ဒုံးကျည်များကို ယူကရိန်းနိုင်ငံအတွင်း ဂျာမဏီနိုင်ငံနှင့် ပူးတွဲထုတ်လုပ်နိုင်ရေးအတွက် ဘဏ္ဍာငွေ ပံ့ပိုးပေးမည့် အစီအစဉ်အတွက် ထူးခြားသည့် သဘောတူညီ ချက်ကို ဂျာမဏီနိုင်ငံမြို့တော်တွင် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်တွင် ပါဝင်သော လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ “ ကွပ်ကဲမှုနှင့် စစ်ဆင်ရေး” စွမ်းရည်များနှင့် ဆေးဝါးအကူအညီများ ပါဝင်သည်။

ထိုသဘောတူညီချက်တွင် သိသာထင်ရှားသော ကဏ္ဍတစ်ခု ပျောက်ဆုံးနေပါသည်။ မာ့ဇ်သည် ဂျာမနီ၏ အလွန်ခေတ်မီဆန်းပြားသော တာဝေးပစ် ‌တောရပ်စ် (Taurus) ဒုံးကျည်များ အသုံးပြုမှုအား ယူကရိန်းထံ လွှဲပြောင်းမှု သို့မဟုတ် အတည်ပြုချက်ကို ကြေညာမည်ဟု သတင်းစာရှင်းလင်းပွဲ မတိုင်မီ ကြီးမားသော မျှော်လင့်ချက်များရှိခဲ့သည်။

မာ့ဇ်သည် ဆိုရှယ်ဒီမိုကရက်များ ၏ အဓိပတိဟောင်း အိုလတ်ဖ် ရှုဇ် (Olaf Scholz) ကို ဆန့်ကျင်သည့် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း တောရပ်စ်ကို ယူကရိန်းမှ ရရှိကြောင်း သေချာစေရမည်ဟု မဲဆွယ်ခဲ့သည်။ အိုလတ်ဖ်ရှုဇ်နှင့်အဖွဲ့သည် လက်နက်များ ပေးပို့ရန် အလွန် တွန့်ဆုတ်နေခဲ့ပြီး ထိုသို့ ပေးလိုက်ခြင်းကြောင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။

မာ့ဇ်၏ကိုယ်ပိုင် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သော ဆိုရှယ်ဒီမိုကရက်များ ယခုအစိုးရတွင် ပါဝင်သည့် အငယ်တန်း လုပ်ဖော်ကိုင်ဖက်များက တောရပ်စ် (Taurus) ကို ယူကရိန်သို့ပေးရန်ကိစ္စနှင့် ပတ်သက်၍ သိသိသာသာ သဘောထားကွဲလွဲနေပုံပေါ်သည်။

မာ့ဇ်၏ခရစ်ယာန်ဒီမိုကရက်တစ်ပါတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူက အင်္ဂါနေ့က X တွင် “ညွန့်ပေါင်းအဖွဲ့အတွင်း စည်းလုံးညီညွတ်မှု မရှိသလို ရုရှားနိုင်ငံ၏ ကြီးမားသော စစ်ရေးတိုးမြင့်တိုက်ခတ်လာမှုကို အင်အားနှင့် လိုက်လျောညီထွေဖြစ်စေရန် သင့်လျော်စွာ တုံ့ပြန်ရန် နိုင်ငံရေးဆန္ဒမရှိဟု ကျွန်တော်မြင်ပါသည်” ဟု ဆိုသည်။

အဆိုပါစနစ်သည် ဗြိတိန်နိုင်ငံထုတ် Storm Shadow နှင့် အမေရိကန်လုပ် ATACAM ဒုံးကျည်များထက် ဝေးကွာသောပစ်မှတ်များကို ယူကရိန်းမှ ပစ်ခတ်နိုင်စေမည်ဖြစ်သည်။

သို့သော် ဘာလင်တွင် ဇလန်းစကီးနှင့် ပခုံးချင်းယှဉ်ရပ်နေသော ဂျာမန်အဓိပတိ ဖက်ဒရစ် မာ့ဇ် (Friedrich Merz) က “ ယူကရိန်းကို အခုရော အနာဂတ်မှာပါ ရုရှားရဲ့ ရန်စမှုတွေကို ဆက်လက်ခုခံကာကွယ်နိုင်စေဖို့ ဒီအထောက်အပံ့ကို တိုးချဲ့သွားမှာပါ” ဟု ပြောကြားခဲ့သည်။

မာ့ဇ်က “ ဒါဟာ အလားအလာ အများကြီးရှိတဲ့ ငါတို့နိုင်ငံတွေအကြားမှာ စက်မှုစစ်ရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်ရဲ့ အစပဲ”

သို့သော်လည်း အဓိပတိနှင့် ၎င်း၏ အစိုးရသစ်တို့၏ အမိန့်ထုတ်ပြန်ချက်နှင့်အညီ၊ ထိုသဘောတူညီချက်၏ မြင်သာထင်သာသောအသေးစိတ်အချက်များ ထွက်ပေါ်လာခြင်း မရှိသေးပေ။ “ဗျူဟာမြောက် မရေရာမသေချာမှု” ဖြစ်နေခြင်းကို သေချာမှု ရှိလာစေရန် လက်နက်လဲလှယ်မှုဆိုင်ရာ သတင်းအချက် အလက်များကို ထိန်းသိမ်းထားရန် သတိရှိရှိ ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါသဘောတူညီချက်သည် ဂျာမနီနှင့် ယူကရိန်းတို့ကြား ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် လုပ်ဆောင်ကြရာတွင် အထူးသဖြင့် လက်နက်ဝယ်ယူရေးကိစ္စရပ်တွင် အဓိက ခြေလှမ်းတစ်ရပ် ဖြစ်သည်။

မာ့ဇ်သည် အဓိပတိအဖြစ် တာဝန် ထမ်းဆောင်ခြင်းမှာ ၃ ပတ်သာ ရှိသေးသောကြောင့် ခေါင်းဆောင် နှစ်ဦးကြား သီတင်းပတ်များစွာအတွင်း တတိယအကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ၎င်းသည် အနာဂတ်တွင် ယူကရိန်းထုတ်လုပ်မှုတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဇလန်းစကီးသည် ဂျာမနီနိုင်ငံ၏မြို့တော် ကိယက်ဗ်သို့ မထွက်ခွာမီ ယနေ့ သဘောတူညီချက်များကို အရိပ်အမြွက် ဖော်ပြခဲ့သည်။ အင်္ဂါနေ့ညပိုင်းမိန့်ခွန်းတွင် ၎င်းက “ တိုက်ခိုက်ရေး ဒရုန်းများ၊ ကြားဖြတ်ကိရိယာများ၊ ခရုဇ်ဒုံးကျည်များ၊ ယူကရိန်း ပဲ့ထိန်းဒုံးကျည်စနစ်များ ဒါတွေက အဓိကကျတဲ့ အစိတ်အပိုင်းတွေပါ။ အဲဒါတွေအားလုံးကို ကျွန်တော်တို့က ထုတ်လုပ်ရမှာပဲ” ဟု ပြောကြားခဲ့သည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အဆိုပါစနစ်အချို့သည် တပ်ဖြန့် ပို့ဆောင်ရန် နီးကပ်နေပြီဟု မှတ်ချက်ပြုထားသည်။ “ဒီနှစ်အတွင်းမှာ တာဝေးပစ်လက်နက် တွေအများကြီး (သိသိသာသာ) ထုတ်လုပ်ဖို့ရှိတယ်” ဟု ရေးထားသည်။ “ဒီစနစ်တွေထဲက ပထမဆုံးကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေက ဖြန့်ကျက်နိုင်မှာပါ။”

ကရင်မလင်က အမြန်တုံ့ပြန်ခဲ့တယ်။ “ဒါဟာ ဂျာမနီရဲ့ လုံးဝတာဝန်မဲ့တဲ့ အနေအထားပါ။ ငြိမ်းချမ်းတဲ့ လုပ်ငန်းစဉ်ကို ပံ့ပိုးဖို့ ကြိုးစားမယ့်အစား သူတို့က မီးတောက်ကို ပိုမိုတောက်လောင်စေပါတယ်” ဟု ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်(Dmitry Peskov) က CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“သူတို့က ရှင်းလင်းစွာ နောက်ထပ်စစ်ပွဲကို နှိုးဆွဖို့ ကြိုးစားနေပြီး ဒီစစ်ရေးကိစ္စမှာ သူတို့ရဲ့ သွယ်ဝိုက်ပါဝင်ပတ်သက်မှုကို တိုးလာစေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဂျာမနီသည် ယူကရိန်း၏ စေတနာအရှိဆုံး ထောက်ခံအားပေးသူများထဲတွင် ကာလကြာရှည် စွာ ပါဝင်ခဲ့သည်။ Kiel Institute မှ ကိန်းဂဏန်းများအရ စစ်ဘက်နှင့် လူအရပ်ဖက်သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်မှု နှစ်ခုလုံးတွင် ဂျာမနီသည် အမေရိကန်နောက်တွင် ဒုတိယ နေရာတွင် ရှိနေသည်။

ဘာလင်တွင် ဇလန်းစကီးနှင့် မာ့ဇ်တို့ နှစ်ဦးစလုံးသည် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများနှင့် ပတ်သက်၍ ရုရှားအပေါ် စိတ်ပျက်မိကြောင်း၊ အထူးသဖြင့် မေလ ၁၉ ရက်က ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ကြား ခေါ်ဆိုမှုအပြီးတွင် မော်စကိုမှ ကတိပေးသည့် စာချွန်လွှာကို ကတိကဝတ်ပြုထားသော်လည်း အကောင်အထည်မပေါ်သေးပေ။

မာ့ဇ်က “ မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမေရိကန်သမ္မတကို ကျေးဇူးတင်ချင်ပါတယ်” ဟု ဆိုခဲ့သည်။ အခြားတစ်ဖက်မှာလည်း မော်စကိုဟာ အချိန်ဆွဲ ကစားနေပါတယ်။ အဲ့ဒီစာချွန်လွှာကို မျှဝေအသိပေးခြင်း မရှိသေးပါ။” ယူကရိန်းတဝှမ်းကို မကြာသေးမီက တိုက်ခိုက်မှုများသည် “ရန်လိုသောဘာသာစကားကို ပြောသည်” ဟု ဂျာမနီခေါင်းဆောင်က ထပ်လောင်းပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု