နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးသည် ဂျာမနီမှ တာဝေးပစ်လက်နက်များ အကူအညီ ရရှိမည်ဖြစ်သော်လည်း တောရပ်စ် (Taurus) ဒုံးကျည်များ မပါ

မေလ (၂၈) ရက်။

ယူကရိန်းသမ္မတဇလန်းစကီးသည် ၎င်း၏နိုင်ငံတွင် လက်နက်တိုက်တည်ဆောက်မှုနှင့် လက်နက်ထုတ်လုပ်နိုင်မှုတို့ကို ကြိုးပမ်းနေစဉ်အတွင်း ယူရို ၅ ဘီလီယံ (ဒေါ်လာ ၅.၇ ဘီလျံ) တန် လက်နက် အစုအပုံရရှိခဲ့ခြင်းဖြင့် ဘာလင်မှ ထွက်ခွာမည်ဖြစ်သည်။

ရုရှားနိုင်ငံတွင်းရှိဝေးကွာသော ပစ်မှတ်များကို တိုက်ခိုက်နိုင်စေမည့် တာဝေးပစ် ဒုံးကျည်များကို ယူကရိန်းနိုင်ငံအတွင်း ဂျာမဏီနိုင်ငံနှင့် ပူးတွဲထုတ်လုပ်နိုင်ရေးအတွက် ဘဏ္ဍာငွေ ပံ့ပိုးပေးမည့် အစီအစဉ်အတွက် ထူးခြားသည့် သဘောတူညီ ချက်ကို ဂျာမဏီနိုင်ငံမြို့တော်တွင် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်တွင် ပါဝင်သော လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ “ကွပ်ကဲမှုနှင့် စစ်ဆင်ရေး” စွမ်းရည်များနှင့် ဆေးဝါးအကူအညီများ ပါဝင်သည်။

ထိုသဘောတူညီချက်တွင် သိသာထင်ရှားသော ကဏ္ဍတစ်ခု ပျောက်ဆုံးနေပါသည်။ မာ့ဇ်သည် ဂျာမနီ၏ အလွန်ခေတ်မီဆန်းပြားသော တာဝေးပစ် ‌တောရပ်စ် (Taurus) ဒုံးကျည်များ အသုံးပြုမှုအား ယူကရိန်းထံ လွှဲပြောင်းမှု သို့မဟုတ် အတည်ပြုချက်ကို ကြေညာမည်ဟု သတင်းစာရှင်းလင်းပွဲ မတိုင်မီ ကြီးမားသော မျှော်လင့်ချက်များရှိခဲ့သည်။

မာ့ဇ်သည် ဆိုရှယ်ဒီမိုကရက်များ ၏ အဓိပတိဟောင်း အိုလတ်ဖ် ရှုဇ် (Olaf Scholz) ကို ဆန့်ကျင်သည့် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း တောရပ်စ်ကို ယူကရိန်းမှ ရရှိကြောင်း သေချာစေရမည်ဟု မဲဆွယ်ခဲ့သည်။ အိုလတ်ဖ်ရှုဇ်နှင့်အဖွဲ့သည် လက်နက်များ ပေးပို့ရန် အလွန် တွန့်ဆုတ်နေခဲ့ပြီး ထိုသို့ ပေးလိုက်ခြင်းကြောင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။

မာ့ဇ်၏ကိုယ်ပိုင် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သော ဆိုရှယ်ဒီမိုကရက်များ ယခုအစိုးရတွင် ပါဝင်သည့် အငယ်တန်း လုပ်ဖော်ကိုင်ဖက်များက တောရပ်စ် (Taurus) ကို ယူကရိန်သို့ပေးရန်ကိစ္စနှင့် ပတ်သက်၍ သိသိသာသာ သဘောထားကွဲလွဲနေပုံပေါ်သည်။

မာ့ဇ်၏ခရစ်ယာန်ဒီမိုကရက်တစ်ပါတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူက အင်္ဂါနေ့က X တွင် “ညွန့်ပေါင်းအဖွဲ့အတွင်း စည်းလုံးညီညွတ်မှု မရှိသလို ရုရှားနိုင်ငံ၏ ကြီးမားသော စစ်ရေးတိုးမြင့်တိုက်ခတ်လာမှုကို အင်အားနှင့် လိုက်လျောညီထွေဖြစ်စေရန် သင့်လျော်စွာ တုံ့ပြန်ရန် နိုင်ငံရေးဆန္ဒမရှိဟု ကျွန်တော်မြင်ပါသည်” ဟု ဆိုသည်။

အဆိုပါစနစ်သည် ဗြိတိန်နိုင်ငံထုတ် Storm Shadow နှင့် အမေရိကန်လုပ် ATACAM ဒုံးကျည်များထက် ဝေးကွာသောပစ်မှတ်များကို ယူကရိန်းမှ ပစ်ခတ်နိုင်စေမည်ဖြစ်သည်။

သို့သော် ဘာလင်တွင် ဇလန်းစကီးနှင့် ပခုံးချင်းယှဉ်ရပ်နေသော ဂျာမန်အဓိပတိ ဖက်ဒရစ် မာ့ဇ် (Friedrich Merz) က “ယူကရိန်းကို အခုရော အနာဂတ်မှာပါ ရုရှားရဲ့ ရန်စမှုတွေကို ဆက်လက်ခုခံကာကွယ်နိုင်စေဖို့ ဒီအထောက်အပံ့ကို တိုးချဲ့သွားမှာပါ” ဟု ပြောကြားခဲ့သည်။

မာ့ဇ်က “ဒါဟာ အလားအလာ အများကြီးရှိတဲ့ ငါတို့နိုင်ငံတွေအကြားမှာ စက်မှုစစ်ရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်ရဲ့ အစပဲ”

သို့သော်လည်း အဓိပတိနှင့် ၎င်း၏ အစိုးရသစ်တို့၏ အမိန့်ထုတ်ပြန်ချက်နှင့်အညီ၊ ထိုသဘောတူညီချက်၏ မြင်သာထင်သာသောအသေးစိတ်အချက်များ ထွက်ပေါ်လာခြင်း မရှိသေးပေ။ “ဗျူဟာမြောက် မရေရာမသေချာမှု” ဖြစ်နေခြင်းကို သေချာမှု ရှိလာစေရန် လက်နက်လဲလှယ်မှုဆိုင်ရာ သတင်းအချက် အလက်များကို ထိန်းသိမ်းထားရန် သတိရှိရှိ ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါသဘောတူညီချက်သည် ဂျာမနီနှင့် ယူကရိန်းတို့ကြား ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် လုပ်ဆောင်ကြရာတွင် အထူးသဖြင့် လက်နက်ဝယ်ယူရေးကိစ္စရပ်တွင် အဓိက ခြေလှမ်းတစ်ရပ် ဖြစ်သည်။

မာ့ဇ်သည် အဓိပတိအဖြစ် တာဝန် ထမ်းဆောင်ခြင်းမှာ ၃ ပတ်သာ ရှိသေးသောကြောင့် ခေါင်းဆောင် နှစ်ဦးကြား သီတင်းပတ်များစွာအတွင်း တတိယအကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ၎င်းသည် အနာဂတ်တွင် ယူကရိန်းထုတ်လုပ်မှုတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဇလန်းစကီးသည် ဂျာမနီနိုင်ငံ၏မြို့တော် ကိယက်ဗ်သို့ မထွက်ခွာမီ ယနေ့ သဘောတူညီချက်များကို အရိပ်အမြွက် ဖော်ပြခဲ့သည်။ အင်္ဂါနေ့ညပိုင်းမိန့်ခွန်းတွင် ၎င်းက “တိုက်ခိုက်ရေး ဒရုန်းများ၊ ကြားဖြတ်ကိရိယာများ၊ ခရုဇ်ဒုံးကျည်များ၊ ယူကရိန်း ပဲ့ထိန်းဒုံးကျည်စနစ်များ ဒါတွေက အဓိကကျတဲ့ အစိတ်အပိုင်းတွေပါ။ အဲဒါတွေအားလုံးကို ကျွန်တော်တို့က ထုတ်လုပ်ရမှာပဲ” ဟု ပြောကြားခဲ့သည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အဆိုပါစနစ်အချို့သည် တပ်ဖြန့် ပို့ဆောင်ရန် နီးကပ်နေပြီဟု မှတ်ချက်ပြုထားသည်။ “ဒီနှစ်အတွင်းမှာ တာဝေးပစ်လက်နက် တွေအများကြီး (သိသိသာသာ) ထုတ်လုပ်ဖို့ရှိတယ်” ဟု ရေးထားသည်။ “ဒီစနစ်တွေထဲက ပထမဆုံးကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေက ဖြန့်ကျက်နိုင်မှာပါ။”

ကရင်မလင်က အမြန်တုံ့ပြန်ခဲ့တယ်။ “ဒါဟာ ဂျာမနီရဲ့ လုံးဝတာဝန်မဲ့တဲ့ အနေအထားပါ။ ငြိမ်းချမ်းတဲ့ လုပ်ငန်းစဉ်ကို ပံ့ပိုးဖို့ ကြိုးစားမယ့်အစား သူတို့က မီးတောက်ကို ပိုမိုတောက်လောင်စေပါတယ်” ဟု ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်(Dmitry Peskov) က CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“သူတို့က ရှင်းလင်းစွာ နောက်ထပ်စစ်ပွဲကို နှိုးဆွဖို့ ကြိုးစားနေပြီး ဒီစစ်ရေးကိစ္စမှာ သူတို့ရဲ့ သွယ်ဝိုက်ပါဝင်ပတ်သက်မှုကို တိုးလာစေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဂျာမနီသည် ယူကရိန်း၏ စေတနာအရှိဆုံး ထောက်ခံအားပေးသူများထဲတွင် ကာလကြာရှည် စွာ ပါဝင်ခဲ့သည်။ Kiel Institute မှ ကိန်းဂဏန်းများအရ စစ်ဘက်နှင့် လူအရပ်ဖက်သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်မှု နှစ်ခုလုံးတွင် ဂျာမနီသည် အမေရိကန်နောက်တွင် ဒုတိယ နေရာတွင် ရှိနေသည်။

ဘာလင်တွင် ဇလန်းစကီးနှင့် မာ့ဇ်တို့ နှစ်ဦးစလုံးသည် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများနှင့် ပတ်သက်၍ ရုရှားအပေါ် စိတ်ပျက်မိကြောင်း၊ အထူးသဖြင့် မေလ ၁၉ ရက်က ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ကြား ခေါ်ဆိုမှုအပြီးတွင် မော်စကိုမှ ကတိပေးသည့် စာချွန်လွှာကို ကတိကဝတ်ပြုထားသော်လည်း အကောင်အထည်မပေါ်သေးပေ။

မာ့ဇ်က “မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမေရိကန်သမ္မတကို ကျေးဇူးတင်ချင်ပါတယ်” ဟု ဆိုခဲ့သည်။ အခြားတစ်ဖက်မှာလည်း မော်စကိုဟာ အချိန်ဆွဲ ကစားနေပါတယ်။ အဲ့ဒီစာချွန်လွှာကို မျှဝေအသိပေးခြင်း မရှိသေးပါ။” ယူကရိန်းတဝှမ်းကို မကြာသေးမီက တိုက်ခိုက်မှုများသည် “ရန်လိုသောဘာသာစကားကို ပြောသည်” ဟု ဂျာမနီခေါင်းဆောင်က ထပ်လောင်းပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊