နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

အပစ်ရပ်ကာလထပ်တိုးတယ်ဆိုတဲ့ စစ်ကောင်စီက စဉ့်ကူးမြို့ကို လေကြောင်းတိုက်ခိုက်၊ အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

‌ဇွန်လ (၂)ရက်။

မနေ့က နေ့လယ် (၂)နာရီခွဲအချိန် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နေ့လယ် (၂)နာရီ (၃၂)မိနစ်လောက် စဉ့်ကူးမြို့ နတ်တောင်ရွာက Lucky 7 ဟိုတယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ခိုက်တာကြောင့် ပြည်သူအမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာရသူတွေထဲက တစ်ဦး ပြင်းထန်ဒဏ်ရာရသွားတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားအမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲ့ဒီဒဏ်ရာရသူတွေထဲ တစ်ဦးဟာ စိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး နေ့လယ် (၂)နာရီ (၂၆)မိနစ်အချိန်ကလဲ စဉ့်ကူးမြို့ နွယ်ရုံရွာကို စစ်ကောင်စီက တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့သေးကာ အဆောက်အဦး (၂)ခု ပျက်စီးခဲ့ပြီး လူထိခိုက်တာ မရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး အပစ်ရပ်ကာလကို တလထပ်မံတိုးမြှင့်တယ်လို့ ထုတ်ပြန်ကြေညာထားတာပါ။

အဲ့ဒီလို စစ်ကောင်စီက အပစ်ရပ်ကာလ ထပ်တိုးမြှင့်တယ်လို့ ကြေညာပြီး နောက်တရက်မှာပဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ အပြောနဲ့လုပ်ရပ်က တခြားစီဖြစ်နေတယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆောမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 12 Views
ဇွန်လ (၆)ရက်။ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ
မြန်မာသတင်း

ILO ညီလာခံကနေ စစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့အောင်ပွဲလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 10 Views
စစ်အုပ်စုကို အရေးယူဖို့ အဆိုတင်သွင်းတဲ့အခါ ရုရှား၊ ဘီလာရုစ်၊ လာအိုနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြ ဇွန်လ (၆)ရက်။ (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
မြန်မာသတင်း

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် သေဆုံးတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့သူတွေထဲ (၆)နှစ်အရွယ် မိန်းကလေးငယ်တဦးပါဝင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 4 Views
ဇွန်လ (၆)ရက်။ ရန်ကုန်မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေဆိုကာ (၁၆)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကျူးလွန်ခဲ့တယ်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူတွေထဲ အသက် (၆)နှစ်အရွယ်
မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ပေါ်တာဆွဲခံရတဲ့ လူငယ် (၈)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 22 Views
ဇွန်လ (၅)ရက်။ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာကို စစ်ကူအနေနဲ့ ရောက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့
မြန်မာသတင်း

ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တိုက်ဖျက်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 22 Views
ဇွန်လ (၅)ရက်။ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တတ်နိုင်တဲ့နည်းလမ်းနဲ့ တိုက်ဖျက်ဖို့ NUG က ဒီကနေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဟာ အခုရင်ဆိုင်နေရတဲ့ ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ မျိုးသုဉ်းပျောက်ကွယ်မှုနဲ့ ရာသီဥတုပြောင်းလဲမှု
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 33 Views
ဇွန်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ ဒီကနေ့ အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှူး လွေးယေဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ အခုအချိန်အထိ တရုတ်ရဲ့ဖိအားကလဲ ပြင်းပြင်းထန်ထန်ရှိနေပါတယ်။ တရုတ်ဖိအားကို
မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် (၄၆၆)ဦးအပါအဝင် (၃၁၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 16 Views
ဇွန်လ (၅)ရက်။ (၂)နှစ်ကျော်ကာလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ် စုစုပေါင်း (၂၈၄၁)ခုအထိ ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ သေဆုံးသူဦးရေ (၃၁၅၂)ဦးရှိခဲ့ကာ အဲ့ဒီအထဲ အသက် (၁၈)နှစ်အောက်
မြန်မာသတင်း

ရွာငံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ ကွယ်လွန်ခဲ့တဲ့အပေါ် စစ်ကောင်စီကို CRPH ပြင်းပြင်းထန်ထန်ရှုတ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 34 Views
ဇွန်လ (၅)ရက်။ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့တဲ့အပေါ် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ ၂၀၂၄ခုနှစ်