နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဇွန်လ (၄)ရက်။

မနေ့က နံနက် (၁၁)နာရီကျော်အချိန် စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဇွန်လ (၃)ရက်နေ့ နံနက် (၁၁)နာရီ (၅)မိနစ်က စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စကစက တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဘုန်းတော်ကြီး ကျောင်းဆောင် (၂)လုံး ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်နိုင်ဖို့အတွက် ပုန်းခိုကျင်းတွေ တူးထားကြဖို့ကိုလဲ ပြင်ဦးလွင်ခရိုင်ပကဖက တိုက်တွန်းနှိုးဆော်ထားပါတယ်။

အခုဇွန်လကို အပစ်ရပ်ကာလ ထပ်မံတိုးမြှင့်ထားတယ်ဆိုတဲ့ စစ်ကောင်စီဟာ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးတိုက်ခိုက်တာနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။

စစ်ကိုင်းငလျင် လှုပ်ခတ်ခဲ့တဲ့ မတ်လ (၂၈)ရက်နေ့ကစပြီး မေလ (၃၀)ရက်နေ့အထိ ‌စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ စုစုပေါင်း (၅၂၈)ကြိမ်ရှိကာ ပြည်သူ (၄၆၂)ဦး သေဆုံးခဲ့ပြီး (၈၈၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်၊ ပြည်သူ (၁)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 12 Views
ဩဂုတ်လ (၁)ရက်။ မနေ့က နောင်ချိုမြို့ ဒိုးပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 13 Views
ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး NUG, တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KIA, TNLA,MNDAA, SSA, KNDF, KNU, CB, CNF တို့နဲ့
မြန်မာသတင်း

စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ခန့်အပ်ခံခဲ့ရသူတွေ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ တာဝန်ပေးခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 19 Views
ဩဂုတ်လ (၁)ရက်။ အရင်က စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ခန့်အပ်ခံထားရသူတွေကို အသစ်ဖွဲ့လိုက်တဲ့ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ တာဝန်ပေးထားခဲ့တယ်လို့ ကာ/လုံရုံးရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့ဆိုပြီး (၁၅)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ အဲ့ဒီအထဲ
မြန်မာသတင်း

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်အပါအဝင် KPICT နဲ့ CRPH တို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 18 Views
ဩဂုတ်လ (၁)ရက်။ မနေ့က နံနက် (၈)နာရီအချိန်မှာ ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT)နဲ့ CRPH တို့ ဗီဒီယိုကွန်ဖရင့်ကနေတဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အပါအဝင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေအပြင်
မြန်မာသတင်း

ငြိမ်းချမ်းရေးအတွက် ဖြစ်ချင်တာတွေကို ပြောနေမယ့်အစား ဖြစ်သင့်တာကိုပြောဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 15 Views
ဩဂုတ်လ (၁)ရက်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကိုပြောဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ဖြစ်ချင်တာတွေကို ပြောဆိုနေမယ့်အစား၊ ဖြစ်သင့်တာတွေကို ပြောပြီး
မြန်မာသတင်း

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို မင်းအောင်လှိုင် အရေးပေါ်အခြေအနေကြေညာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 18 Views
ဩဂုတ်လ (၁)ရက်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်စုစုပေါင်း (၆၃)မြို့နယ်ကို မင်းအောင်လှိုင်က ကာ/လုံကနေ အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို အရေးပေါ်အခြေအနေကြေညာတာဟာ လက်နက်ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းစေဖို့နဲ့ နယ်မြေတည်ငြိမ်ရေး၊ ‌တရားဥပဒေစိုးမိုးရေးတို့ကို
မြန်မာသတင်း

ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှ မျှော်မှန်းတဲ့ နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 30 Views
ဇူလိုင်လ (၃၁)ရက်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာ မျှော်မှန်းတဲ့ အနာဂတ် နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ ဒီကနေ့မှာပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ဖြစ်ဖြစ်
မြန်မာသတင်း

စစ်ကောင်စီဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ထဲ ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 140 Views
ဇူလိုင်လ (၃၁)ရက်။ ကာ/လုံအစည်းအဝေးကနေ စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ထဲမှာ ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီက ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ထဲ ကနဦးထုတ်ပြန်ခဲ့ရာမှာ ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဖြည့်စွက်ဖွဲ့စည်းတယ်ဆိုပြီး ပြောဆိုထားတာပါ။ စစ်ကောင်စီ