နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

တောင်ကိုရီးယား

တောင်ကိုရီးယား နိုင်ငံတကာသတင်း အာရှ

“ဘယ်အပင်တွေ စားလို့ရမှန်း ကျွန်တော်သိတယ်” တောင်ကိုရီးယားသမ္မတသစ် လီချေမြောင်သည် ​​အလွန်ဆင်းရဲနွမ်းပါးသည့်ဘဝမှ သမ္မတ ဖြစ်လာ

ဇွန်လ (၄) ရက်။

တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသွားတဲ့ အသက် (၆၁) နှစ်အရွယ် လီချေမြောင်ဟာ နွမ်းပါးတဲ့စက်ရုံအလုပ်သမားတစ်ဦးကနေ နိုင်ငံ့ထိပ်တန်းအထိ တက်လာခဲ့ပါတယ်။ လူအချို့က သူ၏ ခိုင်မာသော ခေါင်းဆောင်မှုကို ချီးကျူးသော်လည်း သူ့ကို အချို့ကလည်း “ကြော်ကြားသူ” လို့ ဝေဖန်ကြပါတယ်။ သူ့ကို စွဲဆိုထားတဲ့အမှုများလည်း ရှိနေပြီး ချီးမွမ်းခံရတာနဲ့ ဝေဖန်ခံရတာ နှစ်ခုစလုံး ရှိတဲ့သူလည်း ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်မှာ တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Gyeongsang ပြည်နယ်၊ Andong မြို့အစွန်ရှိ လယ်ယာလုပ်ကိုင်တဲ့ရွာမှာ မွေးဖွားခဲ့ပါတယ်။ အလွန်ဆင်းရဲတဲ့မိသားစုမှာ ကြီးပြင်းခဲ့ပြီး သူ့ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ “ကျွန်တော် အမြဲတမ်း ဆာလောင်နေခဲ့တယ်။ ငယ်ငယ်တုန်းက မြက်တွေ၊ ပန်းတွေ၊ သစ်ပင်တွေ စားသုံးနိုင်တယ်ဆိုတာကို သိခဲ့တယ်” လို့ ရေးသားထားပါတယ်။

မူလတန်းကျောင်းပြီးတဲ့နောက် ဆိုးလ်အနီးရှိ Gyeonggi ပြည်နယ် Seongnam ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ အလယ်တန်းနဲ့ အထက်တန်းကို ဆက်မတက်တော့ဘဲ အသက် ၁၂ နှစ်အရွယ်ကတည်းက မိသားစုကို ထောက်ပံ့ဖို့အတွက် လည်ဆွဲစက်ရုံစတဲ့စက်ရုံတွေမှာ အလုပ်လုပ်ခဲ့ရပြီး ညကျောင်းတက်ကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး ဆိုးလ်မြို့ရှိ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည့် Chung-Ang တက္ကသိုလ်ကို ဝင်ရောက်ခဲ့ပါတယ်။ အရမ်းကြိုးစားတယ်လို့ လူသိများတဲ့သူဖြစ်ပါတယ်။ စက်ရုံမှာ မတော်တဆမှုတစ်ခုကြောင့် သူရဲ့ ဘယ်ဘက်လက် မသန်မစွမ်းဖြစ်ခဲ့ရတဲ့အတွက် စစ်မှုမထမ်းမနေရကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

အဲ့ဒီကာလအတွင်း ကျောင်းသားအများအပြားဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လီကတော့ လှုပ်ရှားမှုတွေမှာ မပါဝင်ခဲ့ဘဲ ခက်ခဲတဲ့ ရှေ့နေစာမေးပွဲအတွက် စာသင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး အောင်မြင်တဲ့ရှေ့နေ ဖြစ်လာခဲ့ပါတယ်။

Seongnam မှာ မြူနီစီပယ်ဆေးရုံ တည်ထောင်ဖို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ သူဟာ Seongnam မြို့တော်ဝင် ရွေးချယ်ပွဲမှာ ဒုတိယမြောက် ကြိုးပမ်းမှုနဲ့ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရပြီး သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်လောက်မှာ သူရဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုနဲ့ ပြတ်ပြတ်သားသား အစွန်းရောက်တဲ့ စကားပြောနည်းအတွက် လူအများက အာရုံစိုက်လာခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်မှာ Gyeonggi ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ၂၀၂၂ ခုနှစ်မှာ ပါတီရဲ့ အဓိကသမ္မတလောင်းအဖြစ် အနိုင်ရခဲ့ပါတယ်။ ကွန်ဆာဗေးတစ် ပြည်သူအင်အားပါတီမှ Yoon Seok-yeol အား ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေအိမ်း ပတ်သက်ပြီး အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုထားတာခံရပြီး ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုနဲ့လည်း တရားစွဲခံရကာ လက်ရှိမှာ မှုခင်းငါးခုနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလိုကြားထဲကနေပြီး ပါတီခေါင်းဆောင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ သူနဲ့ဝေးကွာတဲ့ နိုင်ငံရေးသမားတွေကို ဖယ်ရှားပြီး အနိုင်ရလာခဲ့တဲ့အတွက် ပါတီတွင်း ခိုင်မာအားကောင်းလာပါတယ်။ အဲ့ဒီနောက်မှာတော့ အကြိုသမ္မတရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတအမည်စာရင်းတင်သွင်းခံရသူဖြစ်လာခဲ့ပါတယ်။ တတိယအကြိမ် ရွေးကောက်ပွဲမှာ ပြည်သူ့အင်အားပါတီ ကိုယ်စားလှယ်လောင်း ကင်(မ)မွန်ဆိုး (Kim Moon-soo)ကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။

အလွန်ဆင်းရဲမွဲတေမှုအတွင်း ငယ်စဉ်ကလေးဘဝကတည်းကနေ ကြီးပြင်းလာတဲ့အထိ ဖော်ပြထားတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကိုလည်း ထုတ်ဝေထားပါတယ်။ သူ့မှာ ဇနီး ကင်(မ)ဟဲဂရွန် (Kim Hye-kyung) နဲ့ သားနှစ်ယောက်တို့ရှိပါတယ်။

မာအိနိချိရှင်ဘွန်း

ဓာတ်ပုံ။
ကိုရီးယားဒီမိုကရက်တစ်ပါတီမှ လီချေမြောင် (Lee Jae-myung)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 4 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ