နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

တောင်ကိုရီးယား

တောင်ကိုရီးယား နိုင်ငံတကာသတင်း အာရှ

“ဘယ်အပင်တွေ စားလို့ရမှန်း ကျွန်တော်သိတယ်” တောင်ကိုရီးယားသမ္မတသစ် လီချေမြောင်သည် ​​အလွန်ဆင်းရဲနွမ်းပါးသည့်ဘဝမှ သမ္မတ ဖြစ်လာ

ဇွန်လ (၄) ရက်။

တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသွားတဲ့ အသက် (၆၁) နှစ်အရွယ် လီချေမြောင်ဟာ နွမ်းပါးတဲ့စက်ရုံအလုပ်သမားတစ်ဦးကနေ နိုင်ငံ့ထိပ်တန်းအထိ တက်လာခဲ့ပါတယ်။ လူအချို့က သူ၏ ခိုင်မာသော ခေါင်းဆောင်မှုကို ချီးကျူးသော်လည်း သူ့ကို အချို့ကလည်း “ ကြော်ကြားသူ” လို့ ဝေဖန်ကြပါတယ်။ သူ့ကို စွဲဆိုထားတဲ့အမှုများလည်း ရှိနေပြီး ချီးမွမ်းခံရတာနဲ့ ဝေဖန်ခံရတာ နှစ်ခုစလုံး ရှိတဲ့သူလည်း ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်မှာ တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Gyeongsang ပြည်နယ်၊ Andong မြို့အစွန်ရှိ လယ်ယာလုပ်ကိုင်တဲ့ရွာမှာ မွေးဖွားခဲ့ပါတယ်။ အလွန်ဆင်းရဲတဲ့မိသားစုမှာ ကြီးပြင်းခဲ့ပြီး သူ့ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ “ ကျွန်တော် အမြဲတမ်း ဆာလောင်နေခဲ့တယ်။ ငယ်ငယ်တုန်းက မြက်တွေ၊ ပန်းတွေ၊ သစ်ပင်တွေ စားသုံးနိုင်တယ်ဆိုတာကို သိခဲ့တယ်” လို့ ရေးသားထားပါတယ်။

မူလတန်းကျောင်းပြီးတဲ့နောက် ဆိုးလ်အနီးရှိ Gyeonggi ပြည်နယ် Seongnam ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ အလယ်တန်းနဲ့ အထက်တန်းကို ဆက်မတက်တော့ဘဲ အသက် ၁၂ နှစ်အရွယ်ကတည်းက မိသားစုကို ထောက်ပံ့ဖို့အတွက် လည်ဆွဲစက်ရုံစတဲ့စက်ရုံတွေမှာ အလုပ်လုပ်ခဲ့ရပြီး ညကျောင်းတက်ကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး ဆိုးလ်မြို့ရှိ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည့် Chung-Ang တက္ကသိုလ်ကို ဝင်ရောက်ခဲ့ပါတယ်။ အရမ်းကြိုးစားတယ်လို့ လူသိများတဲ့သူဖြစ်ပါတယ်။ စက်ရုံမှာ မတော်တဆမှုတစ်ခုကြောင့် သူရဲ့ ဘယ်ဘက်လက် မသန်မစွမ်းဖြစ်ခဲ့ရတဲ့အတွက် စစ်မှုမထမ်းမနေရကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

အဲ့ဒီကာလအတွင်း ကျောင်းသားအများအပြားဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လီကတော့ လှုပ်ရှားမှုတွေမှာ မပါဝင်ခဲ့ဘဲ ခက်ခဲတဲ့ ရှေ့နေစာမေးပွဲအတွက် စာသင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး အောင်မြင်တဲ့ရှေ့နေ ဖြစ်လာခဲ့ပါတယ်။

Seongnam မှာ မြူနီစီပယ်ဆေးရုံ တည်ထောင်ဖို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ သူဟာ Seongnam မြို့တော်ဝင် ရွေးချယ်ပွဲမှာ ဒုတိယမြောက် ကြိုးပမ်းမှုနဲ့ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရပြီး သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်လောက်မှာ သူရဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုနဲ့ ပြတ်ပြတ်သားသား အစွန်းရောက်တဲ့ စကားပြောနည်းအတွက် လူအများက အာရုံစိုက်လာခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်မှာ Gyeonggi ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ၂၀၂၂ ခုနှစ်မှာ ပါတီရဲ့ အဓိကသမ္မတလောင်းအဖြစ် အနိုင်ရခဲ့ပါတယ်။ ကွန်ဆာဗေးတစ် ပြည်သူအင်အားပါတီမှ Yoon Seok-yeol အား ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေအိမ်း ပတ်သက်ပြီး အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုထားတာခံရပြီး ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုနဲ့လည်း တရားစွဲခံရကာ လက်ရှိမှာ မှုခင်းငါးခုနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလိုကြားထဲကနေပြီး ပါတီခေါင်းဆောင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ သူနဲ့ဝေးကွာတဲ့ နိုင်ငံရေးသမားတွေကို ဖယ်ရှားပြီး အနိုင်ရလာခဲ့တဲ့အတွက် ပါတီတွင်း ခိုင်မာအားကောင်းလာပါတယ်။ အဲ့ဒီနောက်မှာတော့ အကြိုသမ္မတရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတအမည်စာရင်းတင်သွင်းခံရသူဖြစ်လာခဲ့ပါတယ်။ တတိယအကြိမ် ရွေးကောက်ပွဲမှာ ပြည်သူ့အင်အားပါတီ ကိုယ်စားလှယ်လောင်း ကင်(မ)မွန်ဆိုး (Kim Moon-soo)ကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။

အလွန်ဆင်းရဲမွဲတေမှုအတွင်း ငယ်စဉ်ကလေးဘဝကတည်းကနေ ကြီးပြင်းလာတဲ့အထိ ဖော်ပြထားတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကိုလည်း ထုတ်ဝေထားပါတယ်။ သူ့မှာ ဇနီး ကင်(မ)ဟဲဂရွန် (Kim Hye-kyung) နဲ့ သားနှစ်ယောက်တို့ရှိပါတယ်။

မာအိနိချိရှင်ဘွန်း

ဓာတ်ပုံ။
ကိုရီးယားဒီမိုကရက်တစ်ပါတီမှ လီချေမြောင် (Lee Jae-myung)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို