နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အချက်အလက်များ

ယူကရိန်းနိုင်ငံ ခရိုင်မီးယားအရေးနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ခြင်း

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

နိဒါန်း

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရမှ ငြိမ်းချမ်းရေး ရယူနိုင်ရန် ကြိုးစားနေဆဲ ကာလအတွင်း ၂၀၁၅ ခုနှစ်တွင် ငြိမ်းချမ်းရေး ပထမခြေလှမ်းအဖြစ် အပစ်အခတ် ရပ်စဲရေးကို လက်နက်ကိုင် အဖွဲ့အားလုံးနှင့် သဘောတူ လက်မှတ်ရေးထိုးနိုင်မည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အားခဲထားခဲ့သော်လည်း အပစ်ရပ် လက်မှတ်ကို အဖွဲ့လေးဖွဲ့ဖြင့်သာ တရားဝင် ရေးထိုးနိုင်ခဲ့သည်။ ထို့အပြင် လတ်တလော ဖြစ်ပေါ်လာသည့် ကိုးကန့်အရေးအခင်း သည်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်များကို ခြိမ်းခြောက်လျက်ရှိသည်။ ယနေ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ အနေအထား အထူးသဖြင့် ကိုးကန့်၊ ဝ၊ မိုင်းလားတို့သည် တရုတ်ပြည်တွင်လည်း တရုတ်တိုင်းရင်းသား မျိုးနွယ်ထဲတွင် ပါဝင်သည်။ လက်ရှိ ယူကရိန်းနိုင်ငံတွင်လည်း ယူကရိန်း နိုင်ငံဖွား ရုရှားများလည်း ရှိသည်။ ထိုအခါ ယူကရိန်းရှိ ရုရှားများက ယူကရိန်းမှ ခွဲထွက်လိုကြောင်း ပြောကြားလာသည့် ပြဿနာများသည် စိတ်ဝင်စားစရာကောင်းသည်။

ထို့ပြင် ယူကရိန်း၏ အိမ်နီးချင်းရုရှားသည် အနုမြူပိုင်ဆိုင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်သလို အလားတူ တရုတ်သည်လည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အနုမြူ ပိုင်ဆိုင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ကြောင်း နှိုင်းယှဉ်တွေးဆချက်များကို ဖြစ်ပေါ်လာသဖြင့် စာဖတ်ပရိတ်သတ်အား စာရေးသူ၏အမြင်ကို နိုင်ငံချစ်စိတ်တစ်ခုတည်းကို အခြေပြု၍ ယထာဘူတကျကျ ဆင်ခြင်၍ ရေးသားတင်ပြလိုက်ပါသည်။

ဤတင်ပြချက်သည် မည်သည့်ဘက်က မှန်သည်၊ မည်သည့်ဘက်က မှားသည်ထက် ရေရှည် မည်ကဲ့သို့ စဉ်းစားတွေးခေါ် ဖြေရှင်းကြမည်ကို ဆွေးနွေးသည့်သဘောဖြင့်သာ တင်ပြလိုခြင်း ဖြစ်သည်။

ယူကရိန်းနောက်ခံသမိုင်း

၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ယူကရိန်းလူမျိုး သုံးသိန်းကျော်က လူသားချိန်းကြိုးသဖွယ် လက်ချင်းချိတ်လျက် ယူကရိန်းကို ဆိုဗီယက်အောက်မှ လွတ်လပ်ရေးပေးရန် ကိဗ် (Kyiv) နှင့် လိုဗြူး (Lviv) မြို့နှစ်မြို့ကြားတွင် တောင်းဆိုခဲ့ကြသည်။ လွတ်လပ်ရေး ယူမယူ ဆန္ဒခံယူပွဲ ကျင်းပသည့်အခါ ပြည်သူ ၉၀% ကျော်က ရုရှားလက်အောက်မှ ရုန်းထွက်ရန် ဆန္ဒမဲပေးခဲ့ပြီး ရုရှားလူမျိုးအများစုရှိသည့် ခရိုင်မီးယားဒေသမှ ၅၆% ကလည်း လွတ်လပ်ရေးယူရန် ဆန္ဒမဲ ပေးခဲ့ကြသည်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဆိုဗီယက်ရုရှား ဆိုဗီယက်ဆိုရှယ်လစ်ရီပတ်ဘလစ်၏သမ္မတ၊ ဘိုင်လိုရပ်ရှား ဆိုဗီယက် ဆိုရှယ်လစ်ရီပတ်ဘလစ် အကြီးအကဲနှင့် ယူကရိန်း ဆိုဗီယက် ဆိုရှယ်လစ် ရီပတ်ဘလစ်တို့က လွတ်လပ်သောပြည်နယ်များ ဓနဿဟာယ အဖြစ် (Agreement on the Establishment of the Commonwealth of Independent States) ဖွဲ့စည်းရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ သတင်းမီဒီယာများက ထိုသဘောတူညီချက်ကို ဘီးလာဗစ်ချာ (Belavezha Accords) သဘောတူညီချက်ဟု ခေါ်ကြသည်။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယူကရိန်းအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံအဖြစ် ဆိုဗီယက်ရုရှား ပြိုကွဲသွားခဲ့ပြီး ယနေ့ရုရှားသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံအဖြစ် ပြန်လည် ရပ်တည်ခဲ့ပြီး ယခင် ဆိုဗီယက်ယူနီယံ ဖြစ်စဉ်က ရယူထားခဲ့သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင်နေရာကို ဆက်လက်ဆက်ခံရယူခဲ့သည်။ လက်ရှိ ရုရှားသမ္မတပူတင်သည် ဆိုဗီယက် ရုရှားပြိုကွဲသွားရသည်ကို ပြန်လည်စုစည်းလိုသည့်စိတ် ပြင်းထန်စွာရှိနေသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရုရှားဓနသဟယထဲမှ ခွဲထွက်သွားမှုကို မလိုလားသူဖြစ်သည်။

ယူကရိန်းနိုင်ငံသည် ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ဆိုဗီယက်ယူနီယံ မပြိုကွဲခင် တရားဝင်နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သည်။ ယူကရိန်းကို ဆိုဗီယက်ရုရှားနိုင်ငံအတွင်း သွတ်သွင်း ထားစဉ်က ယူကရိန်းနိုင်ငံ၏ ခရိုင်မီးယား ပြည်နယ်သည် ရုရှားနိုင်ငံနှင့် နယ်နမိတ်ချင်း ဆက်စပ် နေပြီး ရုရှားလူမျိုးအများစု နေထိုင်ရာဒေသ ဖြစ်သည်။ ယူကရိန်း လွတ်လပ်ရေးရပြီးနောက် ပြည်သူတို့ရွေးချယ်မှုဖြင့် လီယွန်နစ်ကရော့ချောဗ် (Leonid Kravchuk) က ပထမဆုံး ယူကရိန်း သမ္မတအဖြစ် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ပြီး ၁၉၉၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ရွေးကောက်ပွဲ ရှုံးနိမ့်သဖြင့် နှုတ်ထွက်သွားခဲ့သည်။ သူ၏နေရာကို ရွေးကောက်ပွဲတွင် အနိုင်ရသူ လီယိုနစ်ဒေနိုလဗ်ကွပ်မာ (Leonid Danylovych Kuchma) က ဆက်ခံခဲ့သည်။ သက်တမ်းနှစ်ကြိမ် ဆက်တိုက် အရွေးခံရပြီးနောက် ၂၀၀၄ ခုနှစ်တွင် လီယိုနစ်ဒေနိုလဗ်ကွပ်မာက သူဆက်လက် အရွေးမခံတော့ကြောင်း ကြေညာပြီးနောက်တွင် သမ္မတလောင်းနှစ်ယောက် တက်လာခဲ့သည်။

ထိုသူနှစ်ဦးမှာ ဗစ်တာ ရန်နိုကိုဗစ်ခ် (Viktor Yanukovych) နှင့် ဗစ်တာယူရှင်ကို (Viktor Yushchenko) တို့ ဖြစ်ကြသည်။ ဗစ်တာရန်နိုကိုဗစ်ခ်သည် ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး သမ္မတ လီယိုနစ်ဒေနိုလဗ်ကွပ်မာနှင့် ရုရှားအစိုးရမှ လိုလားထောက်ခံမှုပေးခြင်းခံရသူဖြစ်ပြီး ရုရှားနှင့် နီးကပ်စွာ ပူးပေါင်းလိုသူဖြစ်သည်။ အဓိကပြိုင်ဖက် ဗစ်တာယူရှင်ကိုကမူ အနောက်သို့လှည့်ပြီး ဥရောပယူနီယံတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရေးကို လိုလားသူဖြစ်သည်။ ရွေးကောက်ပွဲတွင် ဗစ်တာရန်နိုကိုဗစ်ခ်က ပွတ်ခါသီခါနှင့် နိုင်သွားသော်လည်း ဗစ်တာယူရှင်ကိုက မဲလိမ်သည်ဟု ကြေညာပြီး ဆန့်ကျင်သည်။ အတိုက်အခံများသည် အင်နှင့်အားနှင့် လမ်းများပေါ်တွင် ဆန္ဒပြခဲ့ကြပြီးနောက် ယူကရိန်း ဗဟိုတရားရုံးချုပ်က ရွေးကောက်ပွဲရလာဒ်များသည် အကျုံးဝင်မှု မရှိကြောင်း ကြေညာပြီး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပခဲ့သည့်အခါ ဗစ်တာယူရှင်ကိုက အနိုင်ရရှိခဲ့သည်။ ၅ ရက်အကြာ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့တွင် ဗစ်တာရန်နိုကိုဗစ်ခ်က သမ္မတရာထူးမှ နုတ်ထွက်ပေးခဲ့သည်။

၂၀၁၀ခုနှစ် သုံးပွင့်ဆိုင် သမ္မတ ရွေးကောက်ပွဲတွင်မူ ရုရှားလိုလားသူ ဗစ်တာရန်နိုကိုဗစ်ခ် (Viktor Yanukovych) က လက်ရှိသမ္မတ ဗစ်တာယူရှင်ကိုနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းဘဝမှ ပြိုင်ဖက်ဖြစ်လာသူ တီမောရှင်ကို (Tymoshenko) တို့နှစ်ဦးလုံးကို နိုင်ပြီး သမ္မတဖြစ်လာသည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် သမ္မတဗစ်တာ ရန်နိုကိုဗစ်ခ်က ယူကရိန်း-ဥရောပ ယူနီယံအဖွဲ့အစည်းအတွက် သဘောတူညီချက်စာချုပ် (Ukraine–European Union Associa-tion Agreement) ကို လက်မှတ် မရေးထိုးဘဲ ရုရှားနှင့် ပေါင်းသင်းနိုင်ရေးကိုသာ အလေးပေး ဆောင်ရွက်ခဲ့သည့်အတွက် ကိဗ်မြို့မှ စတင်၍ ဆန္ဒပြပွဲများ ဖြစ်လာခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာနှင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဆန္ဒပြသူများက အစိုးရအဆောက်အအုံများကို ဝင်ရောက်သိမ်းပိုက်ခဲ့ကြသည်။ ဆန္ဒပြပွဲများသည် ကိဗ့်မြို့မှ စတင်ခဲ့ပြီး နောက်ပိုင်း ယူကရိန်း အနောက်ပိုင်းပြည်နယ်အထိ ပျံ့နှံသွားခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပုလိပ်နှင့် ဆန္ဒပြသူများ အဓိကရုန်းတွင် လူ ၈၀ ခန့် သေဆုံးခဲ့ကြသည်။ ပါလီမန်မှ သမ္မတ ဗစ်တာရန် နိုကိုဗစ်ခ်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရာထူးမှ ဖြုတ်ချပြီး တီမောရှင်ကို (Tymoshenko) ကို ထောင်မှလွှတ်ပေးခဲ့သည်။ သမ္မတ “ဗစ်တာရန်နိုကိုဗစ်ခ်” ကို ထောက်ခံသူ ပါလီမန်ဥက္ကဌ ဗလာဒီမာရိုင်ဘက် (Volodymyr Rybak) ရာထူးမှ နုတ်ထွက်ပြီး တီမောရှင်ကို (Tymoshenko) ကို ထောက်ခံသူ အိုလက်ဆန်ဒါချာချီနောဗ် (Oleksandr Turchynov) ကို အစားထိုးခန့်ခဲ့သည်။ ထို့နောက် ချာချီနောဗ်သည် ယာယီအစိုးရသမ္မတ ဖြစ်လာခဲ့သည်။ သမ္မတ ဟောင်း ဗစ်တာရန်နိုကိုဗစ်ခ်သည် ရုရှားနိုင်ငံသို့ ထွက်ပြေးခဲ့သည်။

မိမိတို့ကို လိုလားထောက်ခံသူ ယူကရိန်းတွင် ဖြုတ်ချခံရခြင်းအတွက် ရုရှားနိုင်ငံက ခရိုင်မီးယား ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်၊ မတ်လတွင် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ရုရှားစစ်အုပ်ချုပ်ရေး အောက်တွင် ပြည်သူ့ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့ပြီး ပြည်သူတို့က သဘောတူသည်ဟု ကြေညာချက် ထုတ်ပြန်ခြင်းကို ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ တရားမဝင်ဟု ဆိုကာ ပယ်ချခဲ့သည်။ ခရိုင်မီးယားပြဿနာမှ စတင်၍ ရုရှားလိုလားသူများ ဆူပူထကြွမှုတို့ အရှေ့ပိုင်း ယူကရိန်းနှင့် တောင်ပိုင်း ယူကရိန်းတို့တွင် ဆက်တိုက်ဖြစ်ပေါ်လာပြီး ဧပြီလတွင် ယူကရိန်းခွဲထွက်ရေး သမားများက ဒွန်းနက်ခ် ပြည်သူ့ရီပတ်ဘလစ် (Donetsk People’s Republic) နှင့် လူဂန့်စ်ခ် ပြည်သူ့ ရီပတ်ဘလစ် (Lugansk People’s Republic ) နိုင်ငံတို့ကို တည်ထောင်ကြောင်း ကြွေးကြော်ကြပြီး ပြည်သူ့ဆန္ဒခံယူပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပြည်သူ ၉၀% က လွတ်လပ်ရေးကို တောင်းဆိုကြကြောင်း ကြေညာခဲ့သည်။ ယူကရိန်းစစ်တပ်နှင့် ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများအကြား တိုက်ပွဲများ ဖြစ်ပွားလာပြီး လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ရသည်။ လူတသန်းကျော် ပြည်တွင်းတွင် စစ်ပြေးဒုက္ခသည်များအဖြစ် ပုန်းရှောင် နေရကြောင်း ကုလသမဂ္ဂမှ ခန့်မှန်းထားသည်။ လူ ၂ သိန်းခန့် ပြည်ပနိုင်ငံများသို့ ထွက်ပြေး ကြသည်။ အများစုမှာ ရုရှားနိုင်ငံသို့ ထွက်ပြေးကြသည်။ ဒွန်းဘတ်စ်စစ်ပွဲ (The War in Donbass) ကို ယူကရိန်း အရှေ့ပိုင်းစစ်ပွဲဟုလည်း ခေါ်သည်။

ပထမစစခြင်းတွင် ယူကရိန်းတပ်တို့က သူပုန်များကို တိုက်ခိုက်အောင်ပွဲများရနေသော်လည်း ရုရှားသမ္မတပူတင်က မိမိတို့မျိုးနွယ် ရုရှားလူမျိုးတို့ကို လူမျိုးတုံးသတ်ဖြတ်နေမှုကို လက်မခံ နိုင်ကြောင်း လက်ပိုက်ကြည့်မနေနိုင်ကြောင်း ပြောကြားပြီး ရုရှားတပ်များ၊ လက်နက်များ၊ ခေတ်မီလက်နက်ကြီးများ၊ အဝေးပစ် မြေပြင်မှဝေဟင်ပစ် ဒုံးပျံများ၊ တင့်ကားများကို ယူကရိန်း နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်စေလျက် ဗြောင်ကျူးကျော် တိုက်ခိုက်စေခဲ့သည့်အတွက် ခွဲထွက်ရေး သူပုန်များက မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြသည်။ သြဂုတ်လ ၂၂ ရက်နှင့် ၂၅ရက်အတွင်း ရုရှားအမြောက်တပ်နှင့် စစ်သားများက ရုရှားအခေါ် “လူသားချင်း ထောက်ပံ့မှု ယဉ်တန်းကြီး” က ယူကရိန်း နယ်နမိတ်တွင်းသို့ ယူကရိန်းအစိုးရ ခွင့်ပြုချက် မရရှိဘဲ ဖြတ်ကျော် ဝင်ရောက်ခဲ့ကြသည်။ ထို့ပြင် ယူကရိန်း အစိုးရတပ်များရှိရာသို့ ရုရှားဖက်ခြမ်းမှ အမြောက်များဖြင့် ပစ်ခတ်ပြီး အစိုးရထိုးစစ်ကို အထိနာစေခဲ့သည်။ ယူကရိန်း လုံခြုံရေး ဌာနအကြီးအကဲ ဗဲလတင်း နယ်လဗင်ချင်ကို (Valentyn Nalyvaichenko)က သြဂုတ်လ ၂၂ ရက် အဖြစ်အပျက်သည် “ရုရှား၏တိုက်ရိုက် ကျူးကျော်မှု သက်သက်ဖြစ်ကြောင်း” ထုတ်ဖေါ်ပြောကြားခဲ့သည်။

အထက်ပါအချက်ကို သုံးသပ်ကြည့်လျှင် ယူကရိန်းတွင် ယူကရိန်းလူမျိုးများအပြင် ရှေးနှစ်ပေါင်း များစွာ ကတည်းက နေထိုင်လာကြသော ရုရှားလူမျိုးများလည်း ရှိပြီး ယူကရိန်းအများစုက ရုရှားဖိနှိပ်မှုလက်အောက်မှ လွတ်မြောက်သည့်အခါ အနောက်မျှော်ဝါဒကို ကျင့်သုံးလိုကြသည်။ ရုရှား၏ဖိနှိပ်မှုကို ခါးစည်းခံခဲ့ကြရသဖြင့် ရုရှားတို့ လွှမ်းမိုးနေမှုကို တွန်းလှန်လိုစိတ်က ရှိနေခဲ့သည်။ တဖန် ရုရှားလူမျိုး ယူကရိန်း နိုင်ငံဖွားများကမူ လူမျိုးတူ ဘာသာစကားတူသော မိခင်ရုရှားနိုင်ငံနှင့် ပူးပေါင်းလိုကြသည်။ ထိုအချိန်တွင် ရုရှားယိမ်းသူက ယူကရိန်းသမ္မတ ဖြစ်လာ သည့်အခါ အနောက်ဥရောပထက် ရုရှားကို မျက်နှာသာပေးသည့်အတွက် လူထုအုံကြွမှုနှင့် ဖြုတ်ချခံရပြီး ထွက်ပြေးခဲ့ရသည်။ ယူကရိန်းသမ္မတသည် ပြည်သူက ရွေးကောက်လိုက်သူ ဖြစ်ငြားသော်လည်း ပြည်သူက စက်ဆုတ်နေသည့် အိမ်နီးချင်းအင်အားကြီးနိုင်ငံကို တဖက်သတ် အားကိုးခဲ့သည့်အတွက် ပလ္လင်ပေါ်မှ ဆင်းပြေးခဲ့ ရသည်။

တဖန် အနောက်လိုလားသူအုပ်စုမှလည်း အနောက်ဥရောပသမဂ္ဂကို ပူးပေါင်းပါဝင်ရန်ကိုသာ စိတ်ဝင်စားနေပြီး အိမ်နီးချင်း အင်အားကြီးနိုင်ငံကြီး၏ အနောက်မျှော်ခြင်းကို ခြိမ်းခြောက်မှု အဖြစ် မြင်နေသည်ကို ဂရုမပြုသည့်အတွက် အင်အားကြီးနိုင်ငံက ဝင်ရောက် ကျူးကျော်လာသည့် အပြင် မိမိနယ်မြေတွင်းရှိ ပြည်တွင်းဖွား ရုရှားလူမျိုးများကိုလည်း တဖက်သို့ ရောက်သွားစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်ခြင်းကြောင့် ပုန်ကန်ထကြွမှု ဖြစ်ပေါ်လာခဲ့သည်။ ရုရှားမုန်းတီးရေး စိတ်ခံစားမှုအလိုကို လိုက်ခဲ့ခြင်းကြောင့် လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ရုရှားသမ္မတ၏ အရှေ့ဥရောပနိုင်ငံများကို ပြန်လည်စုစည်းပြီး မိမိဦးဆောင်မှု ဗိုက်အောက်တွင် ထားလိုမှုနှင့် ယူကရိန်းနိုင်ငံဖွား ရုရှားများ၏ ရုရှားနိုင်ငံနှင့်ပူးပေါင်းလိုမှုတို့သည် သွား၍ ကိုက်ညီခဲ့ပြီး ခရိုင်းမီးယားကို ရုရှားတို့က သိမ်းပိုက်မှုနှင့် တဆက်တည်း ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ခွဲထွက်မှုများ ဖြစ်ပေါ်လာခြင်းသည် မိမိလူမျိုးရေးကို ရှေ့တန်းတင်ခြင်းကြောင့် ဖြစ်သည်။

ရုရှားနိုင်ငံသည် အင်အားကြီးနိုင်ငံဖြစ်သည် အနုမြူလက်နက် မြောက်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်လည်း အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည်။ ထို့ကြောင့် ယူကရိန်းသမ္မတက အနောက်ကိုယိမ်း၍ နေတိုးအဖွဲ့သို့ဝင်ရန် ကြိုးစားသော်လည်း အနောက်နိုင်ငံများကမူ ရုရှားကျူးကျော် သိမ်းပိုက်မှုကို ကန့်ကွက်စာမှလွဲ၍ အခြားအရေးယူမှု မပြုရဲဘဲ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်သည် ရုရှားနိုင်ငံထဲသို့ ဗြောင်သွတ်သွင်းခြင်းကို ခံလိုက်ရကာ အခြားအရှေ့ပိုင်းယူကရိန်းနှင့် တောင်ပိုင်းယူကရိန်းတို့ပါ ရုရှားနယ်ထဲပါမည့်သဘော သက်ရောက်နေခဲ့သည်။ ထိုအချက်က အနုမြူအင်အားကြီးနိုင်ငံဖြစ်ပြီး ကုလသမဂ္ဂတွင် ဗီတိုအာဏာ သုံးနိုင်သောနိုင်ငံဖြစ်ပါက အခြားနိုင်ငံကို ကျူးကျော်ဝင်ရောက်သော်လည်း အရေး မယူရဲဘဲ စီးပွားရေးပိတ်ဆို့မှုလောက်သာ ရှိနေသည်ဆိုသည့် အချက်ပင်ဖြစ်သည်။

ဓာတ်ပုံ။

(ဝဲမှယာ) ယူကရိန်း ဗလိုဒီမာ ဇလန်းစကီး (Volodymyr Zelenskyy), ပြင်သစ် အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) , ရုရှားနိုင်ငံ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဂျာမနီ အင်ဂျလာမာကယ်လ် (Angela Merkel) တို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အယ်လက်စီ (Élysée) နန်းတော်တွင် တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ် တာကာအီချီက သမိုင်းဝင် အပြတ်အသတ်အနိုင်ရရှိမှုဖြင့် အများစု အင်အားကို အထူးရယူနိုင်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက် ဂျပန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီသည် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 21 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 119 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း လမ်းဘေးကို ကြည့်လိုက်တိုင်း အမြဲတမ်း စဉ်းစားမိတဲ့အချက်တခုရှိတယ်။ အဲ့ဒီလမ်းဘေးတလျှောက်မှာ လူတွေက တဲအိမ်လေးတွေနဲ့နေကြရတယ်။ အိမ်လို့သာပြောတာ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 61 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန်

ပါကစ္စတန်မြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး ၃၁ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်။ ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦးကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုမန်တွင် အမေရိကန်နှင့် အီရန်တို့ အရေးပါသော ဆွေးနွေးပွဲများ ပြုလုပ်ပြီးစီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက် အိုမန်နိုင်ငံတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးခဲ့ကြ ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “ အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ “ အီရန်က သဘောတူညီမှုတစ်ခုရဖို့
နိုင်ငံတကာသတင်း အီရန်

ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူတို့၏ ဂူဗိမာန်ဘေးဝယ် ကြေကွဲနေသော အီရန်နိုင်ငံသားများ နှုတ်ဆိတ်နေရန် ဖိအားပေးခံထားရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် တီဟီရန်မြို့ — ကြာသပတေးနေ့ ညနေခင်းများတွင် တီဟီရန်မြို့၏ အကြီးဆုံးသော သုသာန်ကြီးမှာ ကွယ်လွန်သွားသော ချစ်ခင်ရသူများကို လာရောက် ဂါရဝပြုကြသူများဖြင့် သက်ဝင်လှုပ်ရှားလာလေ့ရှိသည်။ အစိုးရဆန့်ကျင်ရေး
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာဖရိက

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းသို့ ရုရှားနိုင်ငံက အာဖရိကန်အမျိုးသားများအား အလုပ်အကိုင်ကောင်းများပေးမည်ဟု လိမ်လည်ဖြားယောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေသည့်အကြောင်း CNN သတင်းဌာန၏ စုံစမ်းထောက်လှမ်းချက်မှ အဓိကအချက်များနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 36 Views
CNN -၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက် အာဖရိကနိုင်ငံများ ဖြစ်သည့် ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ယူဂန်ဒါတို့ မှ အမျိုးသားများအား လျှပ်စစ်အင်ဂျင်နီယာ၊ လုံခြုံရေးဝန်ထမ်း သို့မဟုတ် ယာဉ်မောင်းအလုပ်များ ပေးမည်ဟု ဆိုကာ ရုရှားအေးဂျင့်များက လိမ်လည် စည်းရုံး၍စစ်တိုက်ခိုင်းရန်စုဆောင်းခဲ့ကြသည်။