နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ TNLA ပြော

ဇွန်လ (၅)ရက်။

တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ ဒီကနေ့ အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှူး လွေးယေဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ အခုအချိန်အထိ တရုတ်ရဲ့ဖိအားကလဲ ပြင်းပြင်းထန်ထန်ရှိနေပါတယ်။ တရုတ်ဖိအားကို ပြန်လည်ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာနေပါတယ်။ ကျွန်မတို့ ပြည်သူနဲ့အတူ ရှိနေပါတယ်။ ပြည်သူနဲ့အတူ ရပ်တည်နေပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ဆွေးနွေးတာတွေမှာ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ ထိုးစစ်ဆင်တာရပ်ဖို့နဲ့ လူထုစားဝတ်နေရေးအတွက် ဖြတ်သန်းသွားလာတာတွေ ခွင့်ပြုဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်အထိ တရုတ်အစိုးရဘက်က နယ်စပ်ဂိတ်တွေကို ပိတ်ထားဆဲဖြစ်သလို့ အပစ်ရပ်တယ်လို့ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့မှာ ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သူက ဆက်ပြောပါတယ်။

ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ TNLA အပါအဝင် ညီနောင်မဟာမိတ် (၃)ဖွဲ့က တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာထားကာ နောင်ချိုမှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို ဆက်လက်ခုခံနေကာ စစ်ရေးတင်းမာနေပါတယ်။

နောင်ချိုစစ်မျက်နှာကို စစ်ကောင်စီက ရပ်စောက်ဘက်ကနေ စစ်ကူအင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကာ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နေပြည်တော်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၇၀)ဦးခန့် ထိခိုက်သေဆုံး

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 27 Views
ဩဂုတ်လ (၉)ရက်။ နေပြည်တော်ကနေ အင်အား (၆၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Battalion 804-Nay Pyi
မြန်မာသတင်း

ကရင်နီမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ (၃၃)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 21 Views
ဩဂုတ်လ (၉)ရက်။ အခုနှစ် ကရင်နီမှာ စစ်တပ်က လေကြောင်းပစ်ခတ်တဲ့ အကြိမ်ရေ (၃၂)ကြိမ်အထိရှိခဲ့တယ်လို့ Karenni-IEC ရဲ့ (၇၇)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အခမ်းအနားကို
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၀)ထက်မနည်းရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 24 Views
ဩဂုတ်လ (၉)ရက်။ လယ်ဒိုမြို့နယ်မှာ (၈)ရက်တာကာလထဲ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တာ (၂၀)ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်ဒိုမြို့မှာ စစ်တပ်ဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်တာတွေကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာကို ကန့်ကွက်တားဆီးဖို့ KNPP တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 23 Views
ဩဂုတ်လ (၉)ရက်။ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာတွေကို ကန့်ကွက်တားဆီးဖို့ KNPP က ဒီကနေ့မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းထာားတယ်လို့ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုတရပ်လုံးနဲ့ တော်လှန်ရေးအင်အားစုတွေက အပြီးတိုင်
မြန်မာသတင်း

ရန်ကုန်ရှိ အထင်ကရနေရာတွေမှာ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 25 Views
ဩဂုတ်လ (၈)ရက်။ ဒီကနေ့မှာကျရောက်တဲ့ (၃၇)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ရန်ကုန်ရှိ အထင်ကရနေရာတွေမှာ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုကို စစ်ကောင်စီက လှည့်ကင်းတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားက ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့အပါအဝင် မြို့နေပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ချင်းညီနောင်လိုင်ဇာတွင် KIAနှင့် NUGခေါင်းဆောင်များနှင့်တွေ့ဆုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 25 Views
၂၀၂၅ခုနှစ် သြဂုတ်လ၈ရက် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ချင်းလူငယ်များ ဦးစီးသော ချင်းညီနောင်များ အဖွဲ့ (CB) မှ ခေါင်းဆောင်များသည် ကချင်ပြည်နယ်သို့ ခရီးရှည်ထွက်ခဲ့ကြပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIA) ၏ နိုင်ငံရေးဗဟိုချက်ဖြစ်သည့် လိုင်ဇာတွင် ကချင်လွတ်လပ်ရေးတပ်မတော်
မြန်မာသတင်း

မြင့်ဆွေရဲ့ နာရေးအခမ်းအနားအတွက် စစ်ကောင်စီက ကော်မတီ (၁၁)ခုဖွဲ့စည်းထားတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 24 Views
ဩဂုတ်လ (၈)ရက်။ ယာယီသမ္မတ မြင့်ဆွေရဲ့ နာရေးအခမ်းအနားအတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁)ခုအထိ ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီရဲ့ ဈာပနအခမ်းအနားကျင်းပရေးကော်မတီထံက သိရပါတယ်။ မြင့်ဆွေရဲ့ နာရေးအခမ်းအနားကို နိုင်ငံတော်ဈာပနအနေနဲ့ ကျင်းပနိုင်ဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မနေ့က ပြလုပ်ခဲ့ပြီး ဈာပနအခမ်းအနားကျင်း‌ပရေး
မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေကို ပြည်သူထင်ပြီး ပေါ်တာဆွဲဖမ်းဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 24 Views
ဩဂုတ်လ (၈)ရက်။ မနေ့က နံနက် (၉)နာရီကျော်အချိန် အုတ်ဖို့မြို့ တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)က စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)က အရပ်ဝတ်နဲ့