နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ကုလဆုံးဖြတ်ချက် ဂါဇာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

ဇွန်လ (၅) ရက်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချက်ချင်းလက်ငင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး ထိုမူကြမ်းကို ဇွန် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်။

လူပေါင်း ၂ သန်းကျော်နေထိုင်သည့် ဂါဇာကမ်းမြှောင်တွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းဖြစ်မှု မူကြမ်းကို လုံခြုံရေးကောင်စီရှိ နိုင်ငံ ၁၅ နိုင်ငံက မဲပေးဆုံးဖြတ်ခဲ့ပြီး ထိုနေရာတွင် ၁၁ ပတ်ကြာ အစ္စရေးမှ ပိတ်ဆို့ထားမှုကြောင့်လူပေါင်း ၂ သန်းကျော်တို့ အငတ်ဘေးကြုံတွေ့ နေရပြီး လွန်ခဲ့သည့်လက ပိတ်ဆို့ထားမှုကို အစ္စရေးက ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း စားနပ်ရိက္ခာ နည်းနည်းချင်းသာရရှိခဲ့သည်။

“အမေရိကန်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောရရင် ဟားမတ်စ်ကို ရှုတ်ချဖို့ ပျက်ကွက်ပြီး ဟားမတ်စ်တွေကို လက်နက်ဖြုတ်သိမ်းပြီး ဂါဇာကနေ ထွက်ခွာဖို့ မတောင်းဆိုဘူးဆိုရင် ကျွန်မတို့အနေနဲ့ ဘယ်အကြောင်းအရာကိုမှ ထောက်ခံမှာ မဟုတ်ဘူး” ဟု ကုလသမဂ္ဂဆိုင်ရာ ယာယီအမေရိကန်သံအမတ် ဒေါ်ရော်သီ ရှီယာ (Dorothy Shea) က ကောင်စီအား မဲမခွဲမီတွင် ‌ပြောကြားခဲ့ပြီး အမေရိကန်ဦးဆောင်သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပျက်ပြားစေသည်ဟု ပြောဆိုခဲ့သည်။

ဝါရှင်တန်သည် အစ္စရေး၏ အကြီးမားဆုံး မဟာမိတ်ဖြစ်ပြီး လက်နက်ထောက်ပံ့သူလည်း ဖြစ်သည်။

မတ်လတွင် နှစ်လကြာ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီးနောက် အစ္စရေးက ဂါဇာတွင် ထိုးစစ်ဆင်လာချိန်တွင် လုံခြုံရေးကောင်စီ၏ မဲခွဲဆုံးဖြတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂါဇာကျန်းမာရေး အာဏာပိုင်များက အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဗုဒ္ဓဟူးနေ့တွင် လူ ၄၅ ဦး သေဆုံးခဲ့ကြောင်းပြောကြားခဲ့ပြီး တိုက်ပွဲတွင် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ၎င်းတို့၏ စစ်ရေးစစ်ဆင်ရေးများ တိုးချဲ့ရန် အစ္စရေးအစိုးရ၏ ဆုံးဖြတ်ချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တင်းကြပ်စွာ ထိန်းချုပ်ထားခြင်းသည် “ တရားမျှတမှုမရှိ၊ အချိုးအစားညီမျှမှုမရှိ၊ အပြုသဘောမဆန်ဘဲ ဆန့်ကျင်ဘက်ဖြစ်သည်” ဟု ဗြိတိန်၏ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာဝုဒ်ဝါဒ် (Barbara Woodward) က ဝေဖန်ခဲ့သည်။

ခြွင်းချက်မရှိ ဒါမှမဟုတ် အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုတာကို အစ္စရေးက ပယ်ချလိုက်ပြီး ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တွေ နေလို့မရဘူးဟု ဆိုသည်။ အစ္စရေးနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဒယ်နီ ဒါနွန် (Danny Danon) က အဆိုပါမူကြမ်းအား ထောက်ခံမဲပေးခဲ့ကြသည့် ကောင်စီအဖွဲ့ဝင်များအား “ မင်းတို့ ချွေးသိပ်ပြီး အလျော့ပေးတာပဲ၊ မင်းတို့ရွေးချယ်တဲ့လမ်းက ငြိမ်းချမ်းရေးသွားမှာ မဟုတ်ဘူး ပိုပြီးထိပ်လန့်ကြောက်စရာကောင်းဖို့ပဲ” ဟုဆိုသည်။

ဟားမတ်စ်သည် အမေရိကန်က ဗီတိုအာဏာသုံးမှုရှုတ်ချလိုက်ပြီး အစ္စရေးနိုင်ငံအပေါ် “ အမေရိကန်အစိုးရ၏ မျက်ကန်းဘက်လိုက်မှု” ကို ပြသခဲ့သည်ဟု ဆိုခဲ့သည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ဟားမတ်စ်နှင့် အခြားသူများက ဖမ်းဆီး ထားသည့် ဓားစာခံအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။

ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုတစ်ခုတွင် အစ္စရေးတွင် လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ခန့်ကို ကမ်းမြှောင်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဂါဇာတွင် စစ်ပွဲသည် ၂၀၂၃ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ကြောင်း အစ္စရေး စာရင်းဇယားများအရ သိရသည်။ အသတ်ခံရသူ သို့မဟုတ် ဖမ်းမိသူအများစုမှာ အရပ်သားများဖြစ်သည်။

အစ္စရေးက ပါလက်စတိုင်း ၅၄,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ စစ်ရေးလှုပ်ရှားမှုကို တုံ့ပြန်ခဲ့ တယ်လို့ ဂါဇာ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ အရပ်သားများသည် တိုက်ခိုက်မှုများ၏ ပြင်းထန်မှုကို ခံခဲ့ကြရပြီး နောက်ထပ် ထောင်ပေါင်းများစွာသော ရုပ်အလောင်းများ အပျက်အစီးပုံများအောက်တွင်သေဆုံးခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

ကမ္ဘာ့ဖိအားအောက်တွင် အစ္စရေးက ကန့်သတ်ထားသော ကုလသမဂ္ဂဦးဆောင်သော ပို့ဆောင်မှုများကို မေ ၁၉ ရက်တွင် ပြန်လည်စတင်ခွင့်ပြုခဲ့သည်။ တစ်ပတ်အကြာတွင် အမေရိကန်နှင့် အစ္စရေးတို့ ကျောထောက် နောက်ခံပြုထားသော ဂါဇာလူသားချင်း စာနာထောက်ထားမှု ဖောင်ဒေးရှင်းမှ အငြင်းပွားဖွယ်အကူအညီများ ဖြန့်ဖြူးရေးစနစ်ကို စတင်ခဲ့သည်။

ဟားမတ်စ်သည် ထောက်ပံ့ရေးပစ္စည်းများကို ခိုးယူသည်ဟု အစ္စရေးက ကာလရှည်ကြာ စွပ်စွဲထားပြီး ယင်းအဖွဲ့က ငြင်းဆိုထားသည်။ အစ္စရေးနှင့် အမေရိကန်တို့သည် ဂါဇာကမ်းမြောင်သို့ အကူအညီများ ဖြန့်ဖြူး ပို့ဆောင်ရန်အတွက် ပုဂ္ဂလိက အမေရိကန် လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများကို အသုံးပြုနေသည့် GHF မှတစ်ဆင့် လုပ်ဆောင်ရန် ကုလသမဂ္ဂအား တိုက်တွန်းထားသည်။

“ ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းအရပ်သားများအား ဆာလောင်မွတ်သိပ်နေတာကို ဘယ်သူမ မမြင်ချင်ကြပါ” ဟု အမေရိကန်သံအမတ် ရှီရာ (Shea) က လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့ပြီးထပ်လောင်း၍ ထိုဆုံးဖြတ်ချက်မူကြမ်းသည် “ ယခင်အကူအညီပေးဝေမှုနည်းလမ်း၏ ဆိုးရွားသော ချို့ယွင်းချက်များကို ဂရုမပြုပါ” ဟု ဆိုသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များသည် GHF နှင့် လက်တွဲလုပ်ဆောင်ရန် ငြင်းဆိုထားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဖွဲ့သည် ဘက်မလိုက် မဟုတ်ဘဲ၊ အကူအညီများကို စစ်ရေးအရ လုပ်ဆောင်နေပြီး ပါလက်စတိုင်းများကို ရွှေ့ပြောင်းရန် တွန်းအားပေးနေသောကြောင့် ဖြစ်သည်။

အင်္ဂါနေ့က လုံခြုံစိတ်ချရသော ဖြန့်ဖြူးရေး နေရာများဟု ခေါ်သောနေရာတွင် လူသေဆုံးစေသည့်အဖြစ် ဖြစ်ခဲ့ပြီးနောက် ဖြန့်ဖြူးရေးနေရာများထက် ကျော်လွန်သောနေရာများအထိ အရပ်သားများဘေးကင်းရေးကို ဆောင်ရွက်ပေးရန် အစ္စရေးစစ်တပ်အား ဖိအားပေးခဲ့သည် လူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်းက ဗုဒ္ဓဟူးနေ့တွင် မည်သည့်အကူအညီမျှ ဖြန့်ဝေခြင်း မပြုခဲ့ပေ။

GHF က အစ္စရေးစစ်တပ်အား စစ်နေရာများအနီးတွင် ရှုပ်ထွေးမှုများ သို့မဟုတ် တိုးမြင့်လာနိုင်သည့် အန္တရာယ်များကို လျှော့ချရန်၊ ခြေလျင်သွားလာမှုကို လမ်းညွှန်ရန်၊ ပိုမိုရှင်းလင်းသော အရပ်ဘက်လမ်းညွှန်မှုပေးရန်နှင့် အရပ်ဘက်လုံခြုံရေးအတွက် စစ်သားများကို လေ့ကျင့်မှုတိုးမြှင့်ရန် တောင်းဆိုထားကြောင်း GHF က ပြောကြားခဲ့သည်။

‘နှောင့်နှေးမှုများနှင့် ငြင်းဆိုမှုများ’
GHF သည် “ ဆက်လက်ထိန်းသိမ်းခြင်းလုပ်ငန်း” ကိုကြာသပတေးနေ့တွင် ၎င်း၏ ဖြန့်ဖြူးရေး ဆိုဒ်များဖွင့်လှစ်ခြင်းကိုနှောင့်နှေးလိမ့်မည်ဟု Facebook တွင် ရေးသားခဲ့သည်။ လုပ်ငန်းစတင်ချိန်မှစ၍ ယခုအချိန်အထိ အစားအစာ ခုနစ်သန်းကျော် ဝေငှနိုင်ခဲ့ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂဦးဆောင်သော ဂါဇာကမ်းမြောင်ဒေသ အကူအညီပေးရေး ဆောင်ရွက်မှုအပေါ် အမေရိကန်နှင့် အစ္စရေးတို့က ဝေဖန်နေသော်လည်း အမေရိကန် အပစ်အခတ်ရပ်စဲရေး အစီအစဉ်တွင် ကုလသမဂ္ဂ၊ လခြမ်းနီနှင့် အခြားသော သဘောတူထားသည့် လမ်းကြောင်းများမှ အကူအညီများ ပေးအပ်ရန် အဆိုပြုထားသည်။ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို အစ္စရေးက သဘောတူထားသော်လည်း ဟားမတ်စ်က ပြောင်းလဲကြိုးပမ်းနေခြင်းကို အမေရိကန်က ပယ်ချပြီးအပြောင်းအလဲများကို “လုံးဝလက်မခံနိုင်”ဟု ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်မှုမတိုင်မီတွင် ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ တွမ် ဖလက်ချာ (Tom Fletcher) က ဂါဇာကမ်းမြောင်ဒေသရှိ လူများအား ကူညီဆောင်ရွက်ပေးရန် ကုလသမဂ္ဂနှင့် အကူအညီပေးရေးအဖွဲ့များအား ၎င်းတို့တွင် အစီအစဉ်၊ ထောက်ပံ့ရေးနှင့် အတွေ့အကြုံများရှိရန် ထပ်မံတောင်းဆိုခဲ့သည်။

“ နယ်စပ်ဖြတ်ကူးလမ်းတွေအားလုံးကို ဖွင့်ပါ။ ကဏ္ဍပေါင်းစုံကနေ အသက်ကယ်ဖို့ အကူအညီတွေကို အတိုင်းအတာတစ်ခုအထိ ပံ့ပိုးပေးပါ။ ဘယ်လိုအကူအညီတွေ ဘယ်လောက်ယူဆောင်နိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်ပါ။ ကြန့်ကြာမှုတွေနဲ့ ငြင်းဆိုမှုတွေကြောင့် ကျွန်တော်တို့ ယာဉ်တန်းတွေကို နှောင့်နှေးမှုတွေ မဖြစ်အောင် သေချာအောင်လုပ်ပါ” ဟု ဖလက်ချာ(Fletcher) က ဆိုပါသည်။

ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပေးပို့ခြင်းနှင့် စစ်ပွဲဇုန်တစ်လျှောက် ဖြန့်ဖြူးမှုကို ဟန့်တားခြင်းအတွက် နယ်မြေအတွင်း အစ္စရေးနှင့် တရားမဲ့မှုတို့ကို ကုလသမဂ္ဂက ကုန်လွန်ခဲ့သောကာလများစွာက အပြစ်တင်ခဲ့သည်။

“ အရပ်သားတွေ ဒုက္ခခံစားနေရတာ လုံလောက်နေပါပြီ။ စားနပ်ရိက္ခာကို လက်နက် အဖြစ် အသုံးချနေတာလုံလောက်ပါပြီ။ ဒီထက်ပိုပြီး မရက်စက်သင့်တော့ပါဘူး လုံလောက်နေပါပြီ ” ဟု စလိုဗေးနီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဆန်မြူရယ် ဇဘိုဂါ (Samuel Zbogar) က လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

အလားတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ယခုအခါ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ရန် မျှော်လင့်ထားပြီး မည်သည့်နိုင်ငံမှ ဗီတို အာဏာမရှိသောကြောင့် အတည်ပြုနိုင်ဖွယ်ရှိကြောင်း သံတမန်များက ပြောကြားခဲ့သည်။

အကျဥ်းချုပ်အချက်အလက်များ-
• အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုကို အမေရိကန်မှလွဲ၍ ကျန်လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄ ဦးက ထောက်ခံမဲပေးခဲ့သည်။
• ဘေးကင်းရေး ပိုမိုကောင်းမွန်လာစေရန် အမေရိကန် ကျောထောက်နောက်ခံ ပြုထားသော အကူအညီပေးရေးအဖွဲ့သည် အစ္စရေးနှင့် စကားပြောဆိုနေပါသည်။
• ကုလသမဂ္ဂက အစ္စရေး၊ တရားမဲ့မှုသည် ၎င်း၏အကူအညီပေးရေးလုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ/ ကိုင်ရို/ဂျေရုဆလမ် ဇွန်လ ၄ရက် (ရိုက်တာသတင်း)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော