ဇွန်လ (၇)ရက်။
မနေ့က ည (၉)နာရီအချိန် ဖားကန့်မြို့ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ယမ်းဂိုဒေါင်နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးပစ်ချခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ စကစကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပေါက်ကွဲတဲ့နေရာက ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်တွေရဲ့ ယမ်းနဲ့ ဓါတ်မြေဩဇာတွေ သိုလှောင်ထားတဲ့နေရာဖြစ်တဲ့အတွက် ပေါက်ကွဲတာက ပြင်းထန်ခဲ့တာ” လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီက ဒရုန်းနဲ့ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ခွန်ဆာကုန်း ဘုန်းကြီးကျောင်းနဲ့ ကျေးဇူးတော်ဘုရားကျောင်းဝင်းကြား နေအိမ်ကို ထိမှန်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပေါက်ကွဲတာကြောင့် အရပ်သား (၉)ဦး သေဆုံးခဲ့သလို နေအိမ် (၁၀)လုံးထက်မနည်း ပျက်စီးသွားခဲ့ကာ သေဆုံးသူတွေထဲ ကလေးငယ် (၄)ဦး ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် သေဆုံးခဲ့သူတွေဟာ မိသားစုတခုထဲက ကချင်မိသားစုဝင်တွေဖြစ်ပြီး ဧရာဦးကျောက်စိမ်းကုမ္ပဏီရဲ့ ယမ်းတွေသိုလှောင်ထားတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုထားပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာ မရှိဘူးလို့ သိရပါတယ်။



