နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တရားသူကြီးများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်ရာဇ၀တ်မှုများအတွက် ခုံရုံး၏ စုံစမ်းစစ်ဆေးမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တွင်ရှိ တရားသူကြီးလေးဦး ပိုင်ဆိုင်သော ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဇွန်လ (၆) ရက်။

ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းတွင် အစ္စရေး၏ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး ခုံရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ICC တရားရုံးမှ တရားသူကြီးလေးဦးကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်နေပါသည်။

ဘီနင်၊ ပီရူး၊ စလိုဗေးနီးယားနှင့် ယူဂန်ဒါနိုင်ငံတို့မှ လာသော ICC တရားသူကြီးများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ လုပ်ရပ်သည် အစ္စရေးနှင့် အမေရိကန်တို့ အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော ICC နှင့် ၎င်း၏ အရာရှိများအား အပြစ်ပေး အရေးယူရန် အစိုးရအဖွဲ့က လုပ်ဆောင်သော နောက်ဆုံးခြေလှမ်း ဖြစ်သည်။

“ ICC တရားသူကြီးများအနေဖြင့် ဤပုဂ္ဂိုလ်လေးဦးသည် အမေရိကန် သို့မဟုတ် ကျွန်ုပ်တို့၏ ရင်းနှီးသောမဟာမိတ် အစ္စရေးကို ပစ်မှတ်ထား၍ ICC ၏တရားမဝင်နှင့် အခြေအမြစ်မရှိသော လုပ်ရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်” ဟု နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ ICC ဟာ နိုင်ငံရေးအရ လွဲမှားတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေရဲ့ နိုင်ငံသားတွေကို စုံစမ်းစစ်ဆေးဖို့ စွဲချက်တင်ကာ တရားစွဲဆိုဖို့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို လွဲမှားစွာ လုပ်ဆောင်နေပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။ “ဒီအန္တရာယ်ရှိတဲ့ ပြောဆိုမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုက အစ္စရေးအပါအဝင် အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေးကို ထိပါးစေပါတယ်။

ဖေဖော်ဝါရီလတွင်၊ ဟိတ်ဂ် (The Hague) အခြေစိုက်တရားရုံး၏ရှေ့နေချုပ် ကာရင်ခန်း(Karim Khan) သည် ဝါရှင်တန်၏ “ အထူးသတ်မှတ်ထားသောနိုင်ငံသားများနှင့် ပိတ်ဆို့ခံထားရသူများ” စာရင်းတွင် ထည့်သွင်းခံခဲ့ရပြီး ၎င်းအား အမေရိကန်များနှင့် စီးပွားရေးလုပ်ကိုင်ခြင်းမှ တားမြစ်ခဲ့ပြီး အမေရိကန်နိုင်ငံတွင်းသို့ ခန်း( Khan) ဝင်ရောက်မှု အပေါ် ကန့်သတ်ချက်များထားရှိခဲ့သည်။ ပြီးခဲ့သည့်လတွင် ခန်းအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်ကြောင့် စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ခဲ့ပြီး မိမိအလုပ်မှ ခေတ္တအနားယူ ထားသည်။

အစိုးရမှ ကြေငြာပြီး မိနစ်ပိုင်းအတွင်း အိုင်စီစီတရားရုံးက ၎င်း၏ လုပ်ရပ်ကို ရှုတ်ချခဲ့သည်။ “ဒီအစီအမံတွေဟာ နိုင်ငံတကာ တရားရေးအဖွဲ့အစည်းရဲ့ လွတ်လပ်မှုကို ပျက်ပြားအောင် ကြိုးပမ်းမှုပါပဲ” ဟု ICC ပြောရေးဆိုခွင့်ရှိသူ ဖာဒီ အယ် အဗ္ဗဒါလာ (Fadi El Abdallah) က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပိတ်ဆို့အရေးယူမှုအသစ်တွင် အနောက်အာဖရိကနိုင်ငံ ဘီနင်း (Benin) မှ ICC တရားသူကြီး ရိမ်နီ အယ်လာပင်နီ ဂန်ဆိုဥ (Reine Alapini-Gansou) ကို ပစ်မှတ်ထားခဲ့သည်။ ပြီးခဲ့သည့် နှစ်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု ကို ဖမ်းဝရမ်းထုတ်ခဲ့သော တရားစီရင်မှုအကြို တရားသူကြီးများ၏ လုပ်ငန်းတစ်ပိုင်းဖြစ်သည်။ သူမသည် ၂၀၂၁ ခုနှစ်တွင် ပါလက်စတိုင်း နယ်မြေများရှိ အစ္စရေးရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ရန် ခွင့်ပြုချက်အပေါ်တွင် မူတည်ပြီး သူမ၏တာဝန်ကို ထမ်းဆောင်ခဲ့သည်။

အသက် ၆၉ နှစ်အရွယ်ရှိ သူမသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ၂၀၂၃ ခုနှစ်တွင် ဖမ်းဝရမ်းထုတ်ခဲ့သော တရားသူကြီးအဖွဲ့၏ အစိတ်အပိုင်းတစ်ခုအဖြစ်လည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သောနှစ်တွင် မော်စကိုရှိ တရားရုံးတစ်ရုံးက သူမအား ဖမ်းဝရမ်းထုတ်ခဲ့သည်။

စလိုဗေးနီးယားနိုင်ငံမှ ဘက်တီ ဟိုလာ (Beti Hohler) သည် ၂၀၂၃ ခုနှစ်တွင် တရားသူကြီးတစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ သူမသည် ယခင်က တရားရုံးရှိ အစိုးရတရားလိုရှေ့နေရုံးတွင် အလုပ်လုပ်ခဲ့ပြီး အစ္စရေးအရာရှိများပါ၀င်သည့် တရားစွဲမှုများတွင် သူမ ပါဝင်ခြင်းကို အစ္စရေးက ကန့်ကွက်ခဲ့သည်။ ဟိုလာသည် ၎င်း၏ အစိုးရရှေ့နေအဖြစ် ရှစ်နှစ်တာကာလအတွင်း ပါလက်စတိုင်းနယ်မြေ စုံစမ်းစစ်ဆေးရေးတွင် မည်သည့်အခါကမျှ ပါဝင်လုပ်ဆောင်ခဲ့ဖူးခြင်း မရှိကြောင်း ပြီးခဲ့သည့်နှစ် ကြေညာချက်တွင် ဖော်ပြထားသည်။

ပီရူးမှ လူ့ဇ် ဒဲလ်ကာမန် အီဘန်နက်ဇ် ကာရန်ဇာ (Luz del Carmen Ibáñez Carranza) နှင့် ယူဂန်ဒါ (Uganda) မှ ဆိုလိုမိုင် ဘလန်ဂီ ဘော့ဆာ (Solomy Balungi Bossa) တို့နှစ်ယောက်လုံး သည် ICC ၏ အယူခံတရားသူကြီးများ ဖြစ်သည်။ အမျိုးသမီးတစ်ဦးစီသည် အစ္စရေးနှင့် ပတ်သက်သည့် အမှုကိစ္စများ စစ်ဆေးလုပ်ဆောင်ခဲ့ကြသည်။

အမေရိကန်နှင့် အစ္စရေးနှစ်နိုင်ငံလုံးသည် ထိုတရားရုံးတရားဝင်မှုကို အသိအမှတ်ပြုထားသည့် နိုင်ငံများမဟုတ်သလို အဖွဲ့ဝင်ထားသူများလည်း မဟုတ်ကြပါ။

၂၀၂၃ခုနှစ် အောက်တိုဘာလတွင် အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုအပြီး ဂါဇာတွင် စစ်ရာဇ၀တ်မှုများကျူးလွန်တုံ့ပြန်မှုနှင့် ပတ်သက်၍ တရားရုံးက နေတန်ယာဟုအား ဖမ်းဝရမ်း ထုတ်ထားခြင်းကို အစ္စရေးက အဆိုပါစွပ်စွဲချက်များကို ပြင်းထန်စွာ ငြင်းဆိုထားသည်။

၎င်း၏ ပထမဆုံးသမ္မတသက်တမ်းအတွင်း ထရန့်သည် ICC အား ပိတ်ဆို့အရေးယူမှုများဖြင့် ပစ်မှတ်ထားခဲ့ပြီး အစ္စရေးအပေါ် စုံစမ်းစစ်ဆေးမှုများအပေါ် မကျေနပ်မှုများနှင့် အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများတွင်လည်း ပါဝင်ခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုများကို သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

တရားရုံးတွင် အမေရိကန်သည် မိမိ နှင့် အစ္စရေး၏ အကျိုးစီးပွားကို ကာကွယ်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရိုဘီယို က ပြောကြားခဲ့သည်။ “ ကျွန်ုပ်တို့၏ အချုပ်အခြာအာဏာ၊ အစ္စရေးနှင့် အခြားအမေရိကန် မဟာမိတ်များကို ICC မှ တရား မ၀င်သော လုပ်ရပ်များမှ ကာကွယ်ရန် အမေရိကန်ပြည်ထောင်စုသည် လိုအပ်သည့် လုပ်ရပ်များကို လုပ်ဆောင်ရလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။

Human Rights Watch အဖွဲ့မှ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ဒါရိုက်တာ လစ်ဇ် အီဗန်ဆန် (Liz Evenson) က ထရန့် အစိုးရ၏ ပိတ်ဆို့အရေးယူမှုသည် အစ္စရေးနှင့် ပါလက်စတိုင်းတွင် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးများနှင့် ဂါဇာတွင် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုများ တိုးမြင့်လာခြင်းကြောင့် ICC အား တာဝန်ခံမှုကို ရှာဖွေခြင်းမှ တားဆီးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

“အိုင်စီစီ တရားသူကြီးတွေကို အမေရိကန်က ဒဏ်ခတ်အရေးယူတာဟာ သမ္မတ ထရန့်က နိုင်ငံတွင်းမှာ ဖြတ်တောက်ဖို့ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ တရားဥပဒေစိုးမိုးရေးကို ထင်ရှားတဲ့ တိုက်ခိုက်မှုပါပဲ” ဟု အီဗန်ဆန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ပိတ်ဆို့အရေးယူမှုတွေဟာ အဆိုးရွားဆုံး ရာဇ၀တ်မှုတွေအတွက် တရားမျှတမှုကို ရှာဖွေနေသူတွေကို အပြစ်ပေးဖို့မဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ ရည်ရွယ်တာပါ” ဟု သူကဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ