နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးစခန်းက ထွက်ပြေးလာတဲ့ တပ်သား (၃)ကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

ဇွန်လ (၁၀)ရက်။

ဇွန်လ (၄)ရက်နေ့က စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းက ထွက်ပြေးလာတဲ့ တပ်သား (၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-Asho ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ ရှေ့တန်းကာကင်းတာဝန်ထမ်းဆောင်နေချိန် ထွက်ပြေးလာတာလို့ ဆိုပါတယ်။

အခုလို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၃)ဦးကို MA အမျိုးအစား လက်နက်ငယ် (၃)လက်နဲ့ ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင်ကြဖို့ CDF-ASHO က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 8 Views
ဇွန်လ (၁၂)ရက်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

(၅)လတာထဲ မင်းတပ်မြို့မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 8 Views
ဇွန်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကစပြီး ဇွန်လ (၁၁)ရက်နေ့အထိ မင်းတပ်မြို့ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၈)ကြိမ်ရှိခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၄)သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 25 Views
ဇွန်လ (၁၂)ရက်။ ဇွန်လ (၁၀)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က
မြန်မာသတင်း

နမ္မတူမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 22 Views
ဇွန်လ (၁၂)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီကျော်အချိန်က နမ္မတူမြို့ မန်လီရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်လီရွာကို စစ်ကောင်စီတပ်က
မြန်မာသတင်း

ပုလဲမှာ ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဉ် အပျက်အစီးနဲ့ ရုပ်အလောင်းတွေကို PLA ထပ်မံထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 30 Views
ဇွန်လ (၁၁)ရက်။ ပုလဲမြို့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲထဲ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်အပျက်အစီးနဲ့ ရုပ်အလောင်းတွေကို PLA က ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပစ်ချခံရတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ကျေးရွာတရွာထဲ ထိုးစိုက်ဆင်းသွားပြီး ပျက်စီးသွားတဲ့ လေယာဉ်အမျိုးအစားကိုတော့
မြန်မာသတင်း

ပေါက်ခေါင်းမြို့ရှိ ကျေးရွာတွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 30 Views
ဇွန်လ (၁၁)ရက်။ ဇွန်လ (၃)ရက်နေ့ နံနက် (၉)နာရီအချိန်က ပေါင်ခေါင်းမြို့ရှိ ကျေးရွာတွေကို မီးရှို့ပြီးထွက်လာတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပေါက်ခေါင်းမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို
မြန်မာသတင်း

ဖယ်ခုံနယ်အစပ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ရေးသတိပေးချက်တွေကို လိုက်နာဖို့ ဖယ်ခုံ-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 28 Views
ဇွန်လ (၁၁)ရက်။ ဖယ်ခုံအင်းအရှေ့ခြမ်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်တို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖယ်ခုံ-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံနဲ့ ညောင်ရွှေထိစပ်နေတဲ့
မြန်မာသတင်း

ကျုံဒိုးမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦးသေဆုံးပြီး (၂၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 22 Views
ဇွန်လ (၁၁)ရက်။ ဇွန်လ (၉)ရက်နေ့ နေ့လယ် (၁)နာရီ (၄၅)မိနစ်အချိန်က ကျုံဒိုးမြို့ ပိုင်ရပ်ကျေးရွာထဲကို စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က