နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်

ယူကရိန်း

ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ပေးအပ်ရန် ကတိပြုထားသော ဒုံးကျည်အစင်း ၂၀,၀၀၀ ကို အမေရိကန်က လမ်းကြောင်းပြောင်း၍ အရှေ့အလယ်ပိုင်းသို့ ပို့လိုက်သည်ဟု ဇလန်းစကီးပြော

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။

“ ရုရှားတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ အဲ့ဒီဒုံးကျည်တွေကို ကျွန်တော်တို့ ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်” ဟု ဇလန်းစကီး က ABC သို့ ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာ ဇလန်းစကီး က ၎င်း၏ကာကွယ်ရေးဝန်ကြီးက သောကြာနေ့တွင် အမေရိကန်သည် ယူကရိန်းသို့ ကတိပြုထားသည့် မောင်းသူမဲ့လေယာဉ်များကို အရှေ့အလယ်ပိုင်းသို့ ပေးပို့လိုက်ကြောင်း ပြောကြားခဲ့သည်ဟု ABC News ၏ မာသာ ရတ်ဒက်ဇ်(Martha Raddatz) သို့ ပြောကြားခဲ့သည်။

ဘိုင်ဒင်အစိုးရအဖွဲ့နဲ့သဘောတူညီချက်အရ ယူကရိန်းအတွက် လျာထားတဲ့ ဒုံးကျည် ၂၀,၀၀၀ ကို အမေရိကန်က သူတို့တပ်ဖွဲ့တွေကို ကာကွယ်ဖို့ လမ်းကြောင်းပြောင်းပြီး အရှေ့အလယ်ပိုင်းကို ပို့လိုက်ပြီလို့ ပြောပါတယ်။ အဲဒီမှာရှိတဲ့ အမေရိကန်တပ်တွေကို ကာကွယ့်ဖို့လို့ ယူဆရတယ်လို့လည်း ပြောပါတယ်။

“ အမေရိကန်ရဲ့ အကူအညီ မပါဘဲ၊ ကျွန်တော်တို့ ပိုမိုဆုံးရှုံးမှု ရှိလာနိုင်တယ်” ဟု ဇလန်းစကီးက ပြီးခဲ့သည့်အပတ်က ကိ့ဗ်တွင် ရတ်ဒက်ဇ်သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က ရုရှားနိုင်ငံအတွင်း ယူကရိန်းက လျှို့ဝှက်မောင်းသူမဲ့ဒရုန်းများဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် လျှို့ဝှက်စစ်ဆင်ရေးအတွင်း ရုရှားကို တုန်လှုပ်ချောက်ချားသွားစေကာ ရုရှားက ပြန်လည် တိုက်ခိုက်ခြင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံတွင်းသို့ တိုက်ခိုက်ရာတွင် မောင်းသူမဲ့လေယာဉ် ၄၇၉ စင်းနှင့် ဒုံးကျည်အစင်း ၂၀ တို့ကို တနင်္လာနေ့ညပိုင်းက ပစ်လွှတ်ခဲ့ပြီး ရုရှား၏ ဝေဟင်ထိုးစစ်အတွက် အများဆုံးအဖြစ် မှတ်တမ်းဝင်ဖြစ်ခဲ့သည်ဟု ယူကရိန်းလေတပ်က ပြောဆိုခဲ့သည်။

ပင်တဂွန်သည် အရှေ့အလယ်ပိုင်းအတွက် လက်နက်အစုအဝေးများကို ပို့ဆောင်ခဲ့ကြောင်း အတည်ပြုရန် ငြင်းဆိုခဲ့သည်။

Shahed ဒရုန်းများကို အထူးကာကွယ်ပေးသည့် ကာကွယ်‌ရေးဆိုင်ရာ လက်နက်အစုအဝေးများသည် “စျေးမကြီးသော်လည်း အထူးနည်းပညာ” ဖြစ်သည်ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

Shaheds ဒုံးများသည် အီရန်မှ ထုတ်လုပ်ပြီး မော်စကိုမှ တင်သွင်းသည့် ဈေးမကြီးသောဒရုန်းများဖြစ်သည်။ ရုရှားသည် ယခုအခါ ၎င်းတို့ကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နေသည်။

ရုရှားမောင်းသူမဲ့ လေယာဉ်များကို ဖယ်ရှားရန် စီစဉ်ထားသည့် ဒရုန်းနည်းပညာကို ယူကရိန်းတွင် ဖြန့်ကျက်ရန် ပင်တဂွန်က လွှဲပြောင်းခွင့်ပြုထားကြောင်း Wall Street ဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 11 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 18 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားက ပိုကရော့ဗ်စ် (Pokrovsk) မြို့ အဓိကနေရာကို သိမ်းပိုက်နိုင်ပြီဟု ကြေညာ၊ ယူကရိန်းဘက်က မော်စကို၏ ‘အသံကျယ်ကျယ် ကြေညာချက်များ’ ကို ဝစ်ကော့ဖ် (Witkoff) ဆွေးနွေးပွဲများမတိုင်မီ ပယ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 20 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် ရုရှားတပ်ဖွဲ့ဝင်များအနေဖြင့် အတည်ပြုနိုင်ပါက အရေးပါသော အောင်ပွဲ ဖြစ်လာနိုင်မည့် ယူကရိန်းအရှေ့ပိုင်းမြို့ဖြစ်သော ပိုကရော့ဗ်စ် ကို သိမ်းပိုက်ရရှိပြီဟု တနင်္လာနေ့တွင် ရုရှားက ကြေညာခဲ့သည်။ သို့သော် ယူကရိန်းဘက်ကမူ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများအပေါ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက ရုရှား၏ ‘အရိပ်ရေယာဉ်စု’ ဆီတင်သင်္ဘောများကို ပင်လယ်နက်အတွင်း ရေအောက်မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက် ယူကရိန်း၏ ရေအောက်မောင်းသူမဲ့လေယာဉ်များသည် ရုရှား၏ ‘အရိပ်ရေယာဉ်စု’ ဟုခေါ်သော ဆီတင်သင်္ဘောနှစ်စင်းကို ပင်လယ်နက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သောကြာနေ့နှင့် စနေနေ့တို့တွင် သင်္ဘောနှစ်စင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား ပဋိပက္ခ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 36 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် အမေရိကန်၏ ငြိမ်းချမ်းရေးအဆိုပြုချက်။ သမ္မတ ထရန့်မ် အုပ်ချုပ်ရေးမှ ကြားဝင်ဖျန်ဖြေ ပေးသည့် ငြိမ်းချမ်းရေး သဘောတူညီချက် မူဘောင်တစ်ခုကို ယူကရိန်းအစိုးရက လက်ခံရန် သဘောတူညီခဲ့သည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။ သို့သော် ရုရှားဘက်ကမူ ဆုံးဖြတ်ချက်ချမှတ်ရန်
နိုင်ငံတကာသတင်း အမေရိကန်

သမတထရမ့်ကိုတရားစွဲထားသောနောက်ဆုံးလက်ကျန်အမှုပယ်ချလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 48 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် ဂျော်ဂျီယာအမှု ပယ်ချခံရ။ ဂျော်ဂျီယာပြည်နယ်တွင် သမ္မတထရန့်မ်နှင့် အခြားပူးတွဲ တရားခံများအပေါ် ၂၀၂၀ ရွေးကောက်ပွဲ ကိစ္စဖြင့် စွဲဆိုထားသော ရာဇဝတ်မှုအမှုကို တရားရုံး၏ အမိန့်ဖြင့် ပယ်ချခံခဲ့ရသည်။ ဂျော်ဂျီယာရွေးကောက်ပွဲ စွက်ဖက်မှုအမှု ပယ်ချခြင်း အသေးစိတ်
နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ဒီစီသမတအိမ်တော်နားပစ်ခတ်မှုတွင်တဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 45 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ရက် ဝါရှင်တန်ဒီစီ ပစ်ခတ်မှု။ ဝါရှင်တန်ဒီစီရှိ အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard) အဖွဲ့ဝင်တစ်ဦးဖြစ်သူ တပ်သား ဆာရာဘက်စတွမ်( Army Spc. Sarah Beckstrom)ကို ပစ်သတ်မှုနှင့် ပတ်သက်၍ FBI က စုံစမ်းစစ်ဆေးမှုများ