နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

အိန္ဒိယ လေယာဉ်ပျက်ကျသည့်နေရာအနီးတွင် အလောင်း ၂၀၀ ကျော် တွေ့ရှိ မြေပြင်ရှိ ဆေးကျောင်းအဆောင်ပေါ် ပျက်ကျရာ ကျောင်းသား ငါးဦး သေဆုံး

ဇွန်လ (၁၂) ရက်။

အိန္ဒိယလေကြောင်းလိုင်း အဲယားအိန္ဒိ ခရီးသည်တင်လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အနောက်အလယ်ပိုင်း၊ ဂူဂျာရတ်မြို့ အာမက်ဒါဘတ်လေဆိပ်မှ ပျံတက်ပြီး ၁ မိနစ်အကြာမှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၄၂ ဦး လိုက်ပါသွားတယ်လို့ ဆိုထားပါတယ်။ လေယာဉ်ပျက်ကျရာနေရာအနီးမှာ ရုပ်အလောင်း ၂၀၀ ကျော် တွေ့ရှိခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။။

လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေက အိန္ဒိယလူမျိုး ၁၆၉ ဦး၊ ဗြိတိန် ၅၃ ဦး၊ ပေါ်တူဂီ ၇ ဦး၊ ကနေဒါနိုင်ငံသား ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယ သတင်းဌာန ANI ရဲ့ ဖော်ပြချက်အရ အသက်ရှင် ကျန်ရစ်သူ တစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရုပ်သံလိုင်း NDTV နဲ့ အခြားသတင်းရင်းမြစ်တွေရဲ့ အဆိုအရ အဲ့ဒီ လေယာဉ်ပျက်ကျတဲ့ နေရာဟာ ဆေးကျောင်းသားတွေနေတဲ့ အဆောင် ဖြစ်တယ်လို့ သိရပြီး အနည်းဆုံး ကျောင်းသားငါးဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရတယ်လို့ သိရပါတယ်။

အဲယားအိန္ဒိယရဲ့ ကြေညာချက်အရ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အနီးက Gatwick လေဆိပ်ကို ပျံသန်းတဲ့ ခရီးစဉ်အမှတ် 171 ဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ Boeing 787-8 ဖြစ်တယ်လို့ သိရပါတယ်။ အာမက်ဒဘတ် Sardar Vallabhbhai Patel အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်မှာ ပျံတက်သွားပြီး မကြာမီ လေဆိပ်အနီးရှိ မြို့ဧရိယာအတွင်းကို ပျက်ကျခဲ့တာလို့ သိရပါတယ်။

“လေယာဉ်ပျံတက်ပြီး စက္ကန့် ၃၀ အကြာမှာ ကျယ်လောင်တဲ့အသံနဲ့ လေယာဉ်ပျက်ကျခဲ့တယ်” လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ထွက်ဆိုချက်ကို Hindustan Times က ဖော်ပြခဲ့ပါတယ်။ NDTV ရဲ့ အဆိုအရ အဆိုပါ လေယာဉ်ဟာ အမြင့် မီတာ ၂၅၀ ခန့်ကနေ ပျက်ကျခဲ့တာလို့ သိရပါတယ်။

အိန္ဒိယလေကြောင်း အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ လေယာဉ်ဟာ အရေးပေါ်အခြေအနေအတွက် ဆက်သွယ်အကြောင်းကြားခဲ့ပေမဲ့ နောက်ပိုင်းမှာ တုံ့ပြန်မှု မရှိတော့ဘူးလို့ သိရပါတယ်။ မတော်တဆမှုဖြစ်ပြီးနောက် လေဆိပ်ဟာ လေယာဉ် ပျံသန်းမှု၊ ဆင်းသက်မှုအားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။

Boeing ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ အရှည် ၅၇ မီတာရှိပြီး တောင်ပံကတော့ မီတာ ၆၀ ရှိပါတယ်။ 787 စီးရီးကို ၂၀၁၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ အမှာစာပေါင်း ၂၀၀၀ ရရှိထားပြီး ဒီနေ့အထိ လူပေါင်း ၁ ဘီလီယံကျော်ကို ပို့ဆောင်ပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

CNN ရဲ့ အဆိုအရ အခုအချိန်အထိ ဆိုးရွားတဲ့ မတော်တဆမှုမျိုး မရှိသေးကြောင်း သိရပါတယ်။ အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) ရဲ့ မတော်တဆမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အိန္ဒိယကို သွားမှာဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။။

အိန္ဒိယဝန်ကြီးချုပ်မိုဒီက X (အရင်တွစ်တာ) မှာ “ ကျွန်တော် ခံစားရတဲ့ နာကျင်မှုကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ဘူး။” လို့ ရေးသားခဲ့ပါတယ်။

ယူမိအူရီရှင်ဘွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 6 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 182 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်