နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်

မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့တရားရုံး သတင်းနှင့် ဆက်သွယ်ရေးအေဂျင်စီက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် မာဖီးယားပုံစံ ကျူးကျော်လိမ်လည်မှု (Scam) စင်တာများကို လုပ်ကိုင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးစားသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော မြီ (Ming) မိသားစု ရာဇဝတ်ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

မြီမိသားစုသည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ “မိသားစုကြီး လေးစု” ဟု ခေါ်ဝေါ်ကြသည့် အုပ်စုများထဲမှ တစ်စုဖြစ်ပြီး အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် အင်တာနက် လိမ်လည်မှု၊ ပြည့်တန်ဆာလုပ်ငန်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဝင်းပေါင်း ရာနှင့်ချီကို လုပ်ကိုင် နေသည်ဟု စွပ်စွဲခံထားရသူများ ဖြစ်သည်။ ၎င်းတို့အဖွဲ့ဝင်များသည် မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းထားသော ဒေသခံ အုပ်ချုပ်ရေးနှင့် ပြည်သူ့စစ်အဖွဲ့များတွင် အရေးပါသော ရာထူး နေရာများကို ရယူထားခဲ့ကြသည်။

ကွပ်မျက်ခံရသူ ၁၁ ဦးသည် လူသတ်မှု၊ တရားမဝင် ထိန်းသိမ်းမှုနှင့် လိမ်လည်မှုတို့ အပါအဝင် ရာဇဝတ်မှုများဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလတွင် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ တရားခံနှစ်ဦးက အယူခံဝင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ အမြင့်ဆုံး တရားရုံးဖြစ်သော ပြည်သူ့အမြင့်ဆုံးတရားရုံးက မူလစီရင်ချက်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မြီရှောက်ချန်း (Ming Xuechang) ဦးဆောင်သော အဆိုပါ ရာဇဝတ်မိသားစုသည် မြန်မာ-တရုတ် နယ်စပ်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချောင်းနေသော ကျား”ဂေဟာ (Crouching Tiger Villa) ဟု ခေါ်သော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဝင်းကြီးနှင့် ကာလရှည်ကြာ ဆက်နွှယ်မှုရှိခဲ့သည်။ အဆိုပါ အုပ်စုတွင် အထူးအားကောင်းချိန်က လိမ်လည်မှုနှင့် အခြားရာဇဝတ်မှုများကို လုပ်ဆောင်ရန် လူဦးရေ ၁၀,၀၀၀ ခန့်အထိ ရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြသည်။

ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်သည် မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးမှုမရှိသော ဒေသများ တွင် အခြေစိုက်သည့် ဒေါ်လာဘီလီယံချီသော လိမ်လည်မှု လုပ်ငန်းများ၏ ဗဟိုချက်ဖြစ်ခဲ့ပြီး၊ လူကုန်ကူးခံရသည့် အလုပ်သမားများကို အသုံးချကာ ဆန်းသစ်သော အွန်လိုင်းစနစ်များဖြင့် သူစိမ်းများကို လိမ်လည်ခဲ့ကြခြင်း ဖြစ်သည်။

လူကုန်ကူးခံရသည့် အလုပ်သမားများ၏ ဆွေမျိုးသားချင်းများက နှစ်ရှည်လများ တိုင်ကြားမှုများနှင့် နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှု မြင့်တက်လာပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပေကျင်းက အဆိုပါ ရာဇဝတ်ဝင်းများကို နှိမ်နင်းခဲ့သည်။

ထိုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံသည် မြီမိသားစုဝင်များကို လိမ်လည်မှု၊ လူသတ်မှုနှင့် လူကုန်ကူးမှုတို့ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးနိုင်ရန်အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၄,၀၀၀ မှ ၇၀,၀၀၀ အထိ ထုတ်ပြန်ခဲ့သည်။ မိသားစုခေါင်းဆောင် မြီရှောက်ချန်းသည် မြန်မာနိုင်ငံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်း တာဝန် ယူခဲ့ဖူးသူဖြစ်ပြီး ထိန်းသိမ်းခံထားရစဉ်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီနှင့် ပူးပေါင်းထားသော ကိုးကန့်နယ်ခြားစောင့်တပ်တွင် ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ၎င်း၏သားဖြစ်သူ မြီကော်ဖျင် (Ming Guoping) နှင့် မြေးမဖြစ်သူ မြီကျိန်းကျိန်း (Ming Zhenzhen) တို့သည် ကွပ်မျက်ခံရသူများထဲတွင် ပါဝင်ကြောင်း ဆင်ဟွာက ကြာသပတေးနေ့တွင် ဖော်ပြသည်။ ၎င်းတို့ကို မကွပ်မျက်မီ နီးစပ်ရာ ဆွေမျိုးများနှင့် တွေ့ဆုံခွင့် ပေးခဲ့ကြောင်းလည်း သိရသည်။

မြီမိသားစု ဂိုဏ်းစုသည် အခြားဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဝူဟုန်းမင်း (Wu Hongming) နှင့် ပူးပေါင်းကာ လိမ်လည်မှုလုပ်ငန်းမှ အလုပ်သမားများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ဒဏ်ရာရစေခြင်းနှင့် တရားမဝင် ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သဖြင့် တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာက ဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုတွင် ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းတော့မည်ဖြစ်ကြောင်း သတင်းကြိုရသဖြင့် အလုပ်သမားများကို လက်နက်ကိုင် အစောင့်အရှောက်များဖြင့် ပြောင်းရွှေ့နေစဉ် အဆိုပါ အဖွဲ့က လူအုပ်အတွင်း သို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့ကြောင်း CCTV က ဖော်ပြခဲ့သည်။

အမေရိကန်ကွန်ဂရက်မှ တည်ထောင်ထားသော အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ အဆိုအရ အရှေ့တောင်အာရှရှိ လိမ်လည်မှုဂိုဏ်းများသည် တစ်နှစ်လျှင် ဒေါ်လာ ၄၃ ဘီလီယံကျော် ခိုးယူနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လိမ်လည်မှုဝင်းများကို နိုင်ငံ၏ နယ်စပ်ဒေသများ၌ ကာလရှည်ကြာ ပျံ့နှံ့နေသော အဂတိလိုက်စားမှုနှင့် ဥပဒေမဲ့မှုများက အကာအကွယ် ပေးထားခဲ့သည်။ ရာဇဝတ်ဂိုဏ်းများနှင့် ၎င်းတို့ကို လက်ခံထားသော လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ စီးပွားရေးကို ချဲ့ထွင်ရန်အတွက် ၅ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ဒဏ်ကို အသုံးချနေကြခြင်းလည်း ဖြစ်သည်။

ကြာသပတေးနေ့က ကွပ်မျက်မှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပေကျင်းအနေဖြင့် “လောင်းကစားနှင့် လိမ်လည်မှု ဘေးဆိုးများကို အမြစ်ပြတ်ချေမှုန်းရန်” ကြိုးပမ်းမှုများကို ဆက်လက် အားဖြည့် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက