နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

ဒုတိယအကြိမ်မြောက် ကြိုးစား၍ စစ်ရေယာဉ်အားရေချမှု အောင်မြင်ကြောင်း မြောက်ကိုရီးယား က ထုတ်ပြန်ပြောကြားခဲ့သည်။

ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်

ပထမအကြိမ် ရေချရန် ကြိုးပမ်းစဉ်အတွင်း ဘေးစောင်းလဲကျသွားပြီးနောက် တစ်လမပြည့်မီတွင် တန် ၅၀၀၀ အလေးချိန်ရှိ ၎င်း၏ ရေတပ် ဖျက်သင်္ဘောသစ်ကို အောင်မြင်စွာ ပြန်လည်ရေချနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

နိုင်ငံ၏ခေါင်းဆောင် ကင်ဂျုံအွန်သည် မေလတွင် စစ်သင်္ဘောလွှတ်တင်မှု မအောင်မြင်ခဲ့မှု အပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး အမြန်ပြန်လည်ပြုပြင်ပေးရန် အမိန့်ပေးတောင်းဆိုခဲ့သည်။

သင်္ဘောကျင်းအရာရှိသုံးဦးနှင့် အကြီးတန်းအရာရှိတစ်ဦး အပါအဝင် အရာရှိလေးဦးထက်မနည်း အဖမ်းခံခဲ့ရကြောင်း သိရသည်။

သင်္ဘောကို ယခုအခါ အပြည့်အဝ ပြန်လည်ထိန်းသိမ်းထားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ သို့သော် မည်မျှ လျှင်မြန်စွာ ပြန်လည်ရေချနိုင်သည်ဆိုသော်လည်း ပြုပြင်မှု အမှန်တကယ် ပြီးမြောက်ခြင်း ရှိ၊ မရှိ ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြသည်။

ကင်နှင့် သူ့သမီး ကင်ဂျူအေး (Kim Ju Ae) တို့သည် နိုင်ငံ၏မြောက်ဘက် ရာဂျင်း ဆိပ်ကမ်း(Rajin Port) တွင် အင်္ဂါနေ့က ရေချမှုကို ကြီးကြပ်ခဲ့ကြောင်း KCNA ၏အဆိုအရ အခမ်းအနားတွင် သူတို့၏ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

ဤစစ်သင်္ဘောသည် လွန်ခဲ့သည့်နှစ်တွင် မြောက်ကိုရီးယားမှ တည်ဆောက်ခဲ့ပြီး ဧပြီလကတည်းက စတင်ထုတ်လုပ်ခဲ့သော တန်ချိန် ၅၀၀၀ ရှိသော အသစ်စက်စက် ဖျက်သင်္ဘော နှစ်စင်းအနက်မှ တစ်ခုဖြစ်သည်။

၎င်းတို့သည် ယခုအခါတွင် ပြုံယမ်း၏ ရေတပ်တွင် အကြီးမားဆုံး သင်္ဘောများဖြစ်ကြပြီး သီအိုရီအရ နျူလက်နက်များကို ပစ်လွှတ်နိုင်စွမ်းရှိနေပြီဖြစ်သည်။

ကင်ဂျုံအွန်သည် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် ရေတပ်ကို ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေး လုပ်ဆောင်ခဲ့ပြီး လာမည့်နှစ်တွင် အဆိုပါဖျက်သင်္ဘောနှစ်စင်း ထပ်မံတည်ဆောက် သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဂြိုလ်တုဓာတ်ပုံများအရ ဆိပ်ကမ်းတွင် နစ်မြုပ်သွားသော သင်္ဘောကို ပြုပြင်သည့်နေရာသို့ မရွှေ့မီ၊ ဆိပ်ခံတွင် ရပ်နားထားခြင်းမပြုမီ ရေထဲတွင် ပြန်လည်မျောပါနေခြင်းကို ပြသခဲ့သည်။

KCNA ၏ အဆိုအရ ကင်ဂျုံအွန်သည် တနင်္လာနေ့ အခမ်းအနားတွင် ကင်ဂျုံအွန်က ရေချမှု မအောင်မြင်ခဲ့ဘဲ ဖြစ်ခဲ့သော်လည်း မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီရေး အစီအစဉ်ကို နောက်ပြန်ဆုတ်သွားစေမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

“မကြာခင်မှာ ရန်သူတွေဟာ အချုပ်အခြာအာဏာပိုင်တဲ့ ရေပြင်အစွန်းမှာ ပြေးလွှားနေတဲ့ သူတို့ရန်သူရဲ့ သင်္ဘောတွေကို ထိုင်ပြီး ကြည့်ရတာ ဘယ်လောက် ဒေါသနဲ့ မနှစ်မြို့ဖွယ်အဖြစ်ကို ကြုံတွေ့ရလိမ့်မယ်” ဟု ကင်ကို ကိုးကားဖော်ပြထားသည်။

BBC အင်္ဂလိပ်သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 15 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 30 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 46 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN