နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ CNF ပြော

ဇူလိုင်လ (၁၄)ရက်။

ချင်းပြည်ထဲရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ အခုအချိန်ဟာ ချင်းလဲန်မှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အားလုံးအနေနဲ့ ရင့်ကျက်မှုရှိပြီး စည်းကမ်းရှိဖို့ လိုပါတယ်။ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပြီး တော်လှန်ရေးကို ဆင်နွှဲဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့စိတ် မပျက်ယွင်းဖို့ပါဘဲ” လို့ ဆိုပါတယ်။

အခုအချိန်အထိ ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ ဒုက္ခတွေကို ခါးစည်းခံနေကြရပြီး အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ပြီးတဲ့ နေရာတွေမှာပတောင် ပြည်သူတွေ ဒုက္ခခံစားနေရတာ တွေ့ရတဲ့အတွက် အင်မတန် ဝမ်းနည်းရတယ်လို့ ပြောဆိုထားပါတယ်။

“ ကျနော်တို့ရဲ့ ရည်မှန်းချက်ဟာ ကျနော်တို့ရဲ့ ပြည်သူတွေ အမှန်တကယ် လွတ်မြောက်ဖို့နဲ့ ကျနော်တို့ရဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ နယ်မြေတွေ သိမ်းပိုက်ပြီးရုံနဲ့ ကျနော်တို့ရဲ့တာဝန်တွေ မပြီးပါဘူး။ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံဖို့၊ အသက်မွေးဝမ်းကျောင်းမှု ပြေလည်ဖို့နဲ့ လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ ဆက်လက်တာဝန်ယူကြရမှာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ သောင်းကျန်းဖိနှိပ်မှုအောက်ကနေ ပြည်သူတွေကို အကာအကွယ်ပေးရမယ့် အချိန်မှာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား ဒါမှမဟုတ် တဖွဲ့နဲ့တဖွဲ့ အားပြိုင်လိုတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ထိန်းချုပ်ထားတဲ့ နယ်မြေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်နိုင်ဘဲ စစ်ရေးအရ အသာစီးရတဲ့ အခိုက်အတန့်တွေကို ဂုဏ်မယူသင့်ဘဲ အခုလုပ်ရပ်တွေဟာ စစ်ကောင်စီလုပ်ရပ်နဲ့ ထူးမခြားနားဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် တိုက်ပွဲအလီလီ အောင်မြင်တာထက် ပြည်သူကို တာဝန်ခံမှုရှိတဲ့ တော်လှန်ရေးလမ်းစဉ်ကသာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ လွတ်မြောက်မှုဆီကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်တယ်လို့ ဆလိုင်းထက်နီက ထည့်သွင်းပြောဆိုထားပါတယ်။

ဇူလိုင်လ (၂)ရက်နေ့ကစပြီး CNO/CNDF နဲ့ CDF-HUALNGORAM တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ရိခေါဒါရ်မြို့နဲ့ အနီးကျေးရွာက ဒေသခံ (၃၀၀၀)ကျော် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးနေရကာ စစ်ရေးတင်းမာနေပါတယ်။

အခုလို ချင်းပြည်ထဲရှိ လက်နက်ကိုင်တေယ်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခ‌ဖြစ်ပွားတာတွေမှာ အညာညီနောင်(BNRA-GZA)နဲ့ ယောတပ်တော်(YA)တို့ ပါဝင်ပတ်သက်တာမရှိဘူးလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 15 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 16 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 23 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 23 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်
မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို အာရက္ခတပ်တော်(AA)ရဲ့ သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။ သင်တန်းကာလထဲ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ (၃၀၀)ကျော်ကို ဓါးစာခံအနေနဲ့ ဖမ်းဆီးခဲ့တာကြောင့် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး