နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေသခံတော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း

ဇူလိုင်လ (၁၅)ရက်။

‌ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကို စားပွဲဝိုင်းမှာသာ ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေက မနေ့က သဘောထားထုတ်ပြန် တိုက်တွန်းထားတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ချင်းတော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးဝန်ထမ်းအချင်းချင်းအကြား စည်းလုံးမှုပျက်ပြားစေနိုင်ကာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို နှောင့်နှေးစေနိုင်ပြီး အဲ့ဒီကနေတဆင့် ပြည်သူ့လူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး တော်လှန်ရေးအင်အားစုတွေ အချင်းချင်းအကြား ပွတ်တိုက်တာတွေဟာ ချင်းပြည်သူတရပ်လုံးမက မြန်မာပြည်သူတရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့လမ်းကြောင်းကို နှောင့်နှေးစေနိုင်ပြီး အချင်းချင်း သွေးထွက်သံယိုတာတွေဟာ ပဋိပက္ခသက်ဆိုးရှည်ကာ သံသရာလည်နေဦးမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အချင်းချင်း သွေးထွက်သံယိုဖြစ်စေတာတွေကို ရှောင်ရှားပေးကြဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အတားအဆီးမပြုလုပ်ကြဖို့အပြင် စစ်အာဏာရှင်ကိုသာ ဦးတည်ပြီး ဆန့်ကျင်တိုက်ခိုက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကျန်းမာရေး CDM ဝန်ထမ်းတွေရဲ့ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်ဖို့ အခြားနေရာတွေကို ဖြတ်သန်းသွားလာတာနဲ့ ဆေးပစ္စည်းတွေ သယ်ယူပို့ဆောင်တာတွေကိုလဲ အတားအဆီး အထိအခိုက်မရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ ထုတ်ပြန်ချက်ထဲ Supporting Team နဲ့ သတင်းမီဒီယာတွေအနေနဲ့ အချင်းချင်း အမုန်းပွားစေမယ့် ပြောဆိုတာနဲ့ ရန်ပုံငွေမရှာဖို့အပါအဝင် လူမျိုးရေး အမုန်းပွားစေမယ့် ကိစ္စတွေ ရေးသားဖြန့်ဖြူးတာတွေ မလုပ်ဖို့ ပန်ကြားထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 57 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ဘန်ကောက်အကျဉ်းထောင်တွင် အလွန့်အလွန်အရေးကြီးသောပုဂ္ဂိုလ်များ(“VVIPs”) အဖြစ် ဇိမ်ကျနေသည့် “မီးခိုးရောင်တရုတ်” ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ ဖော်ထုတ်ခံရမှုက အရေးပေါ်ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 55 Views
The Nation- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် လျှို့ဝှက်စီးနင်းမှုတစ်ခုက ချမ်းသာကြွယ်ဝသော တရုတ်အကျဉ်းသားများက ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ပုဂ္ဂလိကနိဗ္ဗာန်ဘုံအဖြစ် မည်သို့ပြောင်းလဲခဲ့သည်ကို ဖော်ထုတ်ခဲ့ရာ အကြီးစားပြုပြင်ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဘန်ကောက်ထိန်းသိမ်းရေးအကျဉ်းထောင်မှူးကို ရုတ်တရက်ထောင်မှ‌ ပြောင်းရွှေ့ အရေးယူ
မြန်မာသတင်း

ခင်ဦးမြို့မှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံးပျက်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 48 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ခင်ဦးမြို့နယ်မှာ အင်အား (၁၈၀)ခန့်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံလှရွာထဲ (၄)ရက်လောက်
မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 52 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စစ်ဆေး‌အရေးယူပေးဖို့ နိုဝင်ဘာလ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 40 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့
မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 62 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၇) နာရီခွဲမှာ ခေတ်မျက်လုံး YouTube
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 66 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ