နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းမှူးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ မိသားစုဝင်တွေ ခြိမ်းခြောက်ခံနေရ

ဩဂုတ်လ (၇)ရက်။

ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးက ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာမှာ ကျူးလွန်ခံရတဲ့ မိသားစုဝင်တွေ ခြိမ်းခြောက်ခံနေရတယ်လို ပြောဆိုချက်တွေအရ သိရပါတယ်။

“ အခု သတင်းတွေတက်လာတော့ ကျွန်မထင်ပြီး ဦးလေးဆီလာပြီး သတင်းတင်ထားတာတွေကို ခုချက်ချင်းဖျက်ပေးဖို လာပြောတာ။ မဖျက်ပေးရင် သူတိုဘက်က ဆက်လုပ်စရာရှိတာ ဆက်လုပ်မယ်။ ကလေးမလေးမိသားစုကိုလဲ အား‌မွေးထား နောက်ထပ်စစ်ဆေးတာတွေ လုပ်သွားဦးမှာဆိုပြီး သံမဏိအဖွဲက လာခြိမ်းခြောက်သွားတာ” လို ကျူးလွန်ခံရတဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း(၂၆) တပ်ရင်းမှူးက ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့တဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးဟာ နယုန်လဆန်း (၇)ရက်နေ့မှာ လက်လှုပ်ရွာကနေ အေးကုန်းရွာကို ပြန်လာချိန် အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရတာလို သိရပါတယ်။

အဲ့ဒီလို အတင်းအဓမ္မ ခေါ်ဆောင်ခဲ့ပြီးနောက် တပ်ရင်းနေရာကို ရောက်တဲ့အချိန် ကိုယ်ဝန်ရှိနေတဲ့ဗိုက်ကို လက်သီးနဲ့ ထိုးခဲ့ပြီး နယုန်လဆန်း (၈)ရက် ည (၉)နာရီကျော်မှာ သားမယားအနေနဲ့ ပြုကျင့်ခံရတာလို ‌တိုင်တန်းစာထဲ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် နယုန်လဆန်း (၉)ရက်နေ့ နံနက် (၈)နာရီအချိန်မှာ ထွက်ပြေးလာခဲ့ပြီး မိဘအိမ်ရှိတဲ့ အေးကုန်းရွာကို ရောက်ရှိခဲ့ကာ ဖြစ်စဉ်ကို အရေးယူပေးဖို ကျူးလွန်ခံရသူ အမျိုးသမီးက NUG ဝန်ကြီးချုပ်နဲ့ စစ်ရေးချုပ်အပါအဝင် ပြည်ထဲရေး၊ တရားရေးနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနတိုကို စာပိုတိုင်ကြားခဲ့တာပါ။

နောက်ပြီး ကျူးလွန်ခံရတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ပျက်ကျကာ ဆေးရုံတက်နေချိန် ဇူလိုင်လ (၈)ရက်နေ့မှာ တပ်ရင်း(၂၆)နဲ့ ခရိုင်ပလဖရဲဘော်တွေက ဖခင်ဖြစ်သူဆီ လာရောက်ခြိမ်းခြောက်တာတွေရှိခဲ့တယ်လို သိရပါတယ်။

“ ကလေးမလေး ဆေးရုံတက်နေတဲ့ချိန် အဖေဖြစ်သူဆီကို တပ်ရင်း(၂၆)နဲ့ ခရိုင်ပလဖရဲဘော်တွေ ရောက်လာပြီး ဖုန်းနဲ့ အသံတုလုပ်ပြီး အမှုရုပ်သိမ်းဖိုကို မတရားခြိမ်းခြောက်သွားသေးတယ်။ ပြီးတော့ အခြားရွာက ကလေးမလေးအဖေရဲ့ ညီ ဦးလေးဖြစ်သူဆီကိုလဲ တပ်ရင်းမှူးကျော်ဟိန်းအကို အောင်မြင့်အေးနဲ့အဖွဲက လာစုံစမ်းသွားတယ်။ အမှုရုပ်သိမ်းရင် ရုပ်သိမ်း မဟုတ်ရင် မိသားစု ဒုက္ခရောက်မယ်ဆိုပြီး ပြောသွားတာ။ အမှုရုပ်သိမ်းပေးရင် လူကြီးနဲ့ လာတောင်းပန်မယ်ဆိုပြီးလဲ ပြောသွားသေးတယ်” လို သူက ဆက်ပြောပါတယ်။

အခုလို အမှုဖွင့်တိုင်ကြားတဲ့အပေါ် ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲ့ ဖခင်ဖြစ်သူအပါအဝင် ဆွေမျိုးတွေကို ခြိမ်းခြောက်တာမှာ တပ်ရင်း(၂၆)နဲ့ ခရိုင်ပလဖအပြင် သံမဏိအဖွဲနဲ့အတူ လာပိုရွာလူသတ်မှုမှာပါဝင်ခဲ့တဲ့ မြွေပွေး(ခ)မောင်ဦး ထွဋ်ခေါင်(ခ)ချောင်းဆုံတောပြင် ဗိုလ်ဦးအဖွဲတို ပါဝင်တယ်လို သိရပါတယ်။

အဲ့ဒီအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ဘက်ကတော့ မမှန်မကန်တိုင်ကြားတာလို ငြင်းဆိုထားကာ PDF ဂုဏ်သိက္ခာ ညှိးနွမ်းစေတာကြောင့် ပြန်လည်တရားစွဲသွားဖို ပြင်ဆင်နေတယ်ဆိုပြီး သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ