နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဤတောင်တန်းသည် ပါလက်စတိုင်းပြည်နယ်တည်ထောင်ရေးစိတ်ကူး သေဆုံးသွားရာနေရာ ဖြစ်လာနိုင်သည်။

ဂျာဘာလ် အယ် ဘာဘာ (Jabal al-Baba) အနောက်ဘက်ကမ်း

ဂျေရုဆလင်ကို အပေါ်စီးမှ မြင်ရသော ပါလက်စတိုင်းရွာတစ်ရွာတွင် အတာလာမာဇရာ (Atallah Mazara’a) သည် သူ၏ ကာလရှည်ကြာ စွဲမြဲခဲ့သော အိမ်မက်များကို တွေးထင်နေမိပါသည်။ သူ၏ ဂျာဘာလ် အယ် ဘာဘာ အရပ်ရှိ ဘက်ဒိုအင် (Bedouin) ရွာသည် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း၏ ပထဝီဝင် ဗဟိုချက်မတွင်တည်ရှိပြီး အနာဂတ် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာမည့် မြောက်ဘက်နှင့် တောင်ဘက်ကြားနေရာတွင် ဟန်ချက်ညီစွာဖြင့် တည်ရှိနေပါသည်။

ဂျာဘာလ် အယ်ဘာဘာ အနောက်ဘက်ကမ်း

——————————————

ဒါပေမယ့် ဖြတ်သန်းလာနေတဲ့ နေ့ရက်တိုင်းမှာတော့ အဲဒီအိပ်မက်ဟာ အရင်ကထက် ပိုဝေးတဲ့ မိုးကုပ်စက်ဝိုင်းထဲကို မှိန်ဝင်သွားသလိုပါပဲ။

လက်ယာစွန်းအစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘေဇာလယ် စမော်လ်တရစ် (Bezalel Smotrich) သည် အစ္စရေး၏ မာလဲလ် ဒူမင်း (Ma’ale Adumim) အစ္စရေး အခြေချနေထိုင်မှုကို ချဲ့ထွင်ရန်အတွက် အနောက်ဘက်ကမ်းကို ထိရောက်စွာ ဖြတ်တောက်မည့် E1 ဟု သိကြသော အစီအစဥ်တစ်ခု ဖြစ်သည့် ထောင်ပေါင်းများစွာသော အိမ်ရာယူနစ်အသစ်များ တည်ဆောက်ရန်အတွက် နောက်ဆုံးခွင့်ပြုချက်ကို ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

စမိုတစ်ချ်က ပါလက်စတိုင်းနိုင်ငံတော်ဖြစ်ပေါ်လာမည့် အလားအလာများကို သတ်ပစ်ရန် ရည်ရွယ်ပြီး “ပါလက်စတိုင်းနိုင်ငံကို စားပွဲပေါ် မှာ ပယ်ဖျက်လိုက်ပြီဆိုတာ ကြွေးကြော်ပြောဆိုနေတာ သက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ ဖြစ်တယ်” ဟု စမော်လ်တရစ်က ရှင်းလင်းပြောကြားခဲ့သည်။

“ ပါလက်စတိုင်းပြည်နယ်ဖန်တီးမှုကို ဟန့်တားဖို့ ဒီဧရိယာကို သိမ်းချင်တယ်။ ငါတို့ရဲ့ ကံကြမ္မာက ဘာတွေဖြစ်လာမလဲ မသိနိုင်တော့ဘူး။ ကျွန်တော်အတွက်တင်မကဘူး၊ ကလေးတိုင်း၊ အမျိုးသမီးတိုင်း၊ လူတိုင်းအတွက်ပဲ ကျွန်တော် ကြောက်တယ်” ဟု ကျေးရွာကော်မတီခေါင်းဆောင် မာဇာရာ (Mazara’a) က CNN သို့ ပြောကြားခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ဂျေရုဆလင်ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၏ အဆိုအရ ဘီဒိုအင်း (Bedouin) ရပ်ရွာ ၂၂ ခုတွင် နေထိုင်သော ပါလက်စတိုင်းလူမျိုး ၇၀၀၀ ခန့်သည် E1 အစီအစဥ်ကြောင့် အတင်းအဓမ္မရွှေ့ပြောင်းခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ဂျာဘာလ်အယ် ဘာဘာ (Jabal al-Baba) သည် ပါလက်စတိုင်းမိသားစု ၈၀ စုစုပေါင်း လူဦးရေ ၄၅၀ နေထိုင်သည့် ထိုအသိုင်းအဝိုင်းများထဲမှတစ်ခု ဖြစ်သည်။ ရွာတွင် တိရစ္ဆာန် ၃၀၀၀ ခန့်ရှိပြီး ဘက်ဒိုဝင် (Bedouin) သိုးထိန်းများအတွက် ဘဝအခြေခံအုတ်မြစ်လည်း ဖြစ်သည်။

မာဇာရာ (Mazara’a) သည် အိမ်များတဝိုက်တွင် လမ်းလျှောက်နေစဉ် အချိန်မရွေး ဘူဒိုးဇာဖြင့် အထိုးခံရနိုင်သည်ဟု သူကပြောပြီး အနီးနားရှိ ဂျူးအခြေချနေထိုင်ရာနေရာ မာလဲလ် ဒူမင်းကို သူက ညွှန်ပြခဲ့သည်။

“ဒီမြေမှာ ဘီဒိုအင်း (Bedouin) တည်ရှိနေမှုဟာ အခြေချနေထိုင်မှုတွေနဲ့မတူဘဲ သဘာဝကို ဖြည့်ဆည်းပေးပြီး အကျိုးဖြစ်ထွန်းစေပါတယ်” ဟု ၎င်းက ဆိုသည်။

အစ္စရေးသည် ၁၉၆၇ စစ်ပွဲတွင် ဂျော်ဒန်နိုင်ငံမှ အနောက်ဘက်ကမ်းကို သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက တရားမဝင်ဟု ယူဆထားသည့် ထိုနေရာတွင် ဂျူးအခြေချနေထိုင်မှုများ စတင်တည်ထောင်ခဲ့သည်။ အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တို့ကိုကျူးကျော်သိမ်းပိုက်မှုအဖြစ် သတ်မှတ်ထားပြီး ထိုနေရာသည် အနာဂတ်ပါလက်စတိုင်းပြည်အဖြစ် မျှော်မှန်းထားခဲ့သည်။

ဂျူးအခြေချနေထိုင်မှုများသည် ပါလက်စတိုင်းနိုင်ငံတော် ဖြစ်တည်လာနိုင်မှုအတွက် အကြီးမားဆုံး အဟန့်အတားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပြီး ပါလက်စတိုင်းလူဦးရေများစွာ နေထိုင်သည့်နေရာများတွင် ဂျူးအသိုက်အဝန်းများစွာ တိုးချဲ့ကာ ပုဂ္ဂလိကပိုင် ပါလက်စတိုင်း မြေပေါ်တွင် မကြာခဏ တည်ဆောက်လေ့ရှိသည်။ ယနေ့တွင် ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တို့တွင် ပါလက်စတိုင်း ၃ သန်းခန့်တွင် ဂျူးအခြေချနေထိုင်သူ (၇သိန်း) ၇၀၀,၀၀၀ ရှိကြောင်း သိရသည်။

“၁၉၆၇ ခုနှစ် မတိုင်ခင်ကတည်းက ဒီမိသားစုတွေဟာ ဒီနေရာမှာ တစ်သက်လုံးနေခဲ့ကြတာပါ” ဟု မာဇာရာ(Mazara’a) က ဆိုသည်။ “သူတို့က အခြေချလာသူတွေ မတည်ဆောက်ခင် ကထဲက ဒီမှာရှိခဲ့တာ… ဘီဒိုအင်း (Bedouin) မျိုးနွယ် တစ်ယောက်အနေနဲ့၊ ဒီဒေသမှာ ဆက်ရှိနေဖို့က အရေးကြီးတယ်။ ငါ့ဘဝကို အခြားတနေရာမှသွားနေစေဖို့ ရွေးချယ်ဆုံးဖြတ် ပိုင်ခွင့် အစ္စရေးမှာ မရှိပါဘူး။”

ပါလက်စတိုင်းနိုင်ငံတစ်ခုဖြစ်ပေါ်လာမည့် အလားအလာကို ချေဖျက်ခြင်းသည် ဘေဇာလယ် စမော်လ်တရစ် (Bezalel Smotrich) နှင့် ၀န်ကြီးချုပ် ဘင်ဂျမင် နေတင်ရာဟု (Benjamin Netanyahu) ၏ အစိုးရအဖွဲ့ဝင်များ၏ ပြတ်သားသော ဆန္ဒဖြစ်သည်။

သူသည် ဂျူးအခြေချနေထိုင်မှုများ ချဲ့ထွင်ရန် ကာလကြာရှည်စွာ ထောက်ခံခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန်လမှ ပေါက်ကြားလာသော အသံဖိုင်တစ်ခုအရ စမော်လ်တရစ်သည် ပါလက်စတိုင်းနိုင်ငံပေါ်လာပါက အစ္စရေးနိုင်ငံအား အန္တရာယ်ဖြစ်စေမည်ဖြစ်သဖြင့် ထိုအချက်ကိုတားဆီးရန် ဂျူးအခြေချနေထိုင်မှုများကို တိုးချဲ့လုပ်ဆောင်ခြင်းကို ဖွံ့ဖြိုးတိုးတက်စေသည့် နည်းလမ်းကိုဆောင်ရွက်ရန် ပြောကြားခဲ့သည်။ “ ရည်ရွယ်ချက်ကတော့ စနစ်ရဲ့ DNA ကို နှစ်ပေါင်းများစွာကြာအောင် ပြောင်းလဲဖို့ပါပဲ။”

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက်၊ အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်မှုများကို ပေါင်းစည်းရန်အတွက် ပြင်ဆင်မှုများကို စမော်လ်တရစ်က အမိန့်ပေးခဲ့သည်။ ထရန့် ၏အနိုင်ရမှုသည် “ အစ္စရေးပြည်နယ်အတွက်အရေးကြီးတဲ့ အခွင့်အလမ်းကို ယူဆောင်လာတယ်” ဟု သူက အစ္စရေးပါလီမန် (Knesset) သို့ ပြောကြားခဲ့သည်။ ပါလက်စတိုင်းနိုင်ငံတစ်ခု၏ “ခြိမ်းခြောက်မှု” ကိုဖယ်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ ဂျူးဒီးယားနှင့် ရှမာရိရှိ အခြေချနေထိုင်မှုတစ်ခုလုံးအပေါ် အစ္စရေး၏အချုပ်အခြာအာဏာကို အသုံးချရန်ဖြစ်သည်” ဟု အစ္စရေးတို့က အနောက်ဘက်ကမ်း ကိုရည်ညွှန်းသည့် သမ္မာကျမ်းစာအသုံးအနှုန်းကို ကိုးကားခဲ့သည်။

ရွာ၏တောင်ဘက်တွင် လူစည်ကားသော ပါလက်စတိုင်းမြို့ အယ် အီဇာရီယာ(Al-Eizariya) သည် အရှေ့ဂျေရုဆလင်နှင့် ထိစပ်နေသည်။ ၎င်းသည် ၎င်း၏စီးပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည့် ဟွန်းသံများနှင့် အလုပ်များနေသော လမ်းများနှင့်အတူ လျင်မြန်စွာ ရွေ့လျား လှုပ်ရှားနေသော အသိုင်းအဝိုင်းတစ်ခုဖြစ်သည်။

ရွှေ့ပြောင်းခံရမည့် ဘက်ဒိုဝင်း (Bedouins) အချို့သည် မြို့တွင်းသို့ ပြောင်းရွှေ့ရန် တွန်းအားပေးခံရမည်ဖြစ်ကြောင်း မြူနီစပယ်မှ တာဝန်ရှိသူ မိုဟာမက်မာတာက CNN သို့ ပြောကြားခဲ့ သည် ။ ဘက်ဒိုဝင်းများအတွက် သွားလာနေထိုင်ရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မရင်းနှီးသော ပတ်ဝန်းကျင်ဖြစ်ပြီး မတူညီသောကမ္ဘာတစ်ခုဖြစ်ပြီး ၎င်းတို့၏တိရစ္ဆာန်များအတွက် စားကျက်နေရာမရှိပါ။

E1 အခြေချနေထိုင်မှု တည်ဆောက်ခြင်းနှင့်အတူ အစ္စရေးသည် အယ် အီဇာရီယာ (Al-Eizariya) ကိုဖြတ်၍ အခြေချနေထိုင်ရာတစ်ဝိုက်တွင် အစ္စရေးနှင့် ပါလက်စတိုင်းများအတွက် သီးခြားခွဲခြားထားသည့် လမ်းများကို ဖောက်ပေးရန် စီစဉ်နေကြောင်း Peace Now အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

CNN က မြို့ကိုသွားရောက်သည့်အခါ မတ်တာ (Mattar) က ဆိုင်ရှင်တွေကို ဖျက်သိမ်းဖို့ အမိန့် ၁၁၂ ကို ထုတ်ပြန်ထားပြီး ဖျက်သိမ်းရန်နောက်ဆုံးရက်သည် ကျော်လွန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုအရေးကိစ္စကို တိုးတိုးတိတ်တိတ် စကားစမြည်ပြောဆိုရာတွင် ပါလက်စတိုင်းသားများသည် နောက်ဘာဆက်ဖြစ်မည်ကို သတင်းကြားရသလားဟု အချင်းချင်း ဒေါသတကြီး ပြောဆိုနေကြသည်။

လျော်ကြေးရရှိရန် အလားအလာမရှိသော်လည်း အချို့သောသူများသည် ၎င်းတို့၏ အရှုံးများကို ဖြတ်တောက်ရန် ရွေးချယ်ပြီး ၎င်းတို့၏ ဆိုင်များကို ပိတ်သိမ်းလိုက်ကြသည်။ ယခင်က ဤကဲ့သို့ ခြိမ်းခြောက်မှုများ ကြုံဖူးသည့် တခြားသူများက ဆက်နေဖို့ ရွေးချယ်ခဲ့သည်။

“သူတို့က ဒီပရောဂျက်ကို ရပ်တန့်ဖို့အတွက် ဘုရားသခင်ရဲ့ စွက်ဖက်မှု ဒါမှမဟုတ် နိုင်ငံတော်ရဲ့ စွက်ဖက်မှုကို စောင့်မျှော်နေပါတယ်” ဟု မတ်တာ (Mattar) က ပြောကြားခဲ့သည်။

အယ် အီဇာရီယာ (Al-Eizariya) ကို ဂျေရုဆလင်မြို့အတွက် “စားနပ်ရိက္ခာခြင်းတောင်း” အဖြစ် သတ်မှတ်ထားကြောင်း ဒေသခံများက ပြောသည်။ အနောက်ဘက်ကမ်းရှိ အကြီးဆုံးစျေးကြီးသည် မြောက်ဘက်မှတောင်ဘက်သို့ ဆက်သွယ်ထားသည်။

အကယ်၍ အစ္စရေး၏ စီစဉ်ထားသောလမ်းကို ဖောက်လုပ်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ လိုအပ်ချက်များကို ရှာဖွေရန် အခြားနေရာသို့ သွားရမည်ဖြစ်ပြီး ပိုမိုခက်ခဲစေပြီး စျေးကြီး အကုန်အကျများမည် ဖြစ်သည်။ ဆိုင်ရှင်များကလည်း ၎င်းတို့၏ ဘဝတသက်တာ စုဆောင်းထားမှုများ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြသည်။

“ ကျုပ် ပိုက်ဆံတွေအားလုံးကို ဒီမှာရင်းနှီးမြှုပ်နှံထားခဲ့တယ်။ သူတို့ဖျက်ဆီးလိုက်ရင် ကျွန်တော့် ဘာမှလုပ်စရာ ငွေမရှိတော့ပါဘူး။ အခု အသက် ၆၅ နှစ်ရှိပြီ။ သူတို့ဒီလိုလုပ်မှာ မဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု စူပါမားကတ်နှင့် စားသောက်ဆိုင် တစ်ဆိုင် ပိုင်ဆိုင်သော အဗ္ဗဒူလာ (Abdullah) က CNN သို့ မျက်ရည်များကို ထိန်းကာ ပြောကြားခဲ့သည်။

“အမေရိကန်သမ္မတ (ဒေါ်နယ်ထရန့်) က ဝင်ရောက်ပြီး ဒါကို ရပ်တန့်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”

ထရန့်၏ပထမသက်တမ်းအတွင်း၊ သူ၏အစိုးရသည် “ ရာစုနှစ်၏သဘောတူညီချက်” ဟု လူသိများသောအမြင်ကို ထုတ်ဖော်ခဲ့သည်။ ထရန့်၏ အစီအစဉ်သည် အရှေ့ဂျေရုဆလင်၏ အကန့်အသတ်ရှိသော အစိတ်အပိုင်းများကို ပါလက်စတိုင်းပြည်နယ်၏ မြို့တော်အဖြစ် ယောင်ဝါးဝါး ရည်ညွှန်းထားသည်။ သို့သော် ထရန့်သည် သမ္မတ တာဝန်ပြန်ယူပြီးနောက် ကာလကြာရှည်စွာ ရပ်နားထားသော အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဟာဂစ် အိုဖရန် (Hagit Ofran) သည် အစ္စရေး ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး Peace Now Watch at Settlement Watch ၏ ပူးတွဲဒါရိုက်တာဖြစ်သည်။ သူမသည် အစ္စရေး၏ အခြေချနေထိုင်မှုများကို စောင့်ကြည့်နေပြီး အနောက်ဘက်ကမ်းကို အစ္စရေး၏ သိမ်းပိုက်မှုကို ဆန့်ကျင်ဆော်သြနေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။

ဂါဇာတွင် အစ္စရေး၏ နှစ်နှစ်နီးပါး ထိုးစစ်ဆင်မှုသည် အနောက်ဘက်ကမ်းတွင် လူအများ၏ အာရုံစိုက်မှုကို ရရှိရန် ခက်ခဲစေသည်ဟု သူမက ပြောကြားခဲ့သည်။

“ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲတွေ အဆုံးသတ်ဖို့နဲ့ အနောက်ဘက်ကမ်းမှာ သိမ်းပိုက်မှုတွေကို အဆုံးသတ်ဖို့ ကျွန်မတို့ တိုက်ပွဲဝင်နေပါတယ်။ ဒီနေရာဟာ ရူးသွပ်တဲ့ကမ္ဘာပါပဲ” ဟု CNN သို့ ပြောကြားခဲ့သည်။

E1 အခြေချနေထိုင်သူများအတွက် သွားလာရေးလွယ်ကူစေရန် လမ်းဖောက်လုပ်ရန် စဉ်းစားသောအခါတွင် ပါလက်စတိုင်းများအတွက် အနောက်ဘက်ကမ်း၏ဗဟိုကို ထိထိရောက်ရောက်ပိတ်ပြီး ၎င်းတို့၏လှုပ်ရှားမှုကို ထိန်းချုပ်သွားမည်ဟု အိုဖရန်က ပြောကြားခဲ့သည်။ ပါလက်စတိုင်းနေအိမ်များကို ဖြိုချပြီး လူ့အသိုက်အဝန်းများကို သီးခြားထားရှိမည်ဖြစ်သည်။

“သူတို့ ပုံမှန်ဝင်ထွက်သွားလာနေတဲ့ နယ်မြေတွေကို ဘယ်လို ဝင်ခွင့်ရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ပါလက်စတိုင်းအပေါ် စေတနာ လုံးဝမပြထားတဲ့ ဒီအစိုးရရဲ့ လုပ်ရပ်အပေါ် မူတည်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

“ပြည်နယ်တစ်ခုလို့ မပြောဘဲ အလားအလာရှိတဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ပါဘူး” ဟု သူမက ဆိုသည်။ “ပါလက်စတိုင်းတွေအတွက် အရှေ့ဂျေရုဆလင်မှာ မြို့တော်တစ်ခုတည်ရှိဖို့ဆိုတာ ဖြစ်နိုင်ဖို့ ခဲ့ယဥ်းပါတယ်။”

ပါလက်စတိုင်းအချို့အတွက်၊ မကြာသေးမီက E1 အခြေချနေထိုင်မှု၏ နောက်ဆုံး အတည်ပြုချက်သည် ပါလက်စတိုင်းနိုင်ငံတစ်ခု၏ အယူအဆကို မသတ်ပစ်နိုင်ခဲ့ပေ။ အကြောင်းမှာ အစ္စရေးသည် မြေပြင်တွင် ငြိမ်းသတ်ခဲ့သည့် ဖြစ်ရပ်မှန်များစွာကို ဖန်တီးခြင်းကို အချိန်ကြာမြင့်စွာ လုပ်ဆောင်နေသော်လည်းမအောင်မြင် ခြင်းကြောင့် ဖြစ်သည်။

“အခု နေရာတိုင်းမှာရှိတဲ့ အခြေချနေထိုင်မှုတွေကို ကြည့်မယ်ဆိုရင် ပထဝီဝင်အနေအထားအရ ပါလက်စတိုင်းနိုင်ငံကို တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ၁၉၈၃ ခုနှစ် ကတည်းက အစ္စရေးအခြေချနေထိုင်မှုများကို စောင့်ကြည့်နေသည့် ပါလက်စတိုင်းလူမျိုး ပန်းချီဆရာ ဟာလီလ် တိုဖက်ဂျီ (Khalil Toufakji) က CNN သို့ ပြောကြားခဲ့သည်။

“ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းရဲ့ အနာဂတ်ကို နိဂုံးချုပ်စေပေမယ့် သူ့ရဲ့ ကွယ်လွန်မှုကို ကာလကြာမြင့်စွာကတည်းက အတည်ပြုခဲ့တယ်” ဟု သူက ပြောခဲ့သည်။

“သူတို့ (အစ္စရေးအစိုးရ) က အောက်တိုဘာလ ၇ ရက်နေ့ကို အခွင့်ကောင်းယူပြီး သမ္မတထရန့်က သူတို့ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ပေးခဲ့ပါတယ်။

တောင်ကုန်းပေါ်ပြန်တက်၊ နေ့ခင်းဘက် ပြန့်ကျဲနေတဲ့ သစ်ပင်အောက်မှာ လေပြေလေညင်းတွေ ခင်းထားတဲ့ သစ်ပင်အောက်မှာ မာဇာရာ (Mazara’a) က သူ့ရွာကို ငေးကြည့်ရင်း မနက်မိုးလင်းရင် သူ့အိမ်ရှိနေနိုင်ပါအုံးမလား ဟု တွေးနေမိသည်။

“ ဒါဟာ ကျွန်တော့်ဘဝတင် မဟုတ်ပါဘူး၊ ဒါက ကျွန်တော့်ရဲ့အမှတ်တရတွေနဲ့ ကျွန်တော့်ရဲ့ငယ်ဘဝပါ။ ဒီနယ်ပယ်ရဲ့ ထောင့်တိုင်းကို ကျွန်တော်သိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ ဂျာဘာလ် အယ် ဘာဘာ (Jabal al-Baba) သည် ဤနေရာတွင်နေထိုင်သော ဘက်ဒိုဝင်းများ၏ အိပ်မက်များ အဆုံးသတ် မဟုတ်ဘဲ အနာဂတ်တွင် နိုင်ငံတစ်ခုရရှိရန် ပါလက်စတိုင်းတိုင်း၏ အိပ်မက်၏ အဆုံးသတ်လည်း ဖြစ်သည်။”

ပါလက်စတိုင်း ဘက်ဒိုဝင်း (Bedouin) များ၏အိမ်ယာများကို အစ္စရေးအာဏာပိုင်များက ခြိမ်းခြောက်ပြီး အကြိမ် ၃၀ ခန့် ဖြိုချခဲ့ပြီး တရားမဝင်ဆောက်လုပ်မှုအဖြစ် အတိတ်က အကြောင်းက ပြခဲ့ပြီး ယခုအခါတွင် သူတို့သည် ရွှေ့ပြောင်းခံရမည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။ (ဓါတ်ပုံ) Issam Rimawi/Anadolu/Getty Images/File(ဓာတ်ပုံ)

အစ္စရေးအစိုးရသည် E1 အခြေချနေထိုင်မှု စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိမ်ထောင်ပေါင်းများစွာ ဆောက်လုပ်ရန်စီစဉ်ထားသည့်နေရာအနီးရှိ ခွဲထွက်တံတိုင်းနှင့် ပါလက်စတိုင်းမြို့ Al-Eizariya မြင်ကွင်း။ Amir Levy/Getty( ဓါတ်ပုံ)

လူစည်ကားသော Al-Eizariya မြို့သည် ဂျေရုဆလင်မြို့အတွက် စားနပ်ရိက္ခာ ကျီတစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း ယင်းမြို့ခံများက CNN သို့ ပြောကြားခဲ့သည်။ အစ္စရေး၏ စီစဉ်ထားသော လမ်းသစ်သည် မြို့ကိုဖြတ်ကာ ပြိုလဲယိမ်းယိုင်နေပြီဖြစ်သော ပါလက်စတိုင်း စီးပွားရေးကို ပျက်ပြားစေမည်ဖြစ်သည်။ William Bonnett/CNN (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 5 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 6 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 7 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 23 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး