“တိုင်းပြည် မပျောက်ဖို့ အနိုင်မခံ အရှုံးမပေး ယူကရိန်းတို့အရေး”
ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးဖြစ်တဲ့အပြင် နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားတဲ့ ရုရှားရဲ့ အလုံးစုံ ကျူးကျော်တိုက်ခိုက်မှုကို ယူကရိန်းနိုင်ငံဟာခံနေရပါတယ်။ ဒီလိုအင်အားကြီးနိုင်ငံကို ယူကရိန်းခေါင်းဆောင် ဗလိုဒီမာဇလန်းစကီးက ရဲရဲတောက် ပြန်လည်ခုခံတိုက်ခိုက်ပြီး သူ့တိုင်းပြည် ရုရှားလက်အောက် ထပ်မကျရောက်ဖို့ကို ပြည်သူ့ထောက်ခံမှုနဲ့အတူ မဆုတ်မနစ် ပြန်လည်တွန်းလှန်တိုက်ခိုက်နေခဲ့ပါတယ်။
ဒီလိုခေါင်းဆောင်မျိုး ဒီလိုမျိုးချစ် တပ်မျိုးက မိမိထက်အဆပေါင်းများစွာ အင်အား သာလွန်တဲ့ရန်သူကို အနိုင်မခံ အရှုံးမပေးပြန်တိုက်ပြီး ကြံ့ကြံ့ခံနေတာကို မြန်မာတော်လှန်ရေးသမားများ အတုယူနိုင်ဖို့ တင်ပြလိုက်ပါတယ်။
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့