နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက် အမေရိကန်ကြီးမြတ်လာနိုင်သလား?

ဒေးဗစ် ပက်(က)မန် (David Pakman) ၏ အမေရိကန်နိုင်ငံရေးအပေါ်အမြင်

အကယ်၍ အမေရိကန်သည် ဒေါ်နယ်ထရန့် လက်ထက်တွင် ကမ္ဘာ့စူပါပါဝါကြီးအဖြစ် ဆက်လက်တည်ရှိနေသေးသလားဟု တွေးတောနေပါက အဖြေမှာ မဟုတ်ကြောင်း ပေါ်လွင်နေပါသည်။

အဘယ်ကြောင့်ဆိုသော် ဒေါ်နယ်ထရန့် သည် အာဏာရှင်များနှင့် ပေါင်းသင်းဆက်ဆံရန် အလုပ်များနေသလို၊ မိမိ မဟာမိတ်များအပေါ် စည်းကြပ်ခွန်များ ချမှတ်နှိပ်စက်ပြီး ၆ ရက်ကြာအောင် ပျောက်ဆုံးနေချိန်တွင်၊ ကျန်ကမ္ဘာ့နိုင်ငံများသည် မဟာမိတ်အသစ်များဖွဲ့နေကြပြီး သူတို့ကိုကြည့်ရသည်မှာ ကျွန်ုပ်တို့ အမေရိကန်များကို သူတို့အနေနှင့် မလိုအပ်တော့ဟု ထင်ရပေသည်။

ဒေါ်နယ်ထရန့်၏ ပထမသက်တမ်းအတွင်း အမေရိကန်သည် အရေးကြီးသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာ အခြားကဏ္ဍများမှ ဖယ်ထုတ်ခံထားရကြောင်း တွေ့ခဲ့ရပြီးဖြစ်သည် အဘယ်ကြောင့် ဆိုသော် ဒေါ်နယ်ထရန့် တက်ရောက်ရန် မထိုက်တန်သောကြောင့် ဖြစ်သည်။ ယခုအခါ ကျွန်ုပ်တို့သည် တူညီသောအရာများကို ပို၍မြင်လာကြသည်။ တရုတ်နိုင်ငံတွင်၊ သင့်ခြေထောက်ကို တုန်လှုပ်မသွားစေတာမျိုး မဟုတ်ဘဲ အမှန်တကယ်ပင် သင့်ကျောရိုးထဲတွင် အေးစိမ့်သွားစေသည့်အချက်မှာ အမေရိကန်၏ ကမ္ဘာ့လုံးဆိုင်ရာ ခေါင်းဆောင်မှု အယူအဆသည် သင်ထံတွင် တွယ်ကပ်နေဆဲကြောင့် ဖြစ်သည်။

တရုတ်သမ္မတ ရှီ၊ ရုရှားသမ္မတ ပူတင်နှင့် အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာမိုဒီ တို့သည် တရုတ်၊ ရုရှားနှင့် အိန္ဒိယ ခေါင်းဆောင်များအဖြစ် ရှန်ဟိုင်း၌ ကျင်းပသည့် အကြီးဆုံး ပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတွင် လက်ဆွဲ နှုတ်ဆက်ကာ ရယ်မောပျော်ရွှင်နေခဲ့ကြသည်။

၎င်းက ကြော်ငြာသည့် ဓာတ်ပုံတစ်ပုံတည်းအတွက် မဟုတ်ပါ။ ၎င်းက ခေါင်းဆောင်များ တစ်ယောက်နှင့် တစ်ယောက် ချိတ်ဆက်မိနေပြီဆိုသည့် အချက်ပင် ဖြစ်သည်။ ထရန့်ကို မလိုအပ်သလို ကျွန်ုပ်တို့ အမေရိကန်ကို စံပြဦးဆောင်နေရာတွင် မလိုအပ်ပါဆိုသည့် သဘောဖြစ်ပြီး ရက်စက်သည့် ထိုးနှက်ချက် ဖြစ်သည်။ ပူတင်သည် ထရန့် နှင့် တွေ့ဆုံပြီးနောက် မည်သည့်သဘောတူညီချက်ကိုမှ မပြုလုပ်ခဲ့သလို အချို့သောလူများက ထရန့်ကို ပင့်တင်ပေးပြီး ရိုက်ချခံရသည်ဟု ပုံသဏ္ဍာန်အားဖြင့် ပြောကြသည်၊

အမေရိကန်သည် ရုရှားရေနံကို ဆက်လက်ဝယ်ယူနေသည့်အတွက် အိန္ဒိယအပေါ် အခွန်တိုး၍ စည်းကြပ်ထားသောကြောင့် အိန္ဒိယသည် တရုတ်နှင့် ပိုမိုနီးကပ်လာခဲ့သည်။ တရုတ်နှင့် အိန္ဒိယသည် ကာလကြာရှည်စွာ ပြိုင်ဘက်များဖြစ်ခဲ့ပြီး အုံကြွမှု၏ ဝင်ရိုးတန်းဟု ခေါ်တွင်သောအုပ်စုတွင် ပါ၀င်ခဲ့သည်။ ထိုအုပ်စုတွင် အီရန်၊ တူရကီနှင့် အခြား အတိုင်းအတာတစ်ခုအထိ ဘီလာရုစ်နှင့် အခြားနိုင်ငံများ ပါဝင်ကြသည်။ တရုတ်နိုင်ငံသည် လစ်လပ်နေသော အာဏာ ပါဝါနေရာကို ဝင်ရောက် ဖြည့်တင်းလျက်ရှိသည်။

ရှီသည် ကမ္ဘာ့စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းဖြစ်သည့် ဖွံ့ဖြိုးရေးဘဏ်အသစ်ကို တရုတ်၏ GPS အစားထိုး အသုံးပြုခွင့်ဖြင့် ဖွင့်လှစ်လိုက်ပြီဟု ကြေညာခဲ့ပြီး ၎င်းတို့သည် နည်းပညာဆိုင်ရာအမေရိကန်စနစ်များကို အစားထိုးခြင်း၊ အမေရိကန်၏ အယူဝါဒဆိုင်ရာ ခေါင်းဆောင်မှုကို အစားထိုးခြင်း၊ ၎င်းတို့သည် အမေရိကန်၏ စီးပွားရေးအရ လွှမ်းမိုး ချုပ်ကိုင်မှုကိုလည်း အစားထိုးခဲ့ကြပါသည်။ အမေရိကန်အတွက် အကြီးမားဆုံး ထိုးနှက်ခံရမှုမှာ နိုင်ငံများက သူတို့ ပြောဆိုသည်တို့ကို နားထောင်နေကြခြင်းပင် ဖြစ်သည်။

ယခု မဟာမိတ်အဖွဲ့တွင် အာရှအလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းရှိ နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်သည်။

အထက်ပါ ပြောဆိုချက်သည် ပေ့ါကတ် ဟောပြောသူ လူသန်းချီကြည့်သည့် ဒေးဗစ် ပက်(က)မန် (David Pakman) ၏ အမေရိကန်နိုင်ငံရေးအပေါ်အမြင် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော