နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့ကို တိကျစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောကြား

ဒိုဟာ (Doha) မြို့မှာ ပေါက်ကွဲမှုဖြစ်ပြီး မကြာမီမှာပဲ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်းတို့အနေနဲ့ Shin Bet လုံခြုံရေးအေဂျင်စီနဲ့ ပူးပေါင်းပြီး ဟားမတ်စ်အဖွဲ့ရဲ့ “ အဆင့်မြင့်ခေါင်းဆောင်ပိုင်း” ကို “ တိကျစွာ ပစ်ခတ်တိုက်ခိုက်” ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ အဲဒီစစ်ဆင်ရေးကို ဘယ်နေရာမှာ လုပ်ဆောင်ခဲ့တယ်ဆိုတာကို တိတိကျကျ ဖော်ပြထားခြင်းမရှိပေမဲ့ ဂါဇာပြင်ပမှာ ဖြစ်နိုင်ကြောင်း ပြောဆိုထားပါတယ်။

“ ဟားမတ်စ်ခေါင်းဆောင်တွေဟာ အကြမ်းဖက်အဖွဲ့ရဲ့ စစ်ဆင်ရေးတွေကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ကြပြီး၊ အောက်တိုဘာ ၇ ရက်နေ့က ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ပွဲအတွက် တိုက်ရိုက်တာဝန်ရှိပါတယ်။ သူတို့ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်တဲ့ စစ်ပွဲကိုလည်း စီစဉ်ညွှန်ကြားခဲ့ကြပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာတာနိုင်ငံက အစ္စရေးသည် ဟားမတ်စ်နိုင်ငံရေးဗျူရိုမှ အဖွဲ့ဝင်များ နေထိုင်သည့် ကာတာနိုင်ငံတွင်းရှိ လူနေအဆောက်အအုံများကို ပစ်မှတ်ထားခဲ့သည်ဟု ပြောကြားခဲ့သည်။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် မာဂျက် အယ်လ် အန်ဆာရီ (Majed Al Ansari) က ဤတိုက်ခိုက်မှုကို “ သူရဲဘောကြောင်သော” နှင့် “ ပြစ်မှုကျူးလွန်သော တိုက်ခိုက်မှု” အဖြစ် ရှုတ်ချခဲ့ပြီး “ နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများကို ထင်ထင်ရှားရှား ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ဆိုခဲ့သည်။

ဒိုဟာမြို့ကို အစ္စရေးက တိုက်ခိုက်မှုအပေါ် ဂျော်ဒန်နိုင်ငံ ရှုတ်ချ

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးရဲ့ ဒိုဟာမြို့ကို တိုက်ခိုက်မှုဟာ “ နိုင်ငံတကာဥပဒေကို ထင်ထင်ရှားရှား ချိုးဖောက်ခြင်း” ဖြစ်ကြောင်း ရှုတ်ချပြောဆိုပြီး အကြမ်းဖက်မှုအပေါ် ပြန်လည်တုံ့ပြန်ဖို့ ကာတာက ဆုံးဖြတ်ခဲ့ရင် ၎င်းတို့အနေနဲ့ ရပ်တည်ပေးသွားမယ်လို့ ၎င်းရဲ့ X (ယခင် Twitter) အကောင့်မှာ ရေးသားခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန်ဆဖာဒီ (Ayman Safadi) က “ ကျွန်တော်တို့အနေနဲ့ ကာတာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီနောင်တွေနဲ့အတူ ရပ်တည်ပါတယ်။ ဒီရန်စမှုအပေါ်နဲ့ သူတို့ရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ သူတို့လုပ်ဆောင်မယ့် ဘယ်လိုခြေလှမ်းမျိုးကိုမဆို ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို အပြည့်အဝရှိကြောင်း ဖော်ပြပါတယ်” လို့ ရေးသားခဲ့ပါတယ်။

“ နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီက အစ္စရေးကို ဟန့်တားဖို့နဲ့ ရန်စမှုတွေကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ ခြေလှမ်းတွေကို မလုပ်ဆောင်သေးသရွေ့ အစ္စရေးဟာ သူ့ရဲ့ရန်စမှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေကို ဆက်လက် လုပ်ဆောင်နေဦးမှာပဲ ဖြစ်ပါတယ်” လို့လည်း သူက ဆက်လက်ပြောကြား ခဲ့ပါတယ်။

ဒိုဟာမြို့ရှိ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံ

ဤဓာတ်ပုံသည် ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် ဟားမတ်စ်ခေါင်းဆောင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို ပြသထားသည်။(ဓါတ်ပုံ)

A damaged building following an Israeli attack on Hamas leaders in Doha, Qatar, on Tuesday.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ