နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့ကို တိကျစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောကြား

ဒိုဟာ (Doha) မြို့မှာ ပေါက်ကွဲမှုဖြစ်ပြီး မကြာမီမှာပဲ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်းတို့အနေနဲ့ Shin Bet လုံခြုံရေးအေဂျင်စီနဲ့ ပူးပေါင်းပြီး ဟားမတ်စ်အဖွဲ့ရဲ့ “အဆင့်မြင့်ခေါင်းဆောင်ပိုင်း” ကို “တိကျစွာ ပစ်ခတ်တိုက်ခိုက်” ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ အဲဒီစစ်ဆင်ရေးကို ဘယ်နေရာမှာ လုပ်ဆောင်ခဲ့တယ်ဆိုတာကို တိတိကျကျ ဖော်ပြထားခြင်းမရှိပေမဲ့ ဂါဇာပြင်ပမှာ ဖြစ်နိုင်ကြောင်း ပြောဆိုထားပါတယ်။

“ဟားမတ်စ်ခေါင်းဆောင်တွေဟာ အကြမ်းဖက်အဖွဲ့ရဲ့ စစ်ဆင်ရေးတွေကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ကြပြီး၊ အောက်တိုဘာ ၇ ရက်နေ့က ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ပွဲအတွက် တိုက်ရိုက်တာဝန်ရှိပါတယ်။ သူတို့ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်တဲ့ စစ်ပွဲကိုလည်း စီစဉ်ညွှန်ကြားခဲ့ကြပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာတာနိုင်ငံက အစ္စရေးသည် ဟားမတ်စ်နိုင်ငံရေးဗျူရိုမှ အဖွဲ့ဝင်များ နေထိုင်သည့် ကာတာနိုင်ငံတွင်းရှိ လူနေအဆောက်အအုံများကို ပစ်မှတ်ထားခဲ့သည်ဟု ပြောကြားခဲ့သည်။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် မာဂျက် အယ်လ် အန်ဆာရီ (Majed Al Ansari) က ဤတိုက်ခိုက်မှုကို “သူရဲဘောကြောင်သော” နှင့် “ပြစ်မှုကျူးလွန်သော တိုက်ခိုက်မှု” အဖြစ် ရှုတ်ချခဲ့ပြီး “နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများကို ထင်ထင်ရှားရှား ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ဆိုခဲ့သည်။

ဒိုဟာမြို့ကို အစ္စရေးက တိုက်ခိုက်မှုအပေါ် ဂျော်ဒန်နိုင်ငံ ရှုတ်ချ

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးရဲ့ ဒိုဟာမြို့ကို တိုက်ခိုက်မှုဟာ “နိုင်ငံတကာဥပဒေကို ထင်ထင်ရှားရှား ချိုးဖောက်ခြင်း” ဖြစ်ကြောင်း ရှုတ်ချပြောဆိုပြီး အကြမ်းဖက်မှုအပေါ် ပြန်လည်တုံ့ပြန်ဖို့ ကာတာက ဆုံးဖြတ်ခဲ့ရင် ၎င်းတို့အနေနဲ့ ရပ်တည်ပေးသွားမယ်လို့ ၎င်းရဲ့ X (ယခင် Twitter) အကောင့်မှာ ရေးသားခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန်ဆဖာဒီ (Ayman Safadi) က “ကျွန်တော်တို့အနေနဲ့ ကာတာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီနောင်တွေနဲ့အတူ ရပ်တည်ပါတယ်။ ဒီရန်စမှုအပေါ်နဲ့ သူတို့ရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ သူတို့လုပ်ဆောင်မယ့် ဘယ်လိုခြေလှမ်းမျိုးကိုမဆို ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို အပြည့်အဝရှိကြောင်း ဖော်ပြပါတယ်” လို့ ရေးသားခဲ့ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီက အစ္စရေးကို ဟန့်တားဖို့နဲ့ ရန်စမှုတွေကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ ခြေလှမ်းတွေကို မလုပ်ဆောင်သေးသရွေ့ အစ္စရေးဟာ သူ့ရဲ့ရန်စမှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေကို ဆက်လက် လုပ်ဆောင်နေဦးမှာပဲ ဖြစ်ပါတယ်” လို့လည်း သူက ဆက်လက်ပြောကြား ခဲ့ပါတယ်။

ဒိုဟာမြို့ရှိ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံ

ဤဓာတ်ပုံသည် ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် ဟားမတ်စ်ခေါင်းဆောင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို ပြသထားသည်။(ဓါတ်ပုံ)

A damaged building following an Israeli attack on Hamas leaders in Doha, Qatar, on Tuesday.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက