နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်တော်ရှိ ကိုယ်ပိုင်ကျောင်းတခုကို စစ်တပ် လေကြောင်းဗုံးကြဲ၊ ကျောင်းသား/သူတွေနဲ့ ကလေးတွေအပါအဝင် (၁၈)ဦးသေဆုံး

စက်တင်ဘာလ (၁၂)ရက်။

ဒီကနေ့ နံနက် (၁)နာရီကျော်အချိန်က ကျောက်တော်မြို့ သရက်တပင်ရွာထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နံနက်အစောပိုင်း (၁)နာရီ (၅)မိနစ်လောက်မှာ သရက်တပင်ရွာထဲကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံးလာကြဲသွားတာ။ လာကြဲသွားတဲ့ဗုံးက ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ အရှေ့တည့်တည့်ကို ကျသွားတာ” လို့ ဆိုပါတယ်။

စစ်တပ်က သရက်တပင်ရွာထဲကို ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာကြောင့် ရွာထဲရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို ကျရောက်ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ အထက်တန်းကျောင်းက ကျောင်းသူ/ကျောင်းသားတွေနဲ့ အနီးဝန်းကျင်က ကလေးငယ်တွေအပါအဝင် (၁၈)ဦး သေဆုံးခဲ့ပြီး (၂၀)ကျော် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေ‌ အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမယ်လို့လဲ AA က ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 26 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 35 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 36 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 32 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 28 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 31 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 31 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 29 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့